Skip to main content

၅ မိနစ်စာ Product Roadmap

Product တစ်ခုစလုပ်ရင် အလိုအပ်ဆုံးက Product Roadmap လို့ပြောလို့ရမယ်။ Product Roadmap က မိမိ လုပ်မယ့် Product အကြောင်း Overview ပြောပြပေးနိုင်သလို၊ မိမိ Product Goal တွေကို ဘယ်လိုရောက်အောင် လျှောက်မလဲဆိုတာကို ချပြပေးလို့ပါပဲ။ Product Roadmap မရှိရင် ကိုယ်ထင်ရာ လုပ်မိနေနိုင်ပြီး မိမိ Goals တွေကို လက်လှမ်းမမှီနိုင်ဖြစ်သွားလိမ့်မယ်။ Product Roadmap ရှိတော့ ကိုယ့် Team Member တွေဖြစ်ဖြစ်၊ CEO ဒါမှမဟုတ် Investor တွေနဲ့ပဲပြောပြော အသုံးဝင်ပါလိမ့်မယ်။


ဒါဆို Product Roadmap ဘယ်လိုဆွဲရမလဲလို့မေးမယ်။ အလုပ်အဖြစ်ဆုံး Product Roadmap Template ဆိုပြီးတော့မရှိပါဘူး။ မိမိ Roadmap ကို ကြည့်မယ့်လူပေါ်မူတည်ပြီး Roadmap ဒီဇိုင်းတွေကပြောင်းလဲရပါမယ်။ ဥပမာ… CEO က Timeline တွေနဲ့ ဘယ်နေ့ဘာ Feature ပြီးမှာလဲကို ကြည့်ချင်နေတဲ့အချိန် ကိုယ်က Feature List ပဲ သွားပြလို့မရပါဘူး။ Template မရှိပေမယ့် ဒီနေရာမှာ Share ပေးချင်တာက ကျွန်တော့် အတွက် အလုပ်ဖြစ်ခဲ့တဲ့ Roadmap Key Components တွေနဲ့ တခြား popular ဖြစ်တဲ့ Product Roadmap တွေကို ဝေမျှပေးသွားပါမယ်။

Product Roadmap မှာ အတွေ့အများဆုံးက Quarterly Roadmap (Q1, Q2, Q3, Q4) နဲ့ Now-Next-Later Roadmap တို့ပါဘဲ။
Roadmap ထဲ ထည့်သင့်တဲ့ Key Components တွေက အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ Product Vision 
Product Roadmap ရဲ့ အစ Vision ကပါ။ မိမိ ထုတ်မယ့် Product က Consumer ကို ဘာတွေလုပ်ပေးမှာ စသဖြင့်ပေါ်။ ဉပမာ… Instagram ရဲ့ Product Vision က “To Capture and Share the world’s moments.” Product Vision က ကျွန်တော်တို့ Product ရဲ့ Vision or Purpose ဖြစ်သလို Team တစ်ခုလုံးရဲ့ လုပ်ဆောင်ချက်တွေကို Guide လုပ်သွားမယ့် North Star တစ်ခုလည်းဖြစ်ပါတယ်။

၂။ Themes 
Product Themes/ Features တွေက Vision ပေါ်လိုက်ပြီး ထွက်လာပါလိမ့်မယ်။ အဓိကက Vision ကို Align ဖြစ်ဖို့ လုပ်ဆောင်ရမယ့် Task တွေပါပဲ။ အသေးစိတ်တော့ထည့်စရာမလိုပါဘူး။ ဉပမာ…”Customer တွေအတွက် လွယ်ကူတဲ့ Payment Integration တစ်ခုထည့်မယ်” စသဖြင့်ပေါ့။ အရမ်းလည်း အသေးမစိတ်သလို၊ အရမ်းလည်း General မဆံပါဘူး။

၃။ Business Objectives 
အပေါ်က Themes တွေထွက်လာပြီဆိုရင် Themes တွေမှာ Business Objectives တွေထည့်သင့်ပါတယ်။ အဓိကက မိမိတို့ မျှော်လင့်မယ့် Outcomes တွေပေါ့။ ဒီ Task တစ်ခုကိုလုပ်လိုက်ရင် Revenue ဘယ်လောက်မြင့်သွားမလဲ စသဖြင့်ပေါ့။ Business Objectives တွေရှိတော့ CEO, Stakeholders တွေအတွက် ချုံငုံလေ့လာလို့ရသွားပါလိမ့်မယ်။

၄။ Timeframes 
Product Roadmap မှာ Timeframe တစ်ခုလည်း အကျဉ်းချုံးရှိသင့်ပါတယ်။ ကျွန်တော်အပေါ်မှာပြောပြထားတဲ့ Querterly ဖြစ်ဖြစ်၊ Now-Next-Later ဖြစ်ဖြစ်ထည့်ပေးသင့်ပါတယ်။ Timeframe တွေ မပါဘူးဆိုရင် တကယ့် realistic ဖြစ်တဲ့ Roadmap တစ်ခုလို့ပြောလို့ရမယ်မထင်ဘူး။ Top Management ကလည်း ဒီအချက်ကို သင့်ဆီက သေချာပေါက် မေးမှာ / တောင်းမှာ မယုံမရှိပါနဲ့။ ဒါပေမယ့် တခုသတိထားရမှာက အသေးစိတ် Timeframe တွေဖြစ်နိုင်ရင် မထည့်လို့ပါပဲ။ ဥပမာ - ဒီ Feature ကို နောက်လကုန် အပြီးတို့ စသဖြင့်ပေါ့။ မလိုအပ်ပဲ Deadline အသေးစိတ်တွေ ထည့်ဖြစ်ရင် တကယ် Implement လုပ်မယ့် Team တွေအတွက် More Pressure ဖြစ်နိုင်ပါတယ်။ ကျွန်တော်ကတော့ Now-Next-Later ကို အသုံးများပါတယ်။

၅။ Disclaimer 
ကျွန်တော်တို့ရဲ့ Product Roadmap တွေဟာ တစ်နှစ်မှာတစ်ခါထဲ ဆွဲရတာမဟုတ်ပါဘူး။ Competitor ပေါ်မူတည်ပြီး၊ Company Vision ပေါ်မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။ ဒါကြောင့် အမြဲတမ်း မှတ်ချက်လေးတွေထည့်ထားသင့်ပါတယ်။ ဥပမာ… ဘယ်နေ့က နောက်ဆုံး Update လုပ်ထားသလဲတို့၊ ဒီ Roadmap ကပြောင်းလဲနိုင်ပါသေးတယ်... စသဖြင့် မှတ်ချက်ရေးထားသင့်ပါတယ်။

Key Components တွေက ဒီလောက်ပါပဲ။ မြင်သာသွားအောင် ကျွန်တော် ဥပမာတစ်ခုဆွဲပြပေးထားတယ်။

Note: For Illustration Purposes Only.

နောက်ထပ် ရေပန်းစားတဲ့ Product Roadmap တွေကြည့်ချင်ရင် အောက်မှာ ထပ်လေ့လာလို့ရတယ်ဗျ။
Github Product Roadmap

Buffer Product Roadmap

နိဂုံးချုပ်ရရင် Roadmap တစ်ခုမှာ Template မရှိသလို၊ ဘယ်သူမှန်လဲ မှားလဲ မရှိပါဘူး။ အဓိက သတိထားသင့်တာက Roadmap ကို သုံးမယ့် Stakeholders တွေအတွက် အဓိကရည်ရွယ်ပြီး သူတို့ စိတ်ဝင်စားမယ့် Components တွေကိုပဲ ထည့်ပေးသင့်ပါတယ်။ နောက်တစ်ခုက Roadmap တစ်ခုက ကိုယ့်ရဲ့ Team Member တွေကိုလည်း Inspire or Motivate ဖြစ်သင့်ပြီးတော့ “Everyone is All Aligned” ဖြစ်ဖို့ ကြိုးစားသင့်ပါတယ်။

မိတ်ဆွေတို့ရဲ့ ထင်မြင်ယူဆချက်နဲ့ အတွေ့အကြုံတွေကိုလည်း မျှဝေဖို့ တောင်းဆိုပါတယ်။
----
နောက်ထပ် ဖတ်ချင်တဲ့ Topic တွေရှိရင်လည်း ဒီ Google Form ကနေတဆင့် အကြံပေးနိုင်ပါတယ်။ ProductBaze မှ Product သမားအချင်းချင်း idea တွေ၊ knowledge နဲ့ experience တွေ share ဖို့ နွေးနွေးထွေးထွေးဖိတ်ခေါ်ပါတယ်။ ProductBaze အကြောင်း (၁) မိနစ်စာ မိတ်ဆက် post ကို ဒီ Link မှာ ဖတ်လို့ရပါတယ်။ ProductBaze ကို ဆက်သွယ်ချင်ရင် productbaze@gmail.com သို့ ပေးပို့ ဆက်သွယ်နိုင်ပါတယ်။

Comments

Popular Posts

SMART Goal ဘယ်လိုတည်ဆောက်မလဲ

Personal အတွက်ဖြစ်စေ၊ လုပ်ငန်းခွင်မှာဖြစ်စေ.. ရည်မှန်းချက်ကြီးမားတာ ကောင်းပေမယ့် ကိုယ်စိတ်ကူး ပေါ်ရာ ကိုယ်ဖြစ်ချင်ရာ ရည်မှန်းချက်တွေ ရမ်းသမ်းချမှတ်တာက လက်တွေ့မကျတဲ့၊ ချသာ ချမှတ်ထားပြီး အသုံးမဝင် Effective မဖြစ်တဲ့ ရည်မှန်းချက်တွေ ဖြစ်နေနိုင်ပါတယ်။ မဖြစ်နိုင်တဲ့ Goal နောက်ကိုလိုက်ရင်း ရင်းနှီးမြှုပ်နှံရတဲ့ အချိန်တွေ၊ ငွေကြေးတွေ၊ Resource တွေလည်း ဆုံးရှုံးမှုတွေဖြစ်စေနိုင်ပါတယ်။ “SMART Goal ဖြစ်ဖို့တော့ လိုမယ်နော်” ဆိုတဲ့ စကားမျိုး ကြားဖူးကြပါလိမ့်မယ်။ SMART Goal ဆိုတဲ့ concept ကို စီးပွားရေးလောက၊ Marketing အပြင် နယ်ပယ်အသီးသီးမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုကြပါတယ်။ SMART Goal ဆိုတာ တိုတိုပြောရရင် တိကျရှင်းလင်းပြီး လက်တွေ့ကျတဲ့ Goal တွေချမှတ်ခြင်းလို့ ပြောနိုင်ပါတယ်။ မိမိ Business အတွက်၊ Product အတွက်၊ Team အတွက်၊ Personal အတွက် Goal တွေ ချမှတ်တဲ့အခါ လက်တွေ့ဖြစ်နိုင်ချေရှိတဲ့ ရည်မှန်းချက်ကို သေချာသတ်မှတ်ပေးနိုင်တဲ့ SMART Objective နည်းလမ်းကို သုံးကြည့်သင့်ပါတယ်။ SMART Goal ဆိုတာက ကိုယ့်ချမှတ်ရေးဆွဲမယ့် Goal တွေက S (Specific) - ဘာကိုရရှိအောင်လုပ်မယ်ဆိုတာ တိတိကျကျဖြစ်ရမယ် M (

Cross-Functional Team အကြောင်း တစေ့တစောင်း

Cross-functional Team ဆိုတာ အပြောလည်းများသလို အသုံးလည်းများပါတယ်။ Product Team တွေမှာလည်း Cross-functional Team ပုံစံကို တော်တော်များများ အသုံးပြုကြပါတယ်။ ProductBaze ဆောင်းပါးအချို့မှာလည်း ထည့်ရေးဖူးပြီး၊ Product Squad ဆောင်းပါးမှာ Squad တည်ဆောက်ပုံက Cross-functional Team ပုံစံကို အခြေခံတဲ့အကြောင်းရေးရင်းနဲ့ Cross-functional Team အကြောင်းလေးကိုပါ မိတ်ဆက်ပေးဖို့ ဖြစ်လာပါတယ်။ ပုံမှန် Organization တွေမှာ Department တွေ, Team တွေက လုပ်ငန်းသဘောသဘာဝ တူညီရာ (Tech, Marketing, Sales, Operation…) စသဖြင့် အသီးသီး ဖွဲ့စည်းထားကြပြီး ဖွဲ့စည်းပုံကလည်း အထက်ကနေ အောက် Hierarchy အတိုင်းဖြစ်ကြပါတယ်။ Decision တစ်ခုလိုအပ်ရင်လည်း Hierarchy အတိုင်း အပေါ်ကို ပြန်တက်ပြီး Request လုပ်ကြရသလို၊​ Company တစ်ခုထဲက Team အသီးသီးက အခြား Department တွေ ဘာလုပ်နေလဲဆိုတာ သိဖို့ ထင်သလောက် မလွယ်ကူပါဘူး။ Silos Team (တသီးတသန့် အလုပ်လုပ်တဲ့ Team) တွေ ဖြစ်လာပြီး Direction တွေ ညှိရခက်တတ်ပါတယ်။ Cross-functional Team ဆိုတာက Organization ထဲမှာ ကျွမ်းကျင်မှုမတူ (သို့မဟုတ်) ဌာနမတူတဲ့ လူတွေကို Team အနေနဲ့ဖွဲ့ပေးပြီး Project တစ်

ကိုယ့် Boss ကို ဘယ်လို Manage လုပ်မလဲ

“Manage My Boss” ဆိုတဲ့ ခေါင်းစဉ်ကြီးဖတ်လိုက်ရလို့ တမျိုးကြီးဖြစ်သွားမယ်ထင်ပါတယ်။ သို့ပေမယ့် ကျွန်တော် အခုပြောပြမယ့် “How to Manage your Boss” က Management အကြောင်း လေ့လာတဲ့အခါတွေမှာလည်း ပါဝင်လေ့ရှိသလို အပြင်လုပ်ငန်းခွင်မှာလည်း တကယ်အရေးပါတဲ့ ကိစ္စရပ်ပါပဲ။ ကိုယ်ကိုယ်တိုင်က Middle Management Level လို့ပြောကြတဲ့ Manager ဖြစ်နေမယ်၊ ကိုယ့်အောက်မှာ Team Members တွေရှိသလို၊ ကိုယ့်အပေါ်မှာလည်း ကိုယ် Report လုပ်ရတဲ့ Senior Manager သော်လည်းကောင်း၊ Head သော်လည်းကောင်း၊ C-Level သော်လည်းကောင်း ကိုယ့် Boss ရှိမယ်ပေ့ါ။ Management Term အရဆိုရင် ကိုယ့် Team ကို Manage လုပ်ရတာကို “Managing Down” or “Downward Management” လို့ ခေါ်ပြီး၊ ကိုယ့် Boss ကို Manage လုပ်တာကို “Managing Up” or “Upward Management”လို့ခေါ်ပါတယ်။ အဲ့တော့ အခုဆွေးနွေးမှာက Upward Management အကြောင်းပါ။ အိုကေ… ကိုယ့် Boss ကို ဘယ်လို Manage လုပ်တာလဲ??? ကိုယ်က Manage လုပ်ခံရမှာမဟုတ်ဘူးလား??? ကိုယ့်အတွက်ရော ဘယ်လို အကျိုးရှိမှာလဲ??? “Boss ကို Manage လုပ်တယ်ဆိုတာ ဘာလဲ” ကနေ စရအောင်ပါ။ Boss ကို Manage လုပ်တဲ့ အဓိက Goal က Boss ကို အပြည

အသုံးများတဲ့ Product Testing တွေ

Webinar တစ်ခုမှာ Product Testing တွေအကြောင်းထည့်ပြောတော့ နောက်ဆုံးအမေးအဖြေအချိန်မှာ အမေးခံရဖူးတာလေး မှတ်မှတ်ရရရှိလို့ပါ။ “A/B Testing ဆိုတာ Alpha Testing, Beta Testing ကို ပြောတာလား” ဆိုတဲ့ မေးခွန်းပါ။ သိတဲ့သူအတွက်တော့ ဘာမှမဆိုင်တဲ့ Testing တွေမှန်း တန်းသိနိုင်ပေမယ့် တစ်ဖက်မှာလည်း မေးလည်းမေးချင်စရာ အခေါ်အဝေါ်က ခပ်ဆင်ဆင်တူနေတာကိုးလို့ တွေးမိပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ မကြာမကြာလည်း ပြောဖြစ်ကြပြီး၊ အသုံးလည်းများ၊ အသုံးလည်းဝင်တဲ့ Alpha Testing, Beta Testing နဲ့ A/B Testing တို့အကြောင်းကို တီးမိခေါက်မိအောင် ရေးချင်ပါတယ်။ Feature Development တွေပြီးတဲ့အခါ Product Owner နဲ့ Development Team တွေ User Acceptance Testing (UAT) ကို အတူတကွ ပြုလုပ်ကြပါတယ်။ QA က အဓိက Test တာဖြစ်နိုင်ပေမယ့် အားလုံးက ပူးပေါင်းလုပ်ဆောင်ကြရတာပါ။ Product (သို့) Feature က UAT လည်းပြီးပြီ၊ Release လုပ်တော့မယ်လို့ စ Plan တဲ့အခါ Alpha Testing နဲ့ Beta Testing အခန်းကဏ္ဍဆီ ရောက်ပါတယ်။ Alpha Testing Alpha Testing ဆိုတာ လွယ်လွယ်ပြောရရင် ကိုယ့်လူနဲ့ကိုယ် အရင်စမ်းသပ်တဲ့ Testing အမျိုးအစားပါ။ မိမိရဲ့ Software