Skip to main content

ကိုယ့် Boss ကို ဘယ်လို Manage လုပ်မလဲ



“Manage My Boss” ဆိုတဲ့ ခေါင်းစဉ်ကြီးဖတ်လိုက်ရလို့ တမျိုးကြီးဖြစ်သွားမယ်ထင်ပါတယ်။ သို့ပေမယ့် ကျွန်တော် အခုပြောပြမယ့် “How to Manage your Boss” က Management အကြောင်း လေ့လာတဲ့အခါတွေမှာလည်း ပါဝင်လေ့ရှိသလို အပြင်လုပ်ငန်းခွင်မှာလည်း တကယ်အရေးပါတဲ့ ကိစ္စရပ်ပါပဲ။

ကိုယ်ကိုယ်တိုင်က Middle Management Level လို့ပြောကြတဲ့ Manager ဖြစ်နေမယ်၊ ကိုယ့်အောက်မှာ Team Members တွေရှိသလို၊ ကိုယ့်အပေါ်မှာလည်း ကိုယ် Report လုပ်ရတဲ့ Senior Manager သော်လည်းကောင်း၊ Head သော်လည်းကောင်း၊ C-Level သော်လည်းကောင်း ကိုယ့် Boss ရှိမယ်ပေ့ါ။ Management Term အရဆိုရင် ကိုယ့် Team ကို Manage လုပ်ရတာကို “Managing Down” or “Downward Management” လို့ ခေါ်ပြီး၊ ကိုယ့် Boss ကို Manage လုပ်တာကို “Managing Up” or “Upward Management”လို့ခေါ်ပါတယ်။ အဲ့တော့ အခုဆွေးနွေးမှာက Upward Management အကြောင်းပါ။


အိုကေ… ကိုယ့် Boss ကို ဘယ်လို Manage လုပ်တာလဲ???
ကိုယ်က Manage လုပ်ခံရမှာမဟုတ်ဘူးလား???
ကိုယ့်အတွက်ရော ဘယ်လို အကျိုးရှိမှာလဲ???

“Boss ကို Manage လုပ်တယ်ဆိုတာ ဘာလဲ” ကနေ စရအောင်ပါ။
Boss ကို Manage လုပ်တဲ့ အဓိက Goal က Boss ကို အပြည့်အဝ Support လုပ်ဖို့ဖြစ်ပါတယ်။ ဘာကြောင့် Support လုပ်ရမှာလဲ ဆိုရင်တော့ သူရော၊ ကိုယ်ရောအတွက်ပါ။ ကိုယ့် Boss အောင်မြင်ရင်၊ သူ့ရဲ့အထက်လူကြီးတွေရှေ့မှာ ပွဲလည်တင့်ရင် သူနဲ့ တစ် Team ထဲ ကိုယ်တွေအတွက်လည်း အောင်မြင်တာပါပဲ။ ဒါ့အပြင် ကိုယ့် Boss နဲ့ Relationship ကောင်းတည်ဆောက်နိုင်ပြီး၊ Micro-Management လုပ်ခံရခြင်းကနေ ဝေးစေနိုင်ပါတယ်။ ရေရှည် Project ကောင်းကောင်းတွေ အဆင်ပြေပြေ တွဲလုပ်နိုင်မယ်။ ရှေ့တက်လမ်းအတွက်လည်း အထောက်အပံ့ကောင်း ဖြစ်လာနိုင်ပါသေးတယ်။

ချုံပြောရရင် ကိုယ့် Boss ကို Manage လုပ်တယ်ဆိုတာ ပထမဆုံးသူ့ကို Support ကောင်းကောင်းလုပ်မယ်၊ သူနဲ့ Relationship တစ်ခုတည်ဆောက်မယ်၊ သူ ကိုယ့်အပေါ်မြင်တဲ့ အမြင်တွေကို အကောင်းဘက် ပြောင်းလဲလာအောင်လုပ်မယ် ဆိုတဲ့ အချက်တွေပါပဲ။

Boss ကို Manage လုပ်တယ်ဆိုတာဘာလဲ ကိုသိပြီးရင် ဘယ်လိုလုပ်မလဲဆိုတာကို ဆွေးနွေးကြည့်ရအောင်။ ဘယ်လို Manage လုပ်မလဲဆိုတာမှာ အများကြီးတော့ မပြောတော့ဘူး။ အဓိက ကျွန်တော့်အမြင် နှစ်ချက်ကို ဝေမျှချင်ပါတယ်။

ပထမအချက်က – ကိုယ့် Boss ကနေ ကိုယ့်ကို Delegate လုပ်ရလွယ်အောင် လုပ်ပေးပါ။ ကိုယ်က Manager တစ်ယောက်ဖြစ်နေပြီ၊ Manager တစ်ယောက်ဆိုတဲ့အတိုင်း ကိုယ့် Team အပေါ်ပဲဖြစ်ဖြစ်၊ Task အပေါ်ပဲဖြစ်ဖြစ် Decision ချရတာတွေရှိမယ်။ အဲ့ဒီအချိန် Decision တိုင်းကို Boss ဆီက Approval ယူနေတယ်ဆိုရင် ရေရှည် နှစ်ယောက်လုံးပင်ပန်းမယ်။ အဲ့အစား “Be Confident” ကိုယ် ချနိုင်တဲ့ Decision ချ၊ ပြီးတော့မှ Boss ကို Summary တင်ပြတာ ပို အလုပ်သွက်သလို၊ ကိုယ့် Boss နဲ့ Relationship တစ်ခု တည်ဆောက်ပြီးသားလည်း ဖြစ်စေပါတယ်။

လူဆိုတာ အမှားနဲ့မကင်းနိုင်ပါဘူး။ အပေါ်က ပြောသလို Decision ကိုယ့်ဘာသာကိုယ် ချ လိုက်တယ်၊ ပြီးတော့ Issues တွေတတ်ကုန်တယ်ဆိုရင်ကော? ကျွန်တော် Manager စဖြစ်ခါစက ပြဿနာတက်ရင် Boss ကိုချဉ်းကပ်ပြီး လုပ်ပါဦးလို့ အကူအညီတောင်းလေ့ရှိတယ်။ အခုပြန်စဉ်းစားကြည့်တော့ အဲ့အပြုအမူမျိုးက တော်တော်မှားပါတယ်။ Manager တစ်ယောက်တာဝန်ယူပြီးကတည်းက ကိုယ့် အမှိုက်ထုပ် ကိုယ်ရှင်းဖို့ ကြိုးစားရမှာကို သတိမဝင်ခဲ့မိဘူး။ ဒါက ကိုယ့် Bossရဲ့ ကိုယ့်အပေါ် ယုံကြည်မှုတွေ၊ အားကိုးမှုတွေ လျော့သွားစေနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော့်လို အမှားမျိုးတော့ မကျူးလွန်မိဖို့တော့ အကြံပေးချင်ပါတယ်။

နောက်တစ်ခုက ချသင့်တဲ့ Decisioin ချဆိုရာမှာ ကိုယ့် Boss ရဲ့ ကြိုက်နှစ်သက်တဲ့ Working Style ကိုလည်း လေ့လာဖို့ မမေ့ပါနဲ့။ Boss လို့ပြောရင် Micro-Manage လုပ်တတ်တဲ့ Boss တွေရှိသလို၊ Macro-Manage လုပ်တာကို ကြိုက်တဲ့ Boss တွေလည်း ရှိတတ်ပါတယ်။ Micro-Manage လုပ်တတ်တဲ့ Boss ဆိုရင်တော့ အရင်ဆုံး သူ့ကို ပုံမှန် Report တင်၊ သူလုပ်စေချင်တာတွေကို Attention လုပ်၊ လက်ရှိအခြေအနေကို သူသိအောင် ပြောပြီး Adapt လုပ်ရပါမယ်။ သူ့ဆီကနေ Trust နဲ့ Respect ကို အရယူနိုင်လာရင် Micro-Manage လုပ်တာလည်း လျော့လာပါလိမ့်မယ်။ နဂိုတည်းက Macro-Manage ပုံစံသွားတဲ့ Boss တွေဆိုရင်တော့ ကိုယ့်ရဲ့ Daily Task တွေ အသေးစိတ် သွားပြောနေတာထပ်၊ Project Overview Status တွေ Update လုပ်တာ၊ Project ကို Support လုပ်သွားမယ့် Plan နဲ့ Vision အကြောင်းတွေ ဆွေးနွေးတာက ပိုကောင်းပါလိမ့်မယ်။

ပထမအချက်ကို အတိုချုပ်ရရင် ကိုယ့် Boss အကြောင်းသိအောင်အရင်လုပ်၊ ပြီးရင် ကိုယ့် Taskတွေ၊ Decision တွေကို သူ့ဝန်ဖြစ်အောင်မလုပ်မိဖို့၊ အမြဲ Boss နဲ့ Keep-in-touch (Report) လုပ်ဖို့ ကြိုးစားပြီး ကောင်းမွန်တဲ့ Work Relationship တစ်ခုရအောင် တည်ဆောက်သင့်ပါတယ်။

ဒုတိယတချက်ကတော့ ကိုယ့် Boss အနားမှာ လိုတဲ့အချိန် သူ့ကို ကူညီနိုင်တာ ကူညီပေးဖို့ပါ။ သူ ဘာအခက်အခဲတွေရှိလဲ Formal ကော၊ Informal ကော မေးပါ။ ကိုယ် ကူညီနိုင်မယ့် အခက်အခဲတွေတွေ့ရင် သူလာပြောတဲ့အထိမစောင့်ဘဲ ကိုယ်က Proactive ဖြစ်ပြီး အရင်ချဥ်းကပ်ပါ။ Boss နဲ့ Relationship ကောင်းရှိခြင်းက ကိုယ့် နေ့စဥ်အလုပ်တွေမှာလည်း အဆင်ပြေချောမွေ့စေသလို၊ Career တက်လမ်းမှာလည်း အထောက်အကူရနိုင်ပါသေးတယ်။ ဒီမှာတစ်ခုသတိထားရမှာက သူ့အခက်အခဲတွေကို ကူညီရာမှာ ကိုယ်က Annoy လုပ်တဲ့လူ မဖြစ်သွားဖို့ပါ။ ကိုယ်က သွားပြီး ဒါလုပ်ပေးမယ် ဒီလိုလုပ်လိုက်မယ်ဆိုတာထပ် တစ်ခုခုကူညီသင့်တယ်ထင်ရင် သူ့ကို အရင်မေး၊​ သူစဉ်းစားနေတာတွေကို နားထောင်ပြီးမှ အကြံဉာဏ်ဖြစ်စေ၊ အကူအညီဖြစ်စေ ပေးခြင်းက ပိုကူညီရာ ရောက်ပါလိမ့်မယ်။

အဓိက ဒီနှစ်ချက်ကို Try ကြည့်မယ်ဆိုရင် မိတ်ဆွေ၊ သင်ဟာ Good Manager တစ်ယောက်အနေနဲ့ Upward Management ကို လုပ်ဆောင်တာပဲဖြစ်ပါတယ်။ နောက်ဆုံးတစ်ခု ဝေမျှချင်တာကတော့ “Only invest in a Boss that you respect” ပါ။ မဟုတ်ရင် Manager တစ်ယောက်ရဲ့ Career မှာ အချိန်ဖြုန်းရာကျပါလိမ့်မယ်။

ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

==============

နောက်ထပ် ဖတ်ချင်တဲ့ Topic တွေရှိရင်လည်း ဒီ Google Form ကနေတဆင့် အကြံပေးနိုင်ပါတယ်။ ProductBaze မှ Product သမားအချင်းချင်း idea တွေ၊ knowledge နဲ့ experience တွေ share ဖို့ နွေးနွေးထွေးထွေးဖိတ်ခေါ်ပါတယ်။ ProductBaze အကြောင်း (၁) မိနစ်စာ မိတ်ဆက် post ကို ဒီ Link မှာ ဖတ်လို့ရပါတယ်။ ProductBaze ကို ဆက်သွယ်ချင်ရင် productbaze@gmail.com သို့ ပေးပို့ ဆက်သွယ်နိုင်ပါတယ်။

Comments

Popular Posts

SMART Goal ဘယ်လိုတည်ဆောက်မလဲ

Personal အတွက်ဖြစ်စေ၊ လုပ်ငန်းခွင်မှာဖြစ်စေ.. ရည်မှန်းချက်ကြီးမားတာ ကောင်းပေမယ့် ကိုယ်စိတ်ကူး ပေါ်ရာ ကိုယ်ဖြစ်ချင်ရာ ရည်မှန်းချက်တွေ ရမ်းသမ်းချမှတ်တာက လက်တွေ့မကျတဲ့၊ ချသာ ချမှတ်ထားပြီး အသုံးမဝင် Effective မဖြစ်တဲ့ ရည်မှန်းချက်တွေ ဖြစ်နေနိုင်ပါတယ်။ မဖြစ်နိုင်တဲ့ Goal နောက်ကိုလိုက်ရင်း ရင်းနှီးမြှုပ်နှံရတဲ့ အချိန်တွေ၊ ငွေကြေးတွေ၊ Resource တွေလည်း ဆုံးရှုံးမှုတွေဖြစ်စေနိုင်ပါတယ်။ “SMART Goal ဖြစ်ဖို့တော့ လိုမယ်နော်” ဆိုတဲ့ စကားမျိုး ကြားဖူးကြပါလိမ့်မယ်။ SMART Goal ဆိုတဲ့ concept ကို စီးပွားရေးလောက၊ Marketing အပြင် နယ်ပယ်အသီးသီးမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုကြပါတယ်။ SMART Goal ဆိုတာ တိုတိုပြောရရင် တိကျရှင်းလင်းပြီး လက်တွေ့ကျတဲ့ Goal တွေချမှတ်ခြင်းလို့ ပြောနိုင်ပါတယ်။ မိမိ Business အတွက်၊ Product အတွက်၊ Team အတွက်၊ Personal အတွက် Goal တွေ ချမှတ်တဲ့အခါ လက်တွေ့ဖြစ်နိုင်ချေရှိတဲ့ ရည်မှန်းချက်ကို သေချာသတ်မှတ်ပေးနိုင်တဲ့ SMART Objective နည်းလမ်းကို သုံးကြည့်သင့်ပါတယ်။ SMART Goal ဆိုတာက ကိုယ့်ချမှတ်ရေးဆွဲမယ့် Goal တွေက S (Specific) - ဘာကိုရရှိအောင်လုပ်မယ်ဆိုတာ တိတိကျကျဖြစ်ရမယ် M (

Cross-Functional Team အကြောင်း တစေ့တစောင်း

Cross-functional Team ဆိုတာ အပြောလည်းများသလို အသုံးလည်းများပါတယ်။ Product Team တွေမှာလည်း Cross-functional Team ပုံစံကို တော်တော်များများ အသုံးပြုကြပါတယ်။ ProductBaze ဆောင်းပါးအချို့မှာလည်း ထည့်ရေးဖူးပြီး၊ Product Squad ဆောင်းပါးမှာ Squad တည်ဆောက်ပုံက Cross-functional Team ပုံစံကို အခြေခံတဲ့အကြောင်းရေးရင်းနဲ့ Cross-functional Team အကြောင်းလေးကိုပါ မိတ်ဆက်ပေးဖို့ ဖြစ်လာပါတယ်။ ပုံမှန် Organization တွေမှာ Department တွေ, Team တွေက လုပ်ငန်းသဘောသဘာဝ တူညီရာ (Tech, Marketing, Sales, Operation…) စသဖြင့် အသီးသီး ဖွဲ့စည်းထားကြပြီး ဖွဲ့စည်းပုံကလည်း အထက်ကနေ အောက် Hierarchy အတိုင်းဖြစ်ကြပါတယ်။ Decision တစ်ခုလိုအပ်ရင်လည်း Hierarchy အတိုင်း အပေါ်ကို ပြန်တက်ပြီး Request လုပ်ကြရသလို၊​ Company တစ်ခုထဲက Team အသီးသီးက အခြား Department တွေ ဘာလုပ်နေလဲဆိုတာ သိဖို့ ထင်သလောက် မလွယ်ကူပါဘူး။ Silos Team (တသီးတသန့် အလုပ်လုပ်တဲ့ Team) တွေ ဖြစ်လာပြီး Direction တွေ ညှိရခက်တတ်ပါတယ်။ Cross-functional Team ဆိုတာက Organization ထဲမှာ ကျွမ်းကျင်မှုမတူ (သို့မဟုတ်) ဌာနမတူတဲ့ လူတွေကို Team အနေနဲ့ဖွဲ့ပေးပြီး Project တစ်

အသုံးများတဲ့ Product Testing တွေ

Webinar တစ်ခုမှာ Product Testing တွေအကြောင်းထည့်ပြောတော့ နောက်ဆုံးအမေးအဖြေအချိန်မှာ အမေးခံရဖူးတာလေး မှတ်မှတ်ရရရှိလို့ပါ။ “A/B Testing ဆိုတာ Alpha Testing, Beta Testing ကို ပြောတာလား” ဆိုတဲ့ မေးခွန်းပါ။ သိတဲ့သူအတွက်တော့ ဘာမှမဆိုင်တဲ့ Testing တွေမှန်း တန်းသိနိုင်ပေမယ့် တစ်ဖက်မှာလည်း မေးလည်းမေးချင်စရာ အခေါ်အဝေါ်က ခပ်ဆင်ဆင်တူနေတာကိုးလို့ တွေးမိပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ မကြာမကြာလည်း ပြောဖြစ်ကြပြီး၊ အသုံးလည်းများ၊ အသုံးလည်းဝင်တဲ့ Alpha Testing, Beta Testing နဲ့ A/B Testing တို့အကြောင်းကို တီးမိခေါက်မိအောင် ရေးချင်ပါတယ်။ Feature Development တွေပြီးတဲ့အခါ Product Owner နဲ့ Development Team တွေ User Acceptance Testing (UAT) ကို အတူတကွ ပြုလုပ်ကြပါတယ်။ QA က အဓိက Test တာဖြစ်နိုင်ပေမယ့် အားလုံးက ပူးပေါင်းလုပ်ဆောင်ကြရတာပါ။ Product (သို့) Feature က UAT လည်းပြီးပြီ၊ Release လုပ်တော့မယ်လို့ စ Plan တဲ့အခါ Alpha Testing နဲ့ Beta Testing အခန်းကဏ္ဍဆီ ရောက်ပါတယ်။ Alpha Testing Alpha Testing ဆိုတာ လွယ်လွယ်ပြောရရင် ကိုယ့်လူနဲ့ကိုယ် အရင်စမ်းသပ်တဲ့ Testing အမျိုးအစားပါ။ မိမိရဲ့ Software

၅ မိနစ်စာ Product Roadmap

Product တစ်ခုစလုပ်ရင် အလိုအပ်ဆုံးက Product Roadmap လို့ပြောလို့ရမယ်။ Product Roadmap က မိမိ လုပ်မယ့် Product အကြောင်း Overview ပြောပြပေးနိုင်သလို၊ မိမိ Product Goal တွေကို ဘယ်လိုရောက်အောင် လျှောက်မလဲဆိုတာကို ချပြပေးလို့ပါပဲ။ Product Roadmap မရှိရင် ကိုယ်ထင်ရာ လုပ်မိနေနိုင်ပြီး မိမိ Goals တွေကို လက်လှမ်းမမှီနိုင်ဖြစ်သွားလိမ့်မယ်။ Product Roadmap ရှိတော့ ကိုယ့် Team Member တွေဖြစ်ဖြစ်၊ CEO ဒါမှမဟုတ် Investor တွေနဲ့ပဲပြောပြော အသုံးဝင်ပါလိမ့်မယ်။ ဒါဆို Product Roadmap ဘယ်လိုဆွဲရမလဲလို့မေးမယ် ။ အလုပ်အဖြစ်ဆုံး Product Roadmap Template ဆိုပြီးတော့မရှိပါဘူး။ မိမိ Roadmap ကို ကြည့်မယ့်လူပေါ်မူတည်ပြီး Roadmap ဒီဇိုင်းတွေကပြောင်းလဲရပါမယ်။ ဥပမာ… CEO က Timeline တွေနဲ့ ဘယ်နေ့ဘာ Feature ပြီးမှာလဲကို ကြည့်ချင်နေတဲ့အချိန် ကိုယ်က Feature List ပဲ သွားပြလို့မရပါဘူး။ Template မရှိပေမယ့် ဒီနေရာမှာ Share ပေးချင်တာက ကျွန်တော့် အတွက် အလုပ်ဖြစ်ခဲ့တဲ့ Roadmap Key Components တွေနဲ့ တခြား popular ဖြစ်တဲ့ Product Roadmap တွေကို ဝေမျှပေးသွားပါမယ်။ Product Roadmap မှာ အတွေ့အများဆုံးက Quarterly Roadmap (Q1,