Skip to main content

Business Model Canvas ဘယ်လိုဆွဲမလဲ

Business တစ်ခု (သို့) Product တစ်ခုအတွက် Business Model Canvas (BMC) ဘယ်လိုဆွဲမလဲ? BMC ဘယ်လိုဆွဲမလဲကို မသွားခင်မှာ BMC ဆိုတာဘာလဲ နဲ့ ဘယ်လိုအသုံးဝင်လဲ ဆိုတာကို အရင်လေ့လာကြည့်ရအောင်။

Business Model Canvas (BMC) ရဲ့ Definition က “အောင်မြင်တဲ့ Business တစ်ခု စတင်ဖို့ လိုအပ်မယ့် ရင်းနှီးမြှုပ်နှံမှု” ၊ ဝင်ငွေဘယ်ကရမလဲ နဲ့ “မိမိရဲ့ဖောက်သည်က ဘယ်သူတွေလဲ” ဆိုတာတွေကို အကျဥ်းချုပ် ချစွဲထားတဲ့ အစီအစဥ် (Plan) တစ်ခု” ဖြစ်ပါမယ်။

စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ Business တစ်ခု (သို့) Product တစ်ခုမစခင် အဲဒီ Business ကို ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာ မြင်သာအောင်ဆွဲတတ်ကြပြီး ကျွန်တော်တို့လို Product Manager တွေအတွက်လည်း Management နဲ့ဖြစ်စေ၊ တခြား Stakeholders တွေနဲ့ ဖြစ်စေ Communicate လုပ်ရာမှာ နားလည်လွယ်ပြီး အသုံးဝင်ပါတယ်။


ဘာကြောင့် BMC ကို ဆွဲကြတာလဲ
ကျွန်တော်တို့အတွက် BMC က
  1. နားလည်ရလွယ်တယ်
  2. တိုတိုနဲ့ ရှင်းရှင်းလင်းလင်းရှိတယ်
  3. ပြင်လွယ်ပြောင်းလွယ်တယ်
  4. Customer, Business, Partners နဲ့ Business Activities တွေအချိတ်အဆက်မိမိ မြင်သာတယ်
ကဲ… BMC ရဲ့ What နဲ့ Why ကို သိပြီဆိုတော့ ဘယ်လိုဆွဲကြမလဲ (How) ကို ဆက်လေ့လာရအောင်။

BMC တစ်ခုမှာ Component ၉ ခုပါတယ်။
  1. Key Partners
  2. Key Activities
  3. Key Resources
  4. Cost Structure
  5. Value Proposition
  6. Customer Relationship
  7. Channels
  8. Customer Segments
  9. Revenue Streams တို့ပါဝင်တယ်။

၁။ Key Partners
Product / Business တစ်ခု Customer လက်ထဲရောက်အောင်ပို့ဖို့ ကူညီ ပါဝင်ပေးတဲ့ Business Partner တွေဖြစ်ပါတယ်။ ပြောချင်တာက Product တစ်ခု ထုတ်တော့မယ်ဆိုရင် ကိုယ့်ကို ကူညီမယ့်သူ (သို့) စီးပွားဖက်အဖြစ် လုပ်ကိုင်ပေးမယ့် သူတွေဖြစ်ပါတယ်။

၂။ Key Activities
Product / Business တစ်ခု တည်ဆောက်ဖို့ အဓိက လုပ်ဆောင်ရမယ့် Task တွေ၊ Activities တွေဖြစ်ပါတယ်။ Product တစ်ခု အစကနေအဆုံးထိ လိုအပ်မယ့် အလုပ်တွေဖြစ်ပါတယ်။

၃။ Key Resources
Product / Business တစ်ခု Customer လက်ထဲပို့ဆောင်ဖို့ Key Activities တွေ လုပ်ရာတွင် သုံးမယ့် Resources (လူ သို့မဟုတ် ပစ္စည်း) တွေဖြစ်ပါတယ်။

Component (၁) (၂) (၃) ပြီးရင်တော့ Product / Business တစ်ခုအတွက် အဓိကလိုအပ်မယ့် အရာတွေ ရှင်းလင်းသွားပါပြီ။

၄။ Cost Structure
Product / Business တစ်ခု ထုတ်ဖို့ ကုန်ကျစရိတ်ဖြစ်ပါတယ်။

၅။ Value Proposition
“မိမိ ​Product က ဘာလဲ” နဲ့ “ဘာကြောင့် လူတွေသုံးကြမှာလည်း” ဆိုတာကို ဖွင့်ဆိုပါတယ်။ Competitor ထက် ဘာ ပိုသာလဲ၊ Product က Customer ရဲ့ ဘယ်ပြဿနာကို ဖြေရှင်းပေးမလဲဆိုတာတွေကို ရည်ရွယ်ပါတယ်။

၆။ Customer Relationship
Product ကို သုံးမယ့် Customers တွေ ရေရှည်သုံးလာအောင် ဘယ်လို Relationship တည်ဆောက်မလဲ၊ ဘယ်လို ဆွဲဆောင်မလဲဖြစ်ပါတယ်။

၇။ Channels
မိမိ Product ကို Customer တွေဆီ ဘယ်လို အရောက်ပို့မလဲဆိုတဲ့ နည်းလမ်းတွေပါ။

၈။ Customer Segments
မိမိ Business / Product ရဲ့ Customers အမျိုးအစားတွေကို သတ်မှတ်တာဖြစ်ပါတယ်။ အကုန်လုံးကို Target ထားတယ်လို့ သိမ်းကျုံးပြောတာထပ် ကိုယ်ရဲ့ ပထမဦးစားပေး Focus Customer အမျိုးအစားကို ပိုင်းခြားသတ်မှတ်သင့်ပါတယ်။ အမျိုးအစား တစ်ခုမကလည်း ရှိနိုင်ပါတယ်။

၉။ Revenue Streams
မိမိ ​Business / Product ကနေ ဘယ်လို ဝင်ငွေရှာမလဲဆိုတဲ့ နည်းလမ်းတွေဖြစ်ပါတယ်။

BMC ရဲ့ အပိုင်းတစ်ခုစီကို ပိုရှင်းသွားအောင် အောက်က BMC Sample လေးနဲ့ တွဲကြည့်ကြည့်ပါ။

Sample အတွက် အကြမ်းဖျင်းချဆွဲထားတာဖြစ်လို့ အမြင်မတူတာတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။

Business Model Canvas ကို Board ပေါ်မှာ / စာရွက်အကြီးကြီးမှာ ဇယားချ၊ သက်ဆိုင်တဲ့ Stakeholder တွေ အတူတကွ ထိုင်ဆွေးနွေးပြီး၊ မိမိ Business (သို့) Product အတွက် Business Model ဆွဲကြလေ့ရှိပါတယ်။ လက်နဲ့ရေးခြစ်ရမှ ပိုအားရ၊ ပိုဆွေးနွေးလို့ကောင်းတတ်တာမို့ ဒီလိုထိုင်ဆွဲကြတာများပါတယ်။

အဲ့ဒါမှမဟုတ်ရင်လည်း Business Model Canvas အတွက် အလွယ်တကူ ဆွဲလို့ရတဲ့ Software Tools တွေ ရှိနေပါပြီ။ ကျွန်တော်ကတော့ Draw.io (အခု http://diagrams.net/ ) နဲ့ ဆွဲတာများပါတယ်။ သူ့မှာ Template ရှိပြီးသားဆိုတော့ Component တစ်ခုစီမှာ ဖြည့်လိုက်ရုံပါပဲ။ အပေါ်က Sample ကလည်း Draw.io နဲ့ လက်စွမ်းပြထားတာပါ။

Business Model Canvs ကိုအသုံးပြုပြီး မိမိ Business (သို့) Product အတွက် Business Model လွယ်လွယ်ကူကူ ဆွဲနိုင်ကျပါစေခင်ဗျာ။

Business Model Canvas နဲ့ ဆက်စပ်နေပြီး အသုံးဝင်တဲ့ Value Proposition Canvas ဆွဲနည်းနဲ့ Product-Market Fit အကြောင်းကိုလည်း လေ့လာနိုင်ပါတယ်။

နောက်ထပ် ဖတ်ချင်တဲ့ Topic တွေရှိရင်လည်း ဒီ Google Form ကနေတဆင့် အကြံပေးနိုင်ပါတယ်။ ProductBaze မှ Product သမားအချင်းချင်း idea တွေ၊ knowledge နဲ့ experience တွေ share ဖို့ နွေးနွေးထွေးထွေးဖိတ်ခေါ်ပါတယ်။ ProductBaze အကြောင်း (၁) မိနစ်စာ မိတ်ဆက် post လေးကို ဒီ link မှာ ဖတ်လို့ရပါတယ်။ ProductBaze ကို ဆက်သွယ်ချင်ရင် productbaze@gmail.com သို့ ပေးပို့ ဆက်သွယ်နိုင်ပါတယ်။

Follow us on Facebook and Linkedin for the latest updates.

Comments

Unknown said…
Thanks for the sharing. Nice article. Downloaded the tools. :)

Popular Posts

SMART Goal ဘယ်လိုတည်ဆောက်မလဲ

Personal အတွက်ဖြစ်စေ၊ လုပ်ငန်းခွင်မှာဖြစ်စေ.. ရည်မှန်းချက်ကြီးမားတာ ကောင်းပေမယ့် ကိုယ်စိတ်ကူး ပေါ်ရာ ကိုယ်ဖြစ်ချင်ရာ ရည်မှန်းချက်တွေ ရမ်းသမ်းချမှတ်တာက လက်တွေ့မကျတဲ့၊ ချသာ ချမှတ်ထားပြီး အသုံးမဝင် Effective မဖြစ်တဲ့ ရည်မှန်းချက်တွေ ဖြစ်နေနိုင်ပါတယ်။ မဖြစ်နိုင်တဲ့ Goal နောက်ကိုလိုက်ရင်း ရင်းနှီးမြှုပ်နှံရတဲ့ အချိန်တွေ၊ ငွေကြေးတွေ၊ Resource တွေလည်း ဆုံးရှုံးမှုတွေဖြစ်စေနိုင်ပါတယ်။ “SMART Goal ဖြစ်ဖို့တော့ လိုမယ်နော်” ဆိုတဲ့ စကားမျိုး ကြားဖူးကြပါလိမ့်မယ်။ SMART Goal ဆိုတဲ့ concept ကို စီးပွားရေးလောက၊ Marketing အပြင် နယ်ပယ်အသီးသီးမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုကြပါတယ်။ SMART Goal ဆိုတာ တိုတိုပြောရရင် တိကျရှင်းလင်းပြီး လက်တွေ့ကျတဲ့ Goal တွေချမှတ်ခြင်းလို့ ပြောနိုင်ပါတယ်။ မိမိ Business အတွက်၊ Product အတွက်၊ Team အတွက်၊ Personal အတွက် Goal တွေ ချမှတ်တဲ့အခါ လက်တွေ့ဖြစ်နိုင်ချေရှိတဲ့ ရည်မှန်းချက်ကို သေချာသတ်မှတ်ပေးနိုင်တဲ့ SMART Objective နည်းလမ်းကို သုံးကြည့်သင့်ပါတယ်။ SMART Goal ဆိုတာက ကိုယ့်ချမှတ်ရေးဆွဲမယ့် Goal တွေက S (Specific) - ဘာကိုရရှိအောင်လုပ်မယ်ဆိုတာ တိတိကျကျဖြစ်ရမယ် M (

ကိုယ့် Boss ကို ဘယ်လို Manage လုပ်မလဲ

“Manage My Boss” ဆိုတဲ့ ခေါင်းစဉ်ကြီးဖတ်လိုက်ရလို့ တမျိုးကြီးဖြစ်သွားမယ်ထင်ပါတယ်။ သို့ပေမယ့် ကျွန်တော် အခုပြောပြမယ့် “How to Manage your Boss” က Management အကြောင်း လေ့လာတဲ့အခါတွေမှာလည်း ပါဝင်လေ့ရှိသလို အပြင်လုပ်ငန်းခွင်မှာလည်း တကယ်အရေးပါတဲ့ ကိစ္စရပ်ပါပဲ။ ကိုယ်ကိုယ်တိုင်က Middle Management Level လို့ပြောကြတဲ့ Manager ဖြစ်နေမယ်၊ ကိုယ့်အောက်မှာ Team Members တွေရှိသလို၊ ကိုယ့်အပေါ်မှာလည်း ကိုယ် Report လုပ်ရတဲ့ Senior Manager သော်လည်းကောင်း၊ Head သော်လည်းကောင်း၊ C-Level သော်လည်းကောင်း ကိုယ့် Boss ရှိမယ်ပေ့ါ။ Management Term အရဆိုရင် ကိုယ့် Team ကို Manage လုပ်ရတာကို “Managing Down” or “Downward Management” လို့ ခေါ်ပြီး၊ ကိုယ့် Boss ကို Manage လုပ်တာကို “Managing Up” or “Upward Management”လို့ခေါ်ပါတယ်။ အဲ့တော့ အခုဆွေးနွေးမှာက Upward Management အကြောင်းပါ။ အိုကေ… ကိုယ့် Boss ကို ဘယ်လို Manage လုပ်တာလဲ??? ကိုယ်က Manage လုပ်ခံရမှာမဟုတ်ဘူးလား??? ကိုယ့်အတွက်ရော ဘယ်လို အကျိုးရှိမှာလဲ??? “Boss ကို Manage လုပ်တယ်ဆိုတာ ဘာလဲ” ကနေ စရအောင်ပါ။ Boss ကို Manage လုပ်တဲ့ အဓိက Goal က Boss ကို အပြည

Cross-Functional Team အကြောင်း တစေ့တစောင်း

Cross-functional Team ဆိုတာ အပြောလည်းများသလို အသုံးလည်းများပါတယ်။ Product Team တွေမှာလည်း Cross-functional Team ပုံစံကို တော်တော်များများ အသုံးပြုကြပါတယ်။ ProductBaze ဆောင်းပါးအချို့မှာလည်း ထည့်ရေးဖူးပြီး၊ Product Squad ဆောင်းပါးမှာ Squad တည်ဆောက်ပုံက Cross-functional Team ပုံစံကို အခြေခံတဲ့အကြောင်းရေးရင်းနဲ့ Cross-functional Team အကြောင်းလေးကိုပါ မိတ်ဆက်ပေးဖို့ ဖြစ်လာပါတယ်။ ပုံမှန် Organization တွေမှာ Department တွေ, Team တွေက လုပ်ငန်းသဘောသဘာဝ တူညီရာ (Tech, Marketing, Sales, Operation…) စသဖြင့် အသီးသီး ဖွဲ့စည်းထားကြပြီး ဖွဲ့စည်းပုံကလည်း အထက်ကနေ အောက် Hierarchy အတိုင်းဖြစ်ကြပါတယ်။ Decision တစ်ခုလိုအပ်ရင်လည်း Hierarchy အတိုင်း အပေါ်ကို ပြန်တက်ပြီး Request လုပ်ကြရသလို၊​ Company တစ်ခုထဲက Team အသီးသီးက အခြား Department တွေ ဘာလုပ်နေလဲဆိုတာ သိဖို့ ထင်သလောက် မလွယ်ကူပါဘူး။ Silos Team (တသီးတသန့် အလုပ်လုပ်တဲ့ Team) တွေ ဖြစ်လာပြီး Direction တွေ ညှိရခက်တတ်ပါတယ်။ Cross-functional Team ဆိုတာက Organization ထဲမှာ ကျွမ်းကျင်မှုမတူ (သို့မဟုတ်) ဌာနမတူတဲ့ လူတွေကို Team အနေနဲ့ဖွဲ့ပေးပြီး Project တစ်

၅ မိနစ်စာ Product Roadmap

Product တစ်ခုစလုပ်ရင် အလိုအပ်ဆုံးက Product Roadmap လို့ပြောလို့ရမယ်။ Product Roadmap က မိမိ လုပ်မယ့် Product အကြောင်း Overview ပြောပြပေးနိုင်သလို၊ မိမိ Product Goal တွေကို ဘယ်လိုရောက်အောင် လျှောက်မလဲဆိုတာကို ချပြပေးလို့ပါပဲ။ Product Roadmap မရှိရင် ကိုယ်ထင်ရာ လုပ်မိနေနိုင်ပြီး မိမိ Goals တွေကို လက်လှမ်းမမှီနိုင်ဖြစ်သွားလိမ့်မယ်။ Product Roadmap ရှိတော့ ကိုယ့် Team Member တွေဖြစ်ဖြစ်၊ CEO ဒါမှမဟုတ် Investor တွေနဲ့ပဲပြောပြော အသုံးဝင်ပါလိမ့်မယ်။ ဒါဆို Product Roadmap ဘယ်လိုဆွဲရမလဲလို့မေးမယ် ။ အလုပ်အဖြစ်ဆုံး Product Roadmap Template ဆိုပြီးတော့မရှိပါဘူး။ မိမိ Roadmap ကို ကြည့်မယ့်လူပေါ်မူတည်ပြီး Roadmap ဒီဇိုင်းတွေကပြောင်းလဲရပါမယ်။ ဥပမာ… CEO က Timeline တွေနဲ့ ဘယ်နေ့ဘာ Feature ပြီးမှာလဲကို ကြည့်ချင်နေတဲ့အချိန် ကိုယ်က Feature List ပဲ သွားပြလို့မရပါဘူး။ Template မရှိပေမယ့် ဒီနေရာမှာ Share ပေးချင်တာက ကျွန်တော့် အတွက် အလုပ်ဖြစ်ခဲ့တဲ့ Roadmap Key Components တွေနဲ့ တခြား popular ဖြစ်တဲ့ Product Roadmap တွေကို ဝေမျှပေးသွားပါမယ်။ Product Roadmap မှာ အတွေ့အများဆုံးက Quarterly Roadmap (Q1,

အသုံးများတဲ့ Product Testing တွေ

Webinar တစ်ခုမှာ Product Testing တွေအကြောင်းထည့်ပြောတော့ နောက်ဆုံးအမေးအဖြေအချိန်မှာ အမေးခံရဖူးတာလေး မှတ်မှတ်ရရရှိလို့ပါ။ “A/B Testing ဆိုတာ Alpha Testing, Beta Testing ကို ပြောတာလား” ဆိုတဲ့ မေးခွန်းပါ။ သိတဲ့သူအတွက်တော့ ဘာမှမဆိုင်တဲ့ Testing တွေမှန်း တန်းသိနိုင်ပေမယ့် တစ်ဖက်မှာလည်း မေးလည်းမေးချင်စရာ အခေါ်အဝေါ်က ခပ်ဆင်ဆင်တူနေတာကိုးလို့ တွေးမိပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ မကြာမကြာလည်း ပြောဖြစ်ကြပြီး၊ အသုံးလည်းများ၊ အသုံးလည်းဝင်တဲ့ Alpha Testing, Beta Testing နဲ့ A/B Testing တို့အကြောင်းကို တီးမိခေါက်မိအောင် ရေးချင်ပါတယ်။ Feature Development တွေပြီးတဲ့အခါ Product Owner နဲ့ Development Team တွေ User Acceptance Testing (UAT) ကို အတူတကွ ပြုလုပ်ကြပါတယ်။ QA က အဓိက Test တာဖြစ်နိုင်ပေမယ့် အားလုံးက ပူးပေါင်းလုပ်ဆောင်ကြရတာပါ။ Product (သို့) Feature က UAT လည်းပြီးပြီ၊ Release လုပ်တော့မယ်လို့ စ Plan တဲ့အခါ Alpha Testing နဲ့ Beta Testing အခန်းကဏ္ဍဆီ ရောက်ပါတယ်။ Alpha Testing Alpha Testing ဆိုတာ လွယ်လွယ်ပြောရရင် ကိုယ့်လူနဲ့ကိုယ် အရင်စမ်းသပ်တဲ့ Testing အမျိုးအစားပါ။ မိမိရဲ့ Software