သင်က B2B Product Manager ဆိုရင်
Product Management အကြောင်းပြောရင် များသောအားဖြင့် B2C (Business to Consumer) Product Management အကြောင်းကို ပြောကြတာများပြီး B2B (Business to Business) Product Management အကြောင်းဆွေးနွေးတာ နည်းပါတယ်။ Online Resource တွေမှာလည်း B2B နဲ့ပတ်သက်တဲ့ Articles တွေက B2C နဲ့ယှဥ်ရင် နည်းတာတွေ့ရပါတယ်။ သိပ်မကွာလို့လားလို့မေးရင် ကွာပါတယ်။ Definition ပြည့်ပြည့်စုံစုံကိုတော့ အရှေ့က Product Managers အမျိုးအစားများ articleမှာ ဖတ်နိုင်ပါတယ်။
B2C Product Manager က Consumer Product တွေကို တာဝန်ယူတဲ့ Product Manager ဖြစ်ပြီး B2B Product Manager ကတော့ Enterprise Product တွေကို တာဝန်ယူ Service ပေးတဲ့ Product Manager ပါ။ Consumer Product နဲ့ Enterprise Product က Software Product ချင်းတူပေမယ့် အသုံးပြုတဲ့ Customer တွေကွာပါတယ်၊ ဖြေရှင်းချင်တဲ့ Customer ရဲ့ Problem ပုံစံချင်းကွာပါတယ်၊ နောက်ပြီး Product ရဲ့ Goals တွေလည်းကွာပါတယ်။
ကောင်းပြီ။ သင်သာ B2B Service ပေးတဲ့ Company မှာ Product Manager တစ်ယောက် လုပ်တော့မယ်ဆိုရင် ဘာတွေပို Focus လုပ်ရမလဲနဲ့ ဘာ Challenge တွေရှိမလဲ လေ့လာကြည့်ရအောင်။ မတူတာတွေကို Focus ထားပြီးပြောသွားမှာဖြစ်လို့ တူတဲ့ Product Management အပိုင်းတွေကိုတော့ ProductBaze ရဲ့ အခြား articles တွေမှာ ဖတ်ရှုနိုင်ပါတယ်။
B2C Product Management
Consumer Product က များသောအားဖြင့် တွေ့ရလေ့ရှိတယ့် Application တွေ၊ Software တွေပါ။ Customer က သူတို့ကြုံတွေ့နေတဲ့ Problem ကို ဖြေရှင်းနိုင်တဲ့ Product၊ တစ်နည်းအားဖြင့် သူတို့စိတ်ကြိုက် Product ကို သူတို့ကိုယ်တိုင် ရွေးချယ်အသုံးပြုပါတယ်။ ဥပမာအနေနဲ့ Message ပို့ဖို့အတွက် Whatsapp app ကို သုံးတာမျိုးပါ။ ဆိုတော့ B2C Product Manager အနေနဲ့ Goal က ရှင်းပါတယ်။ ကိုယ့် Product ကို သုံးမယ့် Target Customers (End Users) တွေ လိုတဲ့ Features တွေ Solutions တွေကို Focus လုပ်၊ သူတို့သဘောကျတဲ့ Product ကို ထုတ်ပေးဖို့ပါ။ Customers တွေကြိုက်ရင် သူတို့အတွက် User Experience ကောင်းကောင်းပေးနိုင်ရင် Product ကိုသုံးကြပါလိမ့်မယ်။
B2B Product Management
Enterprise Product ကတော့ Business ရဲ့ လိုအပ်ချက်တစ်ခုခုကို ဖြေရှင်းဖို့အတွက် Organizations တွေက သုံးတဲ့ Product မျိုးပါ။ အသုံးပြုတဲ့ User Type တွေအများကြီး ကွဲနိုင်သလို၊ လိုအပ်ချက်တွေ Feature တွေကလည်း User တွေပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။ ERP System လိုမျိုးကို ဥပမာပေးချင်ပါတယ်။
Buyers vs Users
အဲ့မှာ Consumer Product နဲ့ Enterprise Product ရဲ့ ကြီးမားတဲ့ကွာခြားချက်က Enterprise Product မှာ Buyer နဲ့ User မတူတာပါ။ အဓိပ္ပါယ်က Product တစ်ခုကို Organization မှာ အသုံးပြုဖို့ဆုံးဖြတ်သူ (Buyer) က တစ်ယောက်၊ တကယ်သုံးတဲ့သူ (End User) က တစ်ယောက်ပါ။ Consumer Product လို လုံးပေါင်းလုပ်ပြီး Customer လို့သတ်မှတ်လို့မရပါဘူး။ ဆိုတော့ B2B Product Manager ရဲ့ Goals က B2C Product Manager နဲ့ ကွဲပြားပါတယ်။ B2B Product Manager အနေနဲ့ Buyer ရော၊ End User ရောကို ကြည့်ရပြီး Buyer ကျေနပ်တဲ့၊ Buyer လိုချင်တဲ့ Feature တွေပါတဲ့ Product ဖြစ်ဖို့၊ ဒါ့အပြင် တကယ်သုံးတဲ့ End User တွေအနေနဲ့ ဒီ Product ကိုသုံးပြီး သူတို့ရဲ့ နေ့စဥ်လုပ်ငန်းဆောင်တာတွေမှာ ပိုအဆင်ပြေစေဖို့ကို Target ထားရပါတယ်။
Customization Request vs Roadmap
B2B Product Manager ရဲ့ Challenge နောက်တစ်ခုက Customers တွေဆီကလာတဲ့ Customization Request တွေနဲ့ ကိုယ့် Product ရဲ့ ကိုယ်ပိုင် Roadmap ကြားက Balance ပါ။ Product Manager အနေနဲ့ ရှေ့ဆက်သွားမယ့် Product Roadmap သေချာဆွဲပြီး Roadmap အတိုင်းသွားနိုင်ဖို့ Drive ရပါတယ်။ သို့သော် B2B Software Comapny တွေက Customization Request တွေကို သဘောကျကြပါတယ်။ Request လုပ်တိုင်း Customized Development အတွက် ပိုက်ဆံရလို့ပါ။
သတိထားရမယ့်အချက်က Customer က တစ်ယောက်ထဲမဟုတ်သလို Request တွေက တစ်ခါနဲ့မပြီးပါဘူး။ Product Team က ရေတိုအတွက် ပိုက်ဆံရမယ့် Customized Development ပဲ ထိုင်လုပ်နေရင်း ကိုယ်ပိုင် Product Roadmap ကိုမေ့လျော့ပြီး Product Improvement ကို လှ့ည့်မကြည့်နိုင် ဖြစ်လာတတ်ပါတယ်။ ရေရှည်မှာ Market ထဲမှာ Competitors တွေက ပေးလာတဲ့ Features တွေ၊ Improve လုပ်သင့်တဲ့ Features တွေ မလုပ်နိုင်တော့ပဲ ဘာလိုချင်ချင် Customization Request လုပ်ခိုင်းတဲ့ Product ကြီးဖြစ်လာတတ်တာကို သတိထားဖို့လိုပါတယ်။ ကိုယ့် Product ကို ပြန်သတ်သလိုပါပဲ။
How to Say “No”
အဲဒါကို ဘယ်လိုဖြေရှင်းမလဲဆိုတော့ Product Manager အနေနဲ့ Feature အသစ်တွေကို ဘယ်လိုငြင်းမလဲ (How to say No) ကို ချဥ်းကပ်ဖို့ပါ။ Customer ရဲ့ Business အတွက် လိုအပ်လို့ လုပ်တဲ့ Request ဖြစ်ပေမယ့် ကိုယ်က ကိုယ့် Product အပြင် သူတို့ Business Use Case တွေကိုပါသိအောင် လေ့လာဖို့လိုပြီး Customer က Request လုပ်လာတဲ့အခါ တတ်နိုင်သလောက် ရှိပြီးသား Features တွေနဲ့ Alternative Solution ကို ရှာပေးနိုင်ဖို့ လိုပါတယ်။
တစ်ဆက်တည်း ပြောချင်တာက B2B Product Manager အနေနဲ့ မိမိ Product ကို သိရုံနဲ့ မလုံလောက်ပဲ မိမိ Product ရဲ့ Industrial Knowledge နဲ့ မိမိ Customer တွေရဲ့ Business Flow ကိုပါ နားလည်ဖို့လိုပါတယ်။ Company တစ်ခုနဲ့တစ်ခုက Industry တူရင်တောင် အလုပ်လုပ်ပုံတွေ မတူကြပါဘူး။ မိမိ Product က Inventory Management Software ဆိုပါစို့။ မိမိ Sofware မှာ ရတဲ့ Features တွေအပြင်၊ Inventory Management နဲ့ပတ်သက်တဲ့ Knowledge တွေ၊ မိမိ Customer တွေက သူတို့ Business မှာ Product ရဲ့ ဘယ် Features တွေကို ဘယ်လိုပုံစံနဲ့ သုံးနေလဲဆိုတာတွေပါ နားလည်ထားဖို့ လိုအပ်ပါတယ်။
ကျွန်တော်ကိုယ်တိုင်ကတော့ B2C Product Manager အနေနဲ့ပဲ အတွေ့အကြုံများပြီး၊ B2B Product Manager တွေနဲ့က အလုပ်အတူတူ တွဲလုပ်ရတဲ့ အတွေ့အကြုံများပါတယ်။ သူတို့ရဲ့ Customer အနေနဲ့ သူတို့ Service ကိုသုံးရင်းနဲ့ အလုပ်တွဲလုပ်ဖြစ်တာပါ။ ဘာတွေ လေ့လာခွင့်ရလဲဆိုတော့ Product Manager နဲ့ Product Team က မိမိ Product ကို Focus ထားသလား၊ Customization Request တွေကိုပဲ Focus ထားနေသလားပေါ်မူတည်ပြီး သုံးရတဲ့ Product Quality က ရေရှည်မှာ အလွန်သိသာပါတယ်။ Customization Request တွေကိုပဲ Focus ထားတဲ့ Product က အချိန်ကြာလာလည်း ဘာ Improvement မှ ထပ်မရှိလာတဲ့ Product ကြီးဖြစ်လာတတ်လို့ Product Manager အနေနဲ့ အဲဒီအချက်ကို သတိထားသင့်ပါတယ်။
B2B Product Manager တစ်ယောက်မှာ Challenge တွေများသလို တစ်ချိန်တည်းမှာ Learning Experience ကောင်းတွေလည်း အများကြီး ရပါတယ်။ B2B Product Management နဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေရှိရင် ဝေမျှနိုင်သလို ထပ်သိချင်တာတွေရှိရင်လည်း မေးမြန်းနိုင်ပါတယ်။
နောက်ထပ် ဖတ်ချင်တဲ့ Topic တွေရှိရင်လည်း ဒီ Google Form ကနေတဆင့် အကြံပေးနိုင်ပါတယ်။ ProductBaze မှ Product သမားအချင်းချင်း idea တွေ၊ knowledge နဲ့ experience တွေ share ဖို့ နွေးနွေးထွေးထွေးဖိတ်ခေါ်ပါတယ်။ ProductBaze အကြောင်း (၁) မိနစ်စာ မိတ်ဆက် post လေးကို ဒီ link မှာ ဖတ်လို့ရပါတယ်။ ProductBaze ကို ဆက်သွယ်ချင်ရင် productbaze@gmail.com သို့ ပေးပို့ ဆက်သွယ်နိုင်ပါတယ်။
နောက်ထပ် ဖတ်ချင်တဲ့ Topic တွေရှိရင်လည်း ဒီ Google Form ကနေတဆင့် အကြံပေးနိုင်ပါတယ်။ ProductBaze မှ Product သမားအချင်းချင်း idea တွေ၊ knowledge နဲ့ experience တွေ share ဖို့ နွေးနွေးထွေးထွေးဖိတ်ခေါ်ပါတယ်။ ProductBaze အကြောင်း (၁) မိနစ်စာ မိတ်ဆက် post လေးကို ဒီ link မှာ ဖတ်လို့ရပါတယ်။ ProductBaze ကို ဆက်သွယ်ချင်ရင် productbaze@gmail.com သို့ ပေးပို့ ဆက်သွယ်နိုင်ပါတယ်။
Comments
Post a Comment