Skip to main content

မြန်မာနိုင်ငံမှ Product Manager များ (Survey Result)

ProductBaze မှာ လာမေးကြတဲ့ မေးခွန်းတွေနဲ့ topic request တွေအရ Product Manager အလုပ်ကို ဝင်ရောက်ဖို့ တော်တော်များများက စိတ်ဝင်စားကြတာ တွေ့ရပါတယ်။ တချိန်တည်းမှာ Company တွေကလည်း Business, Customer နဲ့ Technical ဒီ ၃ခုကြားက Communication Gap ကို ဖြည့်ပေးဖို့ Product Manager / Owner တွေကို ရှာဖွေလာကြပါတယ်။

ProductBaze ကပြုလုပ်ထားတဲ့ Product Management Career နဲ့ပတ်သက်တဲ့ research က Product Manager အလုပ်ကို စိတ်ဝင်စားသူတွေရော၊ Product Manager ရှာနေတဲ့ Company တွေအတွက်ပါ အသုံးဝင်မယ်လို့ ယုံကြည်ပါတယ်။ ဒီ research ကနေ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ လက်ရှိ Product Management Field မှာ ဘယ်လို job background, education background ရှိတဲ့သူတွေ များလဲ (တစ်နည်း) Company တွေအနေနဲ့ ဘယ်လို background က လာသူတွေကို Product Manager အနေနဲ့ ပို demand ဖြစ်လဲဆိုတာကို သိနိုင်ဖို့ ရည်ရွယ်ပါတယ်။

မြန်မာနိုင်ငံမှာ professional profile အနေနဲ့ LinkedIn ကို တော်တော်များများ သုံးလာကြပါပြီ။ ဒီ research ကို LinkedIn မှာရှိတဲ့ မြန်မာပြည်တွင်းက Product Manager အယောက် 50 ကို sampling ယူပြီး တွက်ချက်ထားပါတယ်။ Data စ စုတုန်းက အယောက် 100 လို့ မှန်းထားပေမယ့် collect လုပ်လို့ရသလောက်က 50 ကျော်ကျော်ပဲမို့ အယောက် 50 နဲ့ analysis လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ် (ဒါတောင် အိပ်ရေးပျက်ခံပြီး တော်တော် မွှေနှောက်ထားတာပါ)
ပြောချင်တာက မြန်မာပြည်တွင်း Product Management field မှာ ကျင်လည်နေတဲ့ professional အရေအတွက်က အကန့်အသတ်နဲ့ပဲ ရှိနေသေးတယ်ဆိုတဲ့အချက်ပါ။ Company တွေက experience ရှိပြီးသား Product Manager ရှာရ မလွယ်ဖူးလို့ ငြီးကြတာ ဘာလို့လဲဆိုတာ ပိုနားလည်သွားသလို၊ ကျွန်တော်တို့ဆီမှာ Product Management Field က အခုမှ အရှိန်ယူပြီး တိုးတက်စ ဆိုတာလည်း မြင်နိုင်ပါတယ်။


Product Manager အယောက် 50 ကို sampling ယူထားတဲ့ research က မြန်မာပြည်တွင်းမှာ Product Manager / Product Owner တွေ
  • ဘယ် Job background က လာတာများလဲ?
  • ဘယ်ဘွဲ့ရတဲ့သူတွေများလဲ (Education background)?
  • ဘယ် industry တွေက Product Manager role ကို အာရုံစိုက်လာကြလဲ?
ဆိုတာတွေကို အဓိက analysis လုပ်ထားပါတယ်။

ဒီ research မှာ မထင်ထားတဲ့ ရလဒ်တစ်ခုက Gender ratio ပါ။ Random data collect လုပ်ပြီးမှ တိုက်ဆိုင်တယ်ပြောရမလား male:female က 50% ဆီ အညီအမျှပါပဲ။ အမျိုးသားရော အမျိုးသမီးရော အားသာချက်ကိုယ်စီ ရှိကြတာမို့ Product Manager အလုပ်က နှစ်ယောက်လုံးနဲ့ ကိုက်ညီတဲ့ အလုပ်လို့ ပြောနိုင်ပါတယ်။

ဒီ research မှာ ပါဝင်တဲ့ PM တွေရဲ့ Experience Level ကတော့ Product Manager 80% နဲ့ Senior Product Manager (Head of Product, Director of Product စတာတွေ အပါအဝင်) 20% ပါ။ Product Management ကို Senior Management role အထိ ထားတဲ့ Company တွေလည်း နည်းသေးတယ်လို့ ပြောနိုင်ပါတယ်။

Job Background ရလဒ်ဆီ ဆက်ရအောင်ပါ။ Product Manager ဖြစ်ဖို့ ဘာတွေလိုအပ်လဲ ဆိုတဲ့ article မှာ Product Manager အလုပ်က ဘယ်လိုလူတွေနဲ့ သင့်တော်လဲဆိုတာ ရေးဖူးပါတယ်။ အဲ့တုန်းကလည်း ရေးခဲ့တာက Product Manager ဖြစ်ဖို့ Engineering Background မဖြစ်မနေမလိုဘူးဆိုတာပါပဲ။ နိုင်ငံတကာမှာလည်း Product Manager career က တကယ့်ကို မတူတဲ့ background အမျိုးမျိုးကလာကြပါတယ်။ အရမ်းကို diverse ဖြစ်ပါတယ်။ ဟုတ်ပြီ.. ကျွန်တော်တို့ မြန်မာနိုင်ငံမှာရော…


တွေ့တဲ့အတိုင်းပါပဲ... Technical နဲ့ ပတ်သက်တဲ့ Digital product တွေ ဖြစ်တော့ Product Manager အလုပ်ကို Software Engineer (38%) နဲ့ IT Specialist (18%) တွေကနေ လာကြတာ ပိုများပါတယ်။ Project Analyst, Business Analyst ကလာသူတွေနဲ့ Operations (Customer support, bank supervisor) ကနေ လာသူတွေလဲရှိပြီး UI/UX နဲ့ QA background ကနေ Product Manager ပြောင်းလာသူတွေရှိတာလဲ တွေ့နိုင်ပါတယ်။

Education Background ရဲ့ result ကို ကြည့်ရင်လည်း ထိုနည်းလည်းကောင်းပါပဲ… Computer and Technology related degree ရထားသူတွေ 60% ကျော်ရှိတာတွေ့နိုင်ပါတယ်။ ဒါက Bachelor ကို ပြောတာပါ။ ဘာ major နဲ့ ကျောင်းပြီးလဲလို့ မေးရင် Bachelor level ကို ရည်ညွှန်းတာများလို့ Bachelor ရဲ့ major တွေကို analysis လုပ်ထားပြီး၊ Degree level အနေနဲ့ Bachelor နဲ့ Master ဘွဲ့ရာခိုင်နှုန်းကို သီးသန့်ခွဲပြထားပါတယ်။ Degree level မှာ Business ဘွဲ့နည်းပေမယ့် 38% ဖြစ်တဲ့ Master ဘွဲ့တွေမှာတော့ တဝက်လောက်က MBA ဘွဲ့တွေဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာက Degree ရဲ့ Others group မှာ MBBS လည်း ပါသလို အခြား Physics, Maths တို့လို သိပ္ပံဘွဲ့ တွေလည်း ပါဝင်ပါတယ်။


နောက်ဆုံး result တစ်ခုက Product Management ကို ဘယ် Industry တွေက focus ပိုလုပ်နေလဲဆိုတဲ့ အချက်ပါ။ လက်ရှိ data အရ Product Manager တွေကို Banking and Finance industry မှာ 50% ကျော်နဲ့ အများဆုံးတွေ့ရပါတယ်။ အခြားကတော့ Software company တွေနဲ့ Travel & Tour company တွေမှာ တွေ့နိုင်ပါတယ်။


ဒါကတော့ လက်ရှိမြန်မာနိုင်ငံရဲ့ လက်ရှိ Product Management field မှာ ကျင်လည်နေတဲ့ Product Manager တွေရဲ့ public professional profile တွေကို အခြေခံပြီး ပြုလုပ်ထားတဲ့ analysis ရလဒ်ပဲဖြစ်ပါတယ်။ Product Management career ကို စိတ်ဝင်စားတဲ့သူတွေအနေနဲ့ ဒီရလဒ်ကနေ သိနိုင်တာက Product Manager တစ်ယောက်ရဲ့ လုပ်ငန်းဆောင်တာတွေက IT နဲ့ တစ်နည်းမဟုတ် တစ်နည်း ဆက်နွယ်နေတာကြောင့် IT နဲ့ ဆက်နွယ်တဲ့ အလုပ် experience ဖြစ်စေ၊ ဘွဲ့ဖြစ်စေ ရှိတဲ့သူကို Company တွေက သင့်တော်တယ်လို့ မြင်ကြတယ်ဆိုတဲ့ အချက်ပါ။

နောက်ထပ် ဖတ်ချင်တဲ့ Topic တွေရှိရင်လည်း ဒီ Google Form ကနေတဆင့် အကြံပေးနိုင်ပါတယ်။ ProductBaze မှ Product သမားအချင်းချင်း idea တွေ၊ knowledge နဲ့ experience တွေ share ဖို့ နွေးနွေးထွေးထွေးဖိတ်ခေါ်ပါတယ်။

ProductBaze အကြောင်း (၁) မိနစ်စာ မိတ်ဆက် post လေးကို ဒီ link မှာ ဖတ်လို့ရပါတယ်။ ProductBaze ကို ဆက်သွယ်ချင်ရင် productbaze@gmail.com သို့ ပေးပို့ ဆက်သွယ်နိုင်ပါတယ်။

Comments

Popular Posts

SMART Goal ဘယ်လိုတည်ဆောက်မလဲ

Personal အတွက်ဖြစ်စေ၊ လုပ်ငန်းခွင်မှာဖြစ်စေ.. ရည်မှန်းချက်ကြီးမားတာ ကောင်းပေမယ့် ကိုယ်စိတ်ကူး ပေါ်ရာ ကိုယ်ဖြစ်ချင်ရာ ရည်မှန်းချက်တွေ ရမ်းသမ်းချမှတ်တာက လက်တွေ့မကျတဲ့၊ ချသာ ချမှတ်ထားပြီး အသုံးမဝင် Effective မဖြစ်တဲ့ ရည်မှန်းချက်တွေ ဖြစ်နေနိုင်ပါတယ်။ မဖြစ်နိုင်တဲ့ Goal နောက်ကိုလိုက်ရင်း ရင်းနှီးမြှုပ်နှံရတဲ့ အချိန်တွေ၊ ငွေကြေးတွေ၊ Resource တွေလည်း ဆုံးရှုံးမှုတွေဖြစ်စေနိုင်ပါတယ်။ “SMART Goal ဖြစ်ဖို့တော့ လိုမယ်နော်” ဆိုတဲ့ စကားမျိုး ကြားဖူးကြပါလိမ့်မယ်။ SMART Goal ဆိုတဲ့ concept ကို စီးပွားရေးလောက၊ Marketing အပြင် နယ်ပယ်အသီးသီးမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုကြပါတယ်။ SMART Goal ဆိုတာ တိုတိုပြောရရင် တိကျရှင်းလင်းပြီး လက်တွေ့ကျတဲ့ Goal တွေချမှတ်ခြင်းလို့ ပြောနိုင်ပါတယ်။ မိမိ Business အတွက်၊ Product အတွက်၊ Team အတွက်၊ Personal အတွက် Goal တွေ ချမှတ်တဲ့အခါ လက်တွေ့ဖြစ်နိုင်ချေရှိတဲ့ ရည်မှန်းချက်ကို သေချာသတ်မှတ်ပေးနိုင်တဲ့ SMART Objective နည်းလမ်းကို သုံးကြည့်သင့်ပါတယ်။ SMART Goal ဆိုတာက ကိုယ့်ချမှတ်ရေးဆွဲမယ့် Goal တွေက S (Specific) - ဘာကိုရရှိအောင်လုပ်မယ်ဆိုတာ တိတိကျကျဖြစ်ရမယ် M (

အသုံးများတဲ့ Product Testing တွေ

Webinar တစ်ခုမှာ Product Testing တွေအကြောင်းထည့်ပြောတော့ နောက်ဆုံးအမေးအဖြေအချိန်မှာ အမေးခံရဖူးတာလေး မှတ်မှတ်ရရရှိလို့ပါ။ “A/B Testing ဆိုတာ Alpha Testing, Beta Testing ကို ပြောတာလား” ဆိုတဲ့ မေးခွန်းပါ။ သိတဲ့သူအတွက်တော့ ဘာမှမဆိုင်တဲ့ Testing တွေမှန်း တန်းသိနိုင်ပေမယ့် တစ်ဖက်မှာလည်း မေးလည်းမေးချင်စရာ အခေါ်အဝေါ်က ခပ်ဆင်ဆင်တူနေတာကိုးလို့ တွေးမိပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ မကြာမကြာလည်း ပြောဖြစ်ကြပြီး၊ အသုံးလည်းများ၊ အသုံးလည်းဝင်တဲ့ Alpha Testing, Beta Testing နဲ့ A/B Testing တို့အကြောင်းကို တီးမိခေါက်မိအောင် ရေးချင်ပါတယ်။ Feature Development တွေပြီးတဲ့အခါ Product Owner နဲ့ Development Team တွေ User Acceptance Testing (UAT) ကို အတူတကွ ပြုလုပ်ကြပါတယ်။ QA က အဓိက Test တာဖြစ်နိုင်ပေမယ့် အားလုံးက ပူးပေါင်းလုပ်ဆောင်ကြရတာပါ။ Product (သို့) Feature က UAT လည်းပြီးပြီ၊ Release လုပ်တော့မယ်လို့ စ Plan တဲ့အခါ Alpha Testing နဲ့ Beta Testing အခန်းကဏ္ဍဆီ ရောက်ပါတယ်။ Alpha Testing Alpha Testing ဆိုတာ လွယ်လွယ်ပြောရရင် ကိုယ့်လူနဲ့ကိုယ် အရင်စမ်းသပ်တဲ့ Testing အမျိုးအစားပါ။ မိမိရဲ့ Software

ကိုယ့် Boss ကို ဘယ်လို Manage လုပ်မလဲ

“Manage My Boss” ဆိုတဲ့ ခေါင်းစဉ်ကြီးဖတ်လိုက်ရလို့ တမျိုးကြီးဖြစ်သွားမယ်ထင်ပါတယ်။ သို့ပေမယ့် ကျွန်တော် အခုပြောပြမယ့် “How to Manage your Boss” က Management အကြောင်း လေ့လာတဲ့အခါတွေမှာလည်း ပါဝင်လေ့ရှိသလို အပြင်လုပ်ငန်းခွင်မှာလည်း တကယ်အရေးပါတဲ့ ကိစ္စရပ်ပါပဲ။ ကိုယ်ကိုယ်တိုင်က Middle Management Level လို့ပြောကြတဲ့ Manager ဖြစ်နေမယ်၊ ကိုယ့်အောက်မှာ Team Members တွေရှိသလို၊ ကိုယ့်အပေါ်မှာလည်း ကိုယ် Report လုပ်ရတဲ့ Senior Manager သော်လည်းကောင်း၊ Head သော်လည်းကောင်း၊ C-Level သော်လည်းကောင်း ကိုယ့် Boss ရှိမယ်ပေ့ါ။ Management Term အရဆိုရင် ကိုယ့် Team ကို Manage လုပ်ရတာကို “Managing Down” or “Downward Management” လို့ ခေါ်ပြီး၊ ကိုယ့် Boss ကို Manage လုပ်တာကို “Managing Up” or “Upward Management”လို့ခေါ်ပါတယ်။ အဲ့တော့ အခုဆွေးနွေးမှာက Upward Management အကြောင်းပါ။ အိုကေ… ကိုယ့် Boss ကို ဘယ်လို Manage လုပ်တာလဲ??? ကိုယ်က Manage လုပ်ခံရမှာမဟုတ်ဘူးလား??? ကိုယ့်အတွက်ရော ဘယ်လို အကျိုးရှိမှာလဲ??? “Boss ကို Manage လုပ်တယ်ဆိုတာ ဘာလဲ” ကနေ စရအောင်ပါ။ Boss ကို Manage လုပ်တဲ့ အဓိက Goal က Boss ကို အပြည

Cross-Functional Team အကြောင်း တစေ့တစောင်း

Cross-functional Team ဆိုတာ အပြောလည်းများသလို အသုံးလည်းများပါတယ်။ Product Team တွေမှာလည်း Cross-functional Team ပုံစံကို တော်တော်များများ အသုံးပြုကြပါတယ်။ ProductBaze ဆောင်းပါးအချို့မှာလည်း ထည့်ရေးဖူးပြီး၊ Product Squad ဆောင်းပါးမှာ Squad တည်ဆောက်ပုံက Cross-functional Team ပုံစံကို အခြေခံတဲ့အကြောင်းရေးရင်းနဲ့ Cross-functional Team အကြောင်းလေးကိုပါ မိတ်ဆက်ပေးဖို့ ဖြစ်လာပါတယ်။ ပုံမှန် Organization တွေမှာ Department တွေ, Team တွေက လုပ်ငန်းသဘောသဘာဝ တူညီရာ (Tech, Marketing, Sales, Operation…) စသဖြင့် အသီးသီး ဖွဲ့စည်းထားကြပြီး ဖွဲ့စည်းပုံကလည်း အထက်ကနေ အောက် Hierarchy အတိုင်းဖြစ်ကြပါတယ်။ Decision တစ်ခုလိုအပ်ရင်လည်း Hierarchy အတိုင်း အပေါ်ကို ပြန်တက်ပြီး Request လုပ်ကြရသလို၊​ Company တစ်ခုထဲက Team အသီးသီးက အခြား Department တွေ ဘာလုပ်နေလဲဆိုတာ သိဖို့ ထင်သလောက် မလွယ်ကူပါဘူး။ Silos Team (တသီးတသန့် အလုပ်လုပ်တဲ့ Team) တွေ ဖြစ်လာပြီး Direction တွေ ညှိရခက်တတ်ပါတယ်။ Cross-functional Team ဆိုတာက Organization ထဲမှာ ကျွမ်းကျင်မှုမတူ (သို့မဟုတ်) ဌာနမတူတဲ့ လူတွေကို Team အနေနဲ့ဖွဲ့ပေးပြီး Project တစ်

Agile ဆိုတာဘာလဲ

Agile က Software Development တွေမှာ အဓိကသုံးတဲ့ နည်းစနစ်ဖြစ်ပြီး၊ Develop လုပ်နေတဲ့ ကာလတောက်လျှောက်မှာ Requirements အပြောင်းအလဲတွေကို ကောင်းကောင်းလက်ခံနိုင်တဲ့ နည်းစနစ်ဖြစ်တာကြောင့် အလွန်အသုံးများလာကြပါတယ်။ Project Management အတွက် Agile ကို တွင်တွင်ကျယ်ကျယ်သုံးလာတာနဲ့ အမျှ Project Manager, Product Manager, Scrum Master, Business Owner, Delivery Manager နဲ့ Software Engineers တွေပါ Agile အကြောင်းကို လေ့လာဖို့လိုအပ်လာပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ Agile နဲ့ပတ်သက်ပြီး မိတ်ဆက် ပြောပြသွားပါမယ်။ Agile ဆိုတာဘာလဲ Agile ဆိုတာ Software Industry မှာ Product (သို့) Service တစ်ခုကို Customer ဆီကို အစောဆုံးနဲ့ စဥ်ဆက်မပြတ် ထုတ်ပေးနိုင်ဖို့ အသုံးပြုတဲ့ နည်းစနစ်ဖြစ်ပါတယ်။ Agile နည်းက မြန်ဆန်ပေ့ါပါးပြီး အပြောင်းအလဲတွေကို လိုက်လျောညီထွေ လက်ခံနိုင်တဲ့ နည်းစနစ် ဖြစ်တာကြောင့်၊ Market လိုအပ်ချက်၊ Customer လိုအပ်ချက်တွေနဲ့အညီ Product ကို အချိန်မီ ထုတ်ပေးနိုင်စေပါတယ်။ Product တစ်ခုလုံးကို အစ-အဆုံး ပြီးအောင် တည်ဆောက်ပြီးမှ Customer ကို ပေးသုံးတာမဟုတ်ပဲ… Customer ရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး Feature တွေက