Skip to main content

Product Manager နဲ့ Project Manager ဘယ်လိုကွာလဲ

အတိုချုံးပြောရရင်တော့ Product Manager က Product တစ်ခု Market ထဲမှာ အောင်မြင်အောင် တာဝန်ယူရသူဖြစ်ပြီး၊ Project Manager ကတော့ အဲ့ Product တစ်ခု လုပ်ဖို့ လိုအပ်တဲ့ activities (or) projects တွေအောင်မြင်အောင် တာဝန်ယူရသူဖြစ်တယ်။ Product Manager တစ်ယောက် အတွက် အောင်မြင်မှုကို KPI (Key Performance Indicators) (သို့) Product Metrics တွေနဲ့ တိုင်းတာနိုင်ပြီး၊ Project Manager အတွက် အောင်မြင်မှုကို Project ရဲ့ Timeline တွေ၊ Budget အနေအထားတွေနဲ့ တိုင်းတာလေ့ရှိကြတယ်။
ဆိုတော့...Product Manager နဲ့ Project Manager ဘယ်လိုကွာလဲ....
ဒီ Role နှစ်ခုက သီးခြားစီ ရပ်တည်နေတဲ့ Role တွေလို့တော့ ပြောလို့မရဘူး။ Product Manager အနေနဲ့ Project Management Skills တွေရှိထားသင့်သလို… Project Manager အနေနဲ့လည်း Vice Versa ပဲ။
ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကို ပြောရရင် ကျွန်တော် Company တစ်ခုမှာလုပ်တုန်းက Management Level ကို Feature အသစ် အကြောင်း၊ အဲ့ Feature က Company နဲ့ Customers တွေကို ဘယ်လို အထောက်အကူဖြစ်ကြောင်း Presentation လုပ်ပြရတယ်။ Presentation ကတော့ Success ပေါ့၊ ဒါပေမယ့် Chief တစ်ယောက်ဆီကနေ ရုတ်တရက် “Tech Team ဘက်ကနေ ဘယ်လောက်မြန်မြန် Deliver လုပ်ပေးနိုင်သလဲ” ဆိုပြီး မေးခွန်းတစ်ခုလာတယ်။ ကျွန်တော်ကတော့ ကိုယ့် Feature ရဲ့ Product Management ဘက်ပဲ Focus လုပ်နေတော့ Timeline တွေ၊ Development တွေကို ရုတ်တရက် ပြန်ဖြေဖို့ အသင့်မဖြစ်နေဘူး။ Morale of the story အနေနဲ့ အဲ့ဒီအချိန် Project Management ဘက်ပါ အာရုံစိုက်မိရင်တော့ ဒီမေးခွန်းအတွက် ပြင်ဆင်လာမိမှာလို့ ​တွေးမိတာပါပဲ။ Product သမားနဲ့ Project သမားရဲ့ Focus ထားစရာ မတူညီတာကို သတိထားမိသွားတယ်။
ဒါဆို...Product Manager နဲ့ Project Manager အကြောင်းကို နဲနဲ လေ့လာရအောင်။
Project ဆိုတာက Product (သို့) Service တစ်ခုကို ဖန်တီးရတဲ့ process (or) activities တစ်ခုဖြစ်တယ်။ Project တစ်ခုမှာ စတဲ့ရက် (Starting Date) နဲ့ ဆုံးတဲ့ရက် (Ending Date) တွေ ရှိမယ်။ ပြီးရင် နောက်ထပ် Project တစ်ခုပြီးတစ်ခု ဆက်သွားမယ်။ Project Manager က အဲ့ ​Projects တွေရဲ့ Timeline တွေ၊ အဲ့ Project မှာပါဝင်မယ့် Resources တွေ၊ Project ထဲပါမယ့် Stakeholders တွေရဲ့ အချင်းချင်း Communication၊ Collaboration တွေကို ဦးဆောင်ဖြေရှင်းရသူပါ။ နေ့စဥ် Team Members တွေနဲ့ပြောဆိုပြီး Project အတွက် blockers တွေ၊ မမြင်နိုင်တဲ့ surprise တွေကို ခက်သွက်သွက် ဖယ်ရှားရသူလည်းဖြစ်တယ်။ အဓိက ကိုင်တွယ်ရတာက Project Timeline ဆိုလည်းမမှားဘူး။ Project က ထင်ထားတဲ့ အတိုင်လည်း မပြီးနိုင်ဘူး Perform လည်း ကောင်းကောင်း မလုပ်နိုင်တော့ဘူး ဆိုရင် Team ကို motivate လုပ်၊ မလိုအပ်တဲ့ Risk တွေကို လျှော့ချနိုင်သလောက် လျှော့ချ၊ Urgent Decision တွေ မြန်မြန်သွက်သွက်ချ၊ Task အသစ် တွေ ထပ်ခွဲ၊ နောက်ဆုံးမှာ Project Timeline ပေါ် ပြန်ရောက်အောင် ဆွဲတင် ပေးရပါတယ်။ Project Manager ရဲ့ အောင်မြင်မှုကိုတိုင်းတာရရင် ပေးထားတဲ့ Timeline နဲ့ Budget ထဲမှာ Project ပြီးမြောက်နိုင်မှုဖြစ်ပါတယ်။
Product က မိမိ Customer တွေရဲ့ ပြဿနာတွေ၊ Market Demand တွေကို ဖြေရှင်းပေးရတဲ့ System တစ်ခုဖြစ်ပါတယ်။ Product တစ်ခုဟာ Company ရဲ့ Growth (သို့) Value ကို အထောက်အပံ့ပေးနိုင်ရပါတယ်။ Product Manager အနေနဲ့ မိမိ Product အောင်မြင်မှုမှာ အခရာ ကျတာကြောင့်လည်း “CEO of the Product” ဆိုပြီး ရည်ညွှန်းချင်း ခံကြရတယ်။ နေ့စဥ် Customer တွေရဲ့ အခက်အခဲတွေကို နားထောင်ပြီး Product Team နဲ့အတူ brainstorm လုပ်ကာ ထိုအခက်အခဲတွေကို တစ်ဆင့် ပြီးတစ်ဆင့် ဖြေရှင်းပေးရပါတယ်။ Product အောင်မြင်မှုကို KPI တွေ Metrics တွေ သတ်မှတ်ပြီး တိုင်းတာကြသလို အရိုးအရှင်းဆုံး ပြောရရင် မိမိ Product က မိမိ Customer တွေရဲ့ Pain Point တွေကို ဖြေရှင်းနိုင်သလား၊ Market Demand ကို ဖြည့်စွက်နိုင်သလား၊ Product-Market-Fit ဖြစ်သလားကို တိုင်းတာလေ့ရှိတယ်။ Project Manager ဓလေ့နဲ့ မတူတာကတော့ Project တစ်ခုပြီးတာနဲ့ Task အလုံးစုံ ပြီးတာမဟုတ်ဘဲ အမြဲတမ်း တိုင်းတာ၊ သင်ယူပြီးတော့ Iteration ပုံစံနဲ့ ဆက်သွားရပါတယ်။
အဲ့တော့ Product Manager နဲ့ Project Manager ရဲ့ main responsibilities တချို့ကို ခွဲခြမ်းကြည့်ရအောင်။
Product Manager အနေနဲ့ …
၁။ Product Vision ကို ဖွင့်ဆိုပေးခြင်း၊ Company Vision နှင့် Align လုပ်ပေးခြင်း။
၂။ Customer Requirements တွေယူပြီး Product Features တွေကို Prioritize လုပ်ပေးခြင်း။
၃။ Sales, Operations နှင့် Marketing Team တို့နဲ့ တူတူ Customer Satisfaction ရအောင် လုပ်ဆောင်ခြင်းတို့ဖြစ်တယ်။
Project Manager အနေနဲ့…
၁။ Project ကို လိုချင်တဲ့ Scope နဲ့ Budget ထဲ ဝင်အောင် Plan ခြင်း။
၂။ Team Member တွေ Blockers မရှိအောင် ဖယ်ရှားပေးခြင်း။
၃။ Project ကို Risk နဲနဲနှင့် Timeline အတိုင်း အချိန်မှီအောင် Deliver လုပ်ပေးခြင်းတို့ဖြစ်ပါတယ်။
အဲ့တော့ စိတ်ဝင်စားစရာ မေးခွန်းတစ်ခုက...Product Management နဲ့ Project Management ကို တစ်ယောက်တည်းက လုပ်လို့ရသလားပေါ့။
တစ်ယောက်တည်းလုပ်ရင်ကော...ဘယ်အပိုင်းတွေမှာ အားနည်းသွားနိုင်လဲ?
၁။ Focus တွေပျောက်လာနိုင်ခြင်း
Product Manager က External Stakeholders တွေ ကို handle လုပ်ပြီး၊ Project Manager က Internal ကို အဓိကထား handle လုပ်ရပါတယ်။ Product Manager က Customers တွေအခက်အခဲကို အမြဲ စောင့်ကြည့်၊ Usability Testing တွေလုပ်၊ တခြား Department တွေနဲ့ Activity တွေလုပ်ပြီး Product တစ်ခု Market ထဲဝင်ရောက်ဖို့လုပ်ဆောင်နေချိန်မှာ Development Team တွေ ဘယ်လို Develop လုပ်နေတယ်၊ သူတို့ရဲ့အခက်အခဲက ဘာတွေလဲဆိုတာကို နားထောင် ဆုံးဖြတ်ပေးရတဲ့ Project Management ဘက်ကိုအာရုံရောက်နေရင် Product အတွက် Focus တွေပျောက်လာနိုင်ပါတယ်။
၂။ လိုအပ်တဲ့ Skill အပြည့်မရှိနိုင်ခြင်း
Product Manager အနေနဲ့ Project Manager တစ်ယောက်မှာရှိရမယ့် Skill တွေအားလုံး ရှိကောင်းချင်မှရှိနိုင်မှာပါ။ ဥပမာ Task တွေကို ခွဲရမယ်...မိမိ Development Team က Estimate လုပ်ဖို့ item တွေပြောနေချိန်မှာ မိမိ Background မဖြစ်တဲ့အတွက် ဝင်ရောက်မဆွေးနွေးနိုင်တာမျိုး၊ လိုအပ်တဲ့ အကူအညီ မြန်မြန်သွက်သွက် မပေးနိုင်တာမျိုး တွေဖြစ်နိုင်ပါတယ်။
၃။ Bottleneck ဖြစ်နိုင်ခြင်း
မိမိမှာ Product ကော၊ Project​ ကော တာဝန်ယူထားပြီး မိမိ Stakeholders တွေကလည်း Expectations အရမ်း မြင့်နေရင်၊ သေချာပြီ... မိမိ Bottleneck ထဲ ရောက်နေပါပြီ။ မိမိမှာ အကောင်းဆုံးမစွမ်းဆောင်နိုင်တော့ဘဲ နေရာတိုင်းမှာ လိုအပ်မှုတွေရှိနိုင်ပါတယ်။ မိမိကိုမှီခိုနေတဲ့ Team တွေကလည်း အဲ့အတွက်ကြောင့် အကောင်းဆုံး မလုပ်ဆောင်နိုင်ဖြစ်တတ်ပါတယ်။
အဲ့တော့ Role နှစ်ခုက တစ်ယောက်တည်း လုပ်ဆောင်နိုင်သလား...အပေါ်က ထောက်ပြထားတဲ့ Concern တွေ မရှိရင်တော့ သေချာပေါက်လုပ်နိုင်ပါလိမ့်မယ်။ များသောအားဖြင့် Company သေးရင် Product သမား၊ Project သမားရယ်လို့ မခွဲထားဘဲ တစ်ယောက်တည်း Run နိုင်ပါတယ်။ ဒါပေမယ့် Company ကြီးရင်၊ Product အပေါ် သေချာအာရုံစိုက်တဲ့ Company ဖြစ်ရင်၊ Product နဲ့ Project အပေါ်မှာ Expectations တွေ သေချာသတ်မှတ်ထားရင်တော့ ​Product Manager ရယ်၊ Project Manager ရယ်ဆိုပြီး Role နှစ်ခုရှိနေခြင်းက အောင်မြင်တဲ့ Product ဖြစ်ဖို့ ပိုမို focus ရနိုင်ပြီး Underperformance မဖြစ်စေဖို့လည်း တားဆီးနိုင်ပါလိမ့်မယ်။
----------
Product သမားအချင်းချင်း idea တွေ၊ knowledge နဲ့ experience တွေ share ဖို့ နွေးနွေးထွေးထွေးဖိတ်ခေါ်ပါတယ်။ နောက်ထပ် Post တွေမှာ product management နဲ့ ပတ်သက်တဲ့ ဘယ်လို topic တွေဖတ်ချင်လဲဆိုတာ ဒီ Google Form ကနေတဆင့် အကြံပေးနိုင်ပါတယ်။
ProductBaze အကြောင်း (၁) မိနစ်စာ မိတ်ဆက် post လေးကို ဒီ link မှာ ဖတ်နိုင်ပါတယ်။ ProductBaze ကို ဆက်သွယ်ချင်ရင် productbaze@gmail.com သို့ ပေးပို့ ဆက်သွယ်နိုင်ပါတယ်။

Comments

Popular Posts

SMART Goal ဘယ်လိုတည်ဆောက်မလဲ

Personal အတွက်ဖြစ်စေ၊ လုပ်ငန်းခွင်မှာဖြစ်စေ.. ရည်မှန်းချက်ကြီးမားတာ ကောင်းပေမယ့် ကိုယ်စိတ်ကူး ပေါ်ရာ ကိုယ်ဖြစ်ချင်ရာ ရည်မှန်းချက်တွေ ရမ်းသမ်းချမှတ်တာက လက်တွေ့မကျတဲ့၊ ချသာ ချမှတ်ထားပြီး အသုံးမဝင် Effective မဖြစ်တဲ့ ရည်မှန်းချက်တွေ ဖြစ်နေနိုင်ပါတယ်။ မဖြစ်နိုင်တဲ့ Goal နောက်ကိုလိုက်ရင်း ရင်းနှီးမြှုပ်နှံရတဲ့ အချိန်တွေ၊ ငွေကြေးတွေ၊ Resource တွေလည်း ဆုံးရှုံးမှုတွေဖြစ်စေနိုင်ပါတယ်။ “SMART Goal ဖြစ်ဖို့တော့ လိုမယ်နော်” ဆိုတဲ့ စကားမျိုး ကြားဖူးကြပါလိမ့်မယ်။ SMART Goal ဆိုတဲ့ concept ကို စီးပွားရေးလောက၊ Marketing အပြင် နယ်ပယ်အသီးသီးမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုကြပါတယ်။ SMART Goal ဆိုတာ တိုတိုပြောရရင် တိကျရှင်းလင်းပြီး လက်တွေ့ကျတဲ့ Goal တွေချမှတ်ခြင်းလို့ ပြောနိုင်ပါတယ်။ မိမိ Business အတွက်၊ Product အတွက်၊ Team အတွက်၊ Personal အတွက် Goal တွေ ချမှတ်တဲ့အခါ လက်တွေ့ဖြစ်နိုင်ချေရှိတဲ့ ရည်မှန်းချက်ကို သေချာသတ်မှတ်ပေးနိုင်တဲ့ SMART Objective နည်းလမ်းကို သုံးကြည့်သင့်ပါတယ်။ SMART Goal ဆိုတာက ကိုယ့်ချမှတ်ရေးဆွဲမယ့် Goal တွေက S (Specific) - ဘာကိုရရှိအောင်လုပ်မယ်ဆိုတာ တိတိကျကျဖြစ်ရမယ် M (

Cross-Functional Team အကြောင်း တစေ့တစောင်း

Cross-functional Team ဆိုတာ အပြောလည်းများသလို အသုံးလည်းများပါတယ်။ Product Team တွေမှာလည်း Cross-functional Team ပုံစံကို တော်တော်များများ အသုံးပြုကြပါတယ်။ ProductBaze ဆောင်းပါးအချို့မှာလည်း ထည့်ရေးဖူးပြီး၊ Product Squad ဆောင်းပါးမှာ Squad တည်ဆောက်ပုံက Cross-functional Team ပုံစံကို အခြေခံတဲ့အကြောင်းရေးရင်းနဲ့ Cross-functional Team အကြောင်းလေးကိုပါ မိတ်ဆက်ပေးဖို့ ဖြစ်လာပါတယ်။ ပုံမှန် Organization တွေမှာ Department တွေ, Team တွေက လုပ်ငန်းသဘောသဘာဝ တူညီရာ (Tech, Marketing, Sales, Operation…) စသဖြင့် အသီးသီး ဖွဲ့စည်းထားကြပြီး ဖွဲ့စည်းပုံကလည်း အထက်ကနေ အောက် Hierarchy အတိုင်းဖြစ်ကြပါတယ်။ Decision တစ်ခုလိုအပ်ရင်လည်း Hierarchy အတိုင်း အပေါ်ကို ပြန်တက်ပြီး Request လုပ်ကြရသလို၊​ Company တစ်ခုထဲက Team အသီးသီးက အခြား Department တွေ ဘာလုပ်နေလဲဆိုတာ သိဖို့ ထင်သလောက် မလွယ်ကူပါဘူး။ Silos Team (တသီးတသန့် အလုပ်လုပ်တဲ့ Team) တွေ ဖြစ်လာပြီး Direction တွေ ညှိရခက်တတ်ပါတယ်။ Cross-functional Team ဆိုတာက Organization ထဲမှာ ကျွမ်းကျင်မှုမတူ (သို့မဟုတ်) ဌာနမတူတဲ့ လူတွေကို Team အနေနဲ့ဖွဲ့ပေးပြီး Project တစ်

ကိုယ့် Boss ကို ဘယ်လို Manage လုပ်မလဲ

“Manage My Boss” ဆိုတဲ့ ခေါင်းစဉ်ကြီးဖတ်လိုက်ရလို့ တမျိုးကြီးဖြစ်သွားမယ်ထင်ပါတယ်။ သို့ပေမယ့် ကျွန်တော် အခုပြောပြမယ့် “How to Manage your Boss” က Management အကြောင်း လေ့လာတဲ့အခါတွေမှာလည်း ပါဝင်လေ့ရှိသလို အပြင်လုပ်ငန်းခွင်မှာလည်း တကယ်အရေးပါတဲ့ ကိစ္စရပ်ပါပဲ။ ကိုယ်ကိုယ်တိုင်က Middle Management Level လို့ပြောကြတဲ့ Manager ဖြစ်နေမယ်၊ ကိုယ့်အောက်မှာ Team Members တွေရှိသလို၊ ကိုယ့်အပေါ်မှာလည်း ကိုယ် Report လုပ်ရတဲ့ Senior Manager သော်လည်းကောင်း၊ Head သော်လည်းကောင်း၊ C-Level သော်လည်းကောင်း ကိုယ့် Boss ရှိမယ်ပေ့ါ။ Management Term အရဆိုရင် ကိုယ့် Team ကို Manage လုပ်ရတာကို “Managing Down” or “Downward Management” လို့ ခေါ်ပြီး၊ ကိုယ့် Boss ကို Manage လုပ်တာကို “Managing Up” or “Upward Management”လို့ခေါ်ပါတယ်။ အဲ့တော့ အခုဆွေးနွေးမှာက Upward Management အကြောင်းပါ။ အိုကေ… ကိုယ့် Boss ကို ဘယ်လို Manage လုပ်တာလဲ??? ကိုယ်က Manage လုပ်ခံရမှာမဟုတ်ဘူးလား??? ကိုယ့်အတွက်ရော ဘယ်လို အကျိုးရှိမှာလဲ??? “Boss ကို Manage လုပ်တယ်ဆိုတာ ဘာလဲ” ကနေ စရအောင်ပါ။ Boss ကို Manage လုပ်တဲ့ အဓိက Goal က Boss ကို အပြည

အသုံးများတဲ့ Product Testing တွေ

Webinar တစ်ခုမှာ Product Testing တွေအကြောင်းထည့်ပြောတော့ နောက်ဆုံးအမေးအဖြေအချိန်မှာ အမေးခံရဖူးတာလေး မှတ်မှတ်ရရရှိလို့ပါ။ “A/B Testing ဆိုတာ Alpha Testing, Beta Testing ကို ပြောတာလား” ဆိုတဲ့ မေးခွန်းပါ။ သိတဲ့သူအတွက်တော့ ဘာမှမဆိုင်တဲ့ Testing တွေမှန်း တန်းသိနိုင်ပေမယ့် တစ်ဖက်မှာလည်း မေးလည်းမေးချင်စရာ အခေါ်အဝေါ်က ခပ်ဆင်ဆင်တူနေတာကိုးလို့ တွေးမိပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ မကြာမကြာလည်း ပြောဖြစ်ကြပြီး၊ အသုံးလည်းများ၊ အသုံးလည်းဝင်တဲ့ Alpha Testing, Beta Testing နဲ့ A/B Testing တို့အကြောင်းကို တီးမိခေါက်မိအောင် ရေးချင်ပါတယ်။ Feature Development တွေပြီးတဲ့အခါ Product Owner နဲ့ Development Team တွေ User Acceptance Testing (UAT) ကို အတူတကွ ပြုလုပ်ကြပါတယ်။ QA က အဓိက Test တာဖြစ်နိုင်ပေမယ့် အားလုံးက ပူးပေါင်းလုပ်ဆောင်ကြရတာပါ။ Product (သို့) Feature က UAT လည်းပြီးပြီ၊ Release လုပ်တော့မယ်လို့ စ Plan တဲ့အခါ Alpha Testing နဲ့ Beta Testing အခန်းကဏ္ဍဆီ ရောက်ပါတယ်။ Alpha Testing Alpha Testing ဆိုတာ လွယ်လွယ်ပြောရရင် ကိုယ့်လူနဲ့ကိုယ် အရင်စမ်းသပ်တဲ့ Testing အမျိုးအစားပါ။ မိမိရဲ့ Software

၅ မိနစ်စာ Product Roadmap

Product တစ်ခုစလုပ်ရင် အလိုအပ်ဆုံးက Product Roadmap လို့ပြောလို့ရမယ်။ Product Roadmap က မိမိ လုပ်မယ့် Product အကြောင်း Overview ပြောပြပေးနိုင်သလို၊ မိမိ Product Goal တွေကို ဘယ်လိုရောက်အောင် လျှောက်မလဲဆိုတာကို ချပြပေးလို့ပါပဲ။ Product Roadmap မရှိရင် ကိုယ်ထင်ရာ လုပ်မိနေနိုင်ပြီး မိမိ Goals တွေကို လက်လှမ်းမမှီနိုင်ဖြစ်သွားလိမ့်မယ်။ Product Roadmap ရှိတော့ ကိုယ့် Team Member တွေဖြစ်ဖြစ်၊ CEO ဒါမှမဟုတ် Investor တွေနဲ့ပဲပြောပြော အသုံးဝင်ပါလိမ့်မယ်။ ဒါဆို Product Roadmap ဘယ်လိုဆွဲရမလဲလို့မေးမယ် ။ အလုပ်အဖြစ်ဆုံး Product Roadmap Template ဆိုပြီးတော့မရှိပါဘူး။ မိမိ Roadmap ကို ကြည့်မယ့်လူပေါ်မူတည်ပြီး Roadmap ဒီဇိုင်းတွေကပြောင်းလဲရပါမယ်။ ဥပမာ… CEO က Timeline တွေနဲ့ ဘယ်နေ့ဘာ Feature ပြီးမှာလဲကို ကြည့်ချင်နေတဲ့အချိန် ကိုယ်က Feature List ပဲ သွားပြလို့မရပါဘူး။ Template မရှိပေမယ့် ဒီနေရာမှာ Share ပေးချင်တာက ကျွန်တော့် အတွက် အလုပ်ဖြစ်ခဲ့တဲ့ Roadmap Key Components တွေနဲ့ တခြား popular ဖြစ်တဲ့ Product Roadmap တွေကို ဝေမျှပေးသွားပါမယ်။ Product Roadmap မှာ အတွေ့အများဆုံးက Quarterly Roadmap (Q1,