Skip to main content

Product Manager ဖြစ်ဖို့ ဘာတွေလိုအပ်လဲ


Product Management field ထဲ ဝင်ပြီးနောက်ပိုင်း ကျွန်တော်ခဏခဏမေးခံရတဲ့ မေးခွန်းက “Product Manager ဖြစ်ဖို့ ဘာတွေလိုအပ်လဲ” ဆိုတာပါပဲ... ဒီ ProductBaze ရဲ့ Topic Request မှာလဲ ရေးဖို့ တောင်းဆိုခံရပါတယ်။
Product Manager ဆိုတာ CEO of the Product လို့ တင်စားခံရတဲ့အတွက် စိတ်ဝင်စားဖို့ကောင်းတဲ့၊ Powerful ဖြစ်တဲ့ Role လို့ ယူဆကြပါတယ်။ Product ကို develop လုပ်တဲ့ team တွေကို ဦးဆောင်ရတဲ့ Product Manager ရဲ့အလုပ်က စိတ်ဝင်စားဖို့ကောင်းတာ အမှန်ပါပဲ။ Product နဲ့ပတ်သက်ရင် Responsibility အရှိဆုံးသူဖြစ်လို့သာ CEO of the Product လို့ တင်စားကြတာ ဖြစ်ပေမယ့် Product team တွေအပေါ် management power ရှိတဲ့ Role မျိုးလို့တော့ အထင်မမှားစေချင်ပါဘူး။
မေးခွန်းဆီ ပြန်သွားရရင် Product Manager ဖြစ်ဖို့ ဘာတွေလိုအပ်လဲ??
  • Engineering Background မဖြစ်မနေရှိဖို့လိုလား?
  • Product Management Certificate တွေရှိဖို့လိုလား?
  • MBA ပြီးဖို့လိုလား?
  • PMP Certificate ရှိဖို့ရောလိုလား?
အဖြေက အပေါ်အချက်တွေ မဖြစ်မနေရှိမှ Product Manager ဖြစ်နိုင်တာ မဟုတ်ပါဘူး... ရှိရင်တော့ Product Manager ရဲ့ နေ့စဉ် tasks တွေလုပ်ဆောင်ရာမှာ တစ်ထောင့်တစ်နေရာကနေ အထောက်အကူဖြစ်ပါလိမ့်မယ်... မရှိမဖြစ်တော့ မဟုတ်ပါဘူး...
Product Manager ဖြစ်ဖို့ ဘာတွေလိုအပ်လဲဆိုတဲ့နေရာမှာ ဘယ်လို personality ရှိတဲ့သူနဲ့ သင့်တော်လဲဆိုတာ အရင်ပြောပြချင်ပါတယ်။
သိလိုစိတ်များရမယ် - Product or Service ဆိုတာ Consumer တွေရဲ့ problem တစ်ခုခုကို ဖြေရှင်းဖို့ကနေ အစပြုတာပါ.. Problem ကိုဘယ်လိုဖြေရှင်းမလဲဆိုတဲ့ စူးစမ်းစိတ်ကနေ အခြေတည်တယ်လို့ ပြောလို့ရပါတယ်.. Product ဖြစ်လာပြီးနောက်မှာလဲ မိမိ Product က ဘယ်အခြေအနေရှိနေလဲ၊ ဘာ issues တွေ ရှိနေလဲ၊ မိမိ customer တွေက ဘာလိုချင်နေလဲ၊ ဘာတွေပြင်ဆင်ဖို့လိုအပ်နေလဲ၊ ဘာ feature တွေ ထပ်ထည့်ဖို့/ဖြုတ်ပစ်ဖို့ လိုအပ်လဲ... Product နဲ့ပတ်သက်ပြီး၊ Problems တွေနဲ့ပတ်သက်ပြီး အမြဲ curious ဖြစ်နေဖို့ လိုအပ်လို့ပါ
ဖြတ်ထိုးဉာဏ်ကောင်းရမယ်၊ Problem-solving skill ရှိရမယ် - Product Manager ဆိုတာ Problem solver လို့တောင် ပြောရလောက်အောင် Issue တွေ၊ Problem တွေ ဖြေရှင်းရတဲ့သူပါ၊ နေ့စဉ်ကြုံရမယ့် Problem တွေအတွက် အထိရောက်ဆုံး၊ effort အနည်းဆုံး၊ အကောင်းဆုံး၊ အမြန်ဆုံးဆိုတဲ့ solution တွေကို အချိန်မဆိုင်းပဲ ပေးရသူပါ
Communication ကောင်းရမယ် - Product team က cross-functional team ဖြစ်တဲ့အတွက် Product Manager က Product team မှာပါဝင်တဲ့ department တွေရဲ့ ကြားထဲကနေ အဓိက communication လုပ်ပေးရသူပါ။ ဒါ့အပြင် Customer နဲ့ communicate လုပ်ရတာ၊ top management နဲ့ communicate လုပ်ရတာမျိုးတွေပါ ရှိတာမို့ ဘယ်အခြေအနေမှာ ဘယ်သူနဲ့မဆို အဆင်ပြေပြေ conversation လုပ်နိုင်ရသူပါ
Product ကို ချစ်တတ် / မုန်းတတ်ရမယ် - Product တစ်ခုကို သုံးကြည့်တဲ့အချိန်မှာ consumer အတွက် ဘယ်လိုအချက်တွေ (feature သော်လည်းကောင်း၊ user experience သော်လည်းကောင်း) က ဒီ Product ကို သုံးဖို့ တွန်းအားပေးနေတာလဲ.. ဘယ်လိုအချက်တွေကတော့ အပိုတွေ / စိတ်ရှုပ်စရာတွေ သပ်သပ်ပေးသလိုဖြစ်နေတာလဲ မြင်တတ်ဖို့ လိုပါတယ်။ ဒါမှ မိမိ product မှာလည်း ဘယ်လိုအရာတွေ ရှိသင့်တယ်၊ မရှိသင့်ဘူးကို အမြဲမပြတ် အာရုံစိုက်မိမှာပါ။
အမြဲမပြတ် သင်ယူလိုစိတ်ရှိရမယ် - Product တစ်ခုနဲ့တစ်ခုက industry တူရင်တောင် လုပ်ငန်းသဘောသဘာဝတွေ မတူကြပါသလို လိုအပ်တဲ့ skill set တွေ၊ knowledge တွေလည်း မတူနိုင်ပါဘူး။ ဘယ် education background ကပဲ လာလာ Product Manager တစ်ယောက်အနေနဲ့ engineering ၊ business side၊ marketing၊ UI/UX စတာတွေ အကုန်လုံးနဲ့လည်း အမြဲမပြတ် deal လုပ်ရမှာဖြစ်လို့ လိုအပ်တဲ့ knowledge တွေ၊ skill တွေကို သင်ယူဖို့ ဝန်မလေးတဲ့သူ၊ သင်ယူလိုတဲ့စိတ်ရှိသူ ဖြစ်မှ အဆင်ပြေမှာပါ။
Work-load နဲ့ Stress ခံနိုင်စွမ်းရှိရမယ် - ဒီစာအစမှာ ပြောခဲ့သလို Product Manager က Product နဲ့ပတ်သက်ရင် တာဝန်အရှိဆုံးသူဖြစ်တာမို့ Product ရဲ့ အရေးကြီးတဲ့ milestones တွေမှာ ကိုယ်ရော စိတ်ပါ အနှစ်ရဆုံးသူပါ။ နေ့စဉ် Product မှာ ဘယ်လို issue တက်သည်ဖြစ်စေ Product Manager ဆီ အလုပ်ချိန်ပြင်ပထိပါ လိုက်လာတတ်တာ ထုံးစံမို့ stress ဒဏ်ခံနိုင်တဲ့သူမျိုးမှ ရေရှည်မှာ အလုပ်နဲ့အဆင်ပြေပါလိမ့်မယ်။

အပေါ်က အချက်တွေနဲ့ ကိုက်ညီတဲ့လို့ မိမိကိုယ် မိမိယူဆရင် Product Management field မှာ Product Manager တစ်ယောက်အနေနဲ့ ခြေချဖို့ ဘယ်လိုတွေလုပ်သင့်လဲ ဆက်ရေးပါမယ်။

Company တွင်း Internal Transfer ကို ကြိုးစားကြည့်ပါ
Software / Product company မှာ အလုပ်လုပ်နေသူဖြစ်ရင် မိမိ company ရဲ့ product management ကို စိတ်ဝင်စားကြောင်းပြပြီး Product Manager position လိုအပ်ရင် internal transfer နဲ့ try ကြည့်သင့်ပါတယ်။ software engineer မှ မဟုတ်ပါဘူး.. UI/UX, customer support, operation, marketing ဘယ် field ကမဆို ဖြစ်နိုင်ပါတယ်။ ကောင်းတဲ့အချက်က မိမိ company ရဲ့ software တွေ product တွေဖြစ်တာကြောင့် product nature ကို အရမ်းမလေ့လာရပဲ Product Management ရဲ့ concept တွေကို ပိုမိုအာရုံစိုက်လေ့လာနိုင်ပါလိမ့်မယ်။
Experience ရှိတဲ့ Industry ကို ပို focus ထားပါ
Product Management Career အစမှာ မိမိ အတွေ့အကြုံရှိပြီးသား Industry မှာ ပိုအာရုံစိုက်ရှာပါ။ Product Manager အနေနဲ့ စရုန်းကန်ရတဲ့အလုပ်က အတွေ့အကြုံရှိပြီးသား Industry ဖြစ်ရင် product နဲ့ပတ်သက်တဲ့ ယေဘူယျ Industrial Knowledge က Product အကြောင်းကို လေ့လာရာမှာ အထောက်အကူဖြစ်စေမှာပါ။ အပေါ်က အချက်လိုပဲ Product Management ရဲ့ concept တွေကို ပိုမိုအာရုံစိုက်လေ့လာနိုင်ပါလိမ့်မယ်။
Interview တွေ များများသွားကြည့်ပါ
အခုနောက်ပိုင်း Product Manager vacancy တွေက Linkedin မှာရော၊ JobNet လို job board တွေမှာပါ အတွေ့များလာပါပြီ။ Job တွေ apply ကြည့်ပြီး Interview တွေ ဝင်ကြည့်ပါ။ ဒါမှသာ Company တွေဘက်က Product Manager တွေကို ဘာတွေ expect လုပ်ကြလဲ ဆိုတာ ပိုသိနိုင်ပါလိမ့်မယ်။
Product Management အတွက် ဝမ်းစာဖြည့်ပါ
Product Manager ဖြစ်ဖို့ Software Engineer သမားဖြစ်ဖို့မလိုသလို MBA ပြီးဖို့လဲ မလိုအပ်ပါဘူး။ သို့ပေမယ့် Product Manager က technology အပြင် business နဲ့ customer (UX) ကြားမှာ communicate လုပ်ပေးရတဲ့သူဖြစ်တဲ့အတွက် technical နဲ့ ပတ်သက်တဲ့ knowledge၊ business, operation, marketing စတာတွေနဲ့ ပတ်တက်တဲ့ knowledge၊ UI/UX နဲ့ ပတ်သက်တဲ့ knowledge တွေ အကုန်ရှိဖို့တော့ လိုအပ်ပါတယ်။ သူတို့ပြောတဲ့အကြောင်းအရာတွေကို နားလည်နိုင်လေလေ communication လုပ်ရ ပိုသွက်လေပါပဲ။ ကိုယ့် past experience တွေမှာ လိုအပ်တဲ့ knowledge မရှိသေးရင် အပေါ်မှာပြောခဲ့သလို လိုတာတွေအကုန် မပြတ် learn လုပ်သွားရမှာပါ
Leadership နဲ့ Project Management တို့ကို လေ့လာပါ
Leadership က Product Manager တစ်ယောက်အတွက် အရေးအကြီးဆုံးလို့တောင်ဆိုနိုင်ပါတယ်။ Leaders Are Made, Not Born ဆိုတဲ့ စကားရပ်အတိုင်း leadership skill က လေ့လာသင်ယူလို့ရပါတယ်။ ဒီစာရဲ့အစမှာ ပြောခဲ့သလို Product Manager ဆိုတာ လုပ်ပိုင်ခွင့်အာဏာနဲ့ manage လုပ်တာမဟုတ်ပဲ Product နဲ့ ဆက်စပ်နေတဲ့ teams တွေကို ကြားကနေ Lead လုပ်ရသူဖြစ်တာကြောင့် Influential Leadership နဲ့ ပတ်သက်တဲ့ tips တွေကို ကောင်းကောင်းလေ့လာသင့်ပါတယ်။ ဒါ့အပြင် Product Manager တစ်ယောက်မှာ PMP (Project Management Professional) certificate ရှိဖို့မဖြစ်မနေ မလိုအပ်ပေမယ့် Project management နဲ့ပတ်သက်ပြီး timeline တွေ၊ tasks တွေ၊ လူတွေ manage လုပ်တဲ့အခြေခံ knowledge ရှိသင့်ပါတယ်။
Product သမားတွေနဲ့ ထိတွေ့ပါ
Product သမားတွေနဲ့ များများတွေ့ပါ၊ Product သမားတွေနဲ့ တွေ့နိုင်မယ့် Community တွေကို join ပါ။ သူတို့နဲ့အတူ Product Management နဲ့ ပတ်သက်တဲ့ အမြင်တွေ၊ အတွေ့အကြုံတွေကို လေ့လာနိုင် ဆွေးနွေးနိုင်တဲ့အပြင် Product Manager တစ်ယောက်အဖြစ် စတင်ဖို့လဲ networking ကောင်းဖြစ်ပါလိမ့်မယ်။
ကျွန်တော်တို့ ProductBaze ရဲ့ အဓိက ရည်ရွယ်ချက်တစ်ခုကလည်း Product Management field ထဲကသူတွေနဲ့ ဒီ field ထဲကို ဝင်ချင်တဲ့သူတွေ အချင်းချင်း အလွယ်တကူ ထိတွေ့လို့ရ၊ knowledge sharing လုပ်လို့ရတဲ့ community တစ်ခု တည်ဆောက်ဖို့ပါ။ လောလောဆယ်မှာလည်း ProductBaze ကို တိုက်ရိုက်ဆက်သွယ်ပြီး သိချင်တာတွေ မေးနိုင်သလို product meetup တွေ စလုပ်ချိန်မှာ အချိန်မရွေး join ပြီး community နဲ့ ထိတွေ့သင့်ပါတယ်။

Product Manager ဖြစ်ဖို့ ဘယ်လို personality တွေ ရှိတာသင့်တော်လဲနဲ့ ဘယ်လိုတွေ စတင်ရမလဲဆိုတာ သိချင်တဲ့သူတွေအတွက် လုံလောက်မယ်လို့ ယူဆပါတယ်။ နောက်ထပ် ဆွေးနွေးချင်တာ၊ share စေချင်တာရှိရင် comment ပေးနိုင်သလို ဒီ Google Form ကနေတဆင့် အကြံပေးနိုင်ပါတယ်။ Product သမားအချင်းချင်း idea တွေ၊ knowledge နဲ့ experience တွေ share ဖို့ နွေးနွေးထွေးထွေးဖိတ်ခေါ်ပါတယ်။
ProductBaze အကြောင်း (၁) မိနစ်စာ မိတ်ဆက် post လေးကို ဒီ link မှာ ဖတ်လို့ရပါတယ်။ ProductBaze ကို ဆက်သွယ်ချင်ရင် productbaze@gmail.com သို့ ပေးပို့ ဆက်သွယ်နိုင်ပါတယ်။

Comments

Popular Posts

SMART Goal ဘယ်လိုတည်ဆောက်မလဲ

Personal အတွက်ဖြစ်စေ၊ လုပ်ငန်းခွင်မှာဖြစ်စေ.. ရည်မှန်းချက်ကြီးမားတာ ကောင်းပေမယ့် ကိုယ်စိတ်ကူး ပေါ်ရာ ကိုယ်ဖြစ်ချင်ရာ ရည်မှန်းချက်တွေ ရမ်းသမ်းချမှတ်တာက လက်တွေ့မကျတဲ့၊ ချသာ ချမှတ်ထားပြီး အသုံးမဝင် Effective မဖြစ်တဲ့ ရည်မှန်းချက်တွေ ဖြစ်နေနိုင်ပါတယ်။ မဖြစ်နိုင်တဲ့ Goal နောက်ကိုလိုက်ရင်း ရင်းနှီးမြှုပ်နှံရတဲ့ အချိန်တွေ၊ ငွေကြေးတွေ၊ Resource တွေလည်း ဆုံးရှုံးမှုတွေဖြစ်စေနိုင်ပါတယ်။ “SMART Goal ဖြစ်ဖို့တော့ လိုမယ်နော်” ဆိုတဲ့ စကားမျိုး ကြားဖူးကြပါလိမ့်မယ်။ SMART Goal ဆိုတဲ့ concept ကို စီးပွားရေးလောက၊ Marketing အပြင် နယ်ပယ်အသီးသီးမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုကြပါတယ်။ SMART Goal ဆိုတာ တိုတိုပြောရရင် တိကျရှင်းလင်းပြီး လက်တွေ့ကျတဲ့ Goal တွေချမှတ်ခြင်းလို့ ပြောနိုင်ပါတယ်။ မိမိ Business အတွက်၊ Product အတွက်၊ Team အတွက်၊ Personal အတွက် Goal တွေ ချမှတ်တဲ့အခါ လက်တွေ့ဖြစ်နိုင်ချေရှိတဲ့ ရည်မှန်းချက်ကို သေချာသတ်မှတ်ပေးနိုင်တဲ့ SMART Objective နည်းလမ်းကို သုံးကြည့်သင့်ပါတယ်။ SMART Goal ဆိုတာက ကိုယ့်ချမှတ်ရေးဆွဲမယ့် Goal တွေက S (Specific) - ဘာကိုရရှိအောင်လုပ်မယ်ဆိုတာ တိတိကျကျဖြစ်ရမယ် M (

Cross-Functional Team အကြောင်း တစေ့တစောင်း

Cross-functional Team ဆိုတာ အပြောလည်းများသလို အသုံးလည်းများပါတယ်။ Product Team တွေမှာလည်း Cross-functional Team ပုံစံကို တော်တော်များများ အသုံးပြုကြပါတယ်။ ProductBaze ဆောင်းပါးအချို့မှာလည်း ထည့်ရေးဖူးပြီး၊ Product Squad ဆောင်းပါးမှာ Squad တည်ဆောက်ပုံက Cross-functional Team ပုံစံကို အခြေခံတဲ့အကြောင်းရေးရင်းနဲ့ Cross-functional Team အကြောင်းလေးကိုပါ မိတ်ဆက်ပေးဖို့ ဖြစ်လာပါတယ်။ ပုံမှန် Organization တွေမှာ Department တွေ, Team တွေက လုပ်ငန်းသဘောသဘာဝ တူညီရာ (Tech, Marketing, Sales, Operation…) စသဖြင့် အသီးသီး ဖွဲ့စည်းထားကြပြီး ဖွဲ့စည်းပုံကလည်း အထက်ကနေ အောက် Hierarchy အတိုင်းဖြစ်ကြပါတယ်။ Decision တစ်ခုလိုအပ်ရင်လည်း Hierarchy အတိုင်း အပေါ်ကို ပြန်တက်ပြီး Request လုပ်ကြရသလို၊​ Company တစ်ခုထဲက Team အသီးသီးက အခြား Department တွေ ဘာလုပ်နေလဲဆိုတာ သိဖို့ ထင်သလောက် မလွယ်ကူပါဘူး။ Silos Team (တသီးတသန့် အလုပ်လုပ်တဲ့ Team) တွေ ဖြစ်လာပြီး Direction တွေ ညှိရခက်တတ်ပါတယ်။ Cross-functional Team ဆိုတာက Organization ထဲမှာ ကျွမ်းကျင်မှုမတူ (သို့မဟုတ်) ဌာနမတူတဲ့ လူတွေကို Team အနေနဲ့ဖွဲ့ပေးပြီး Project တစ်

ကိုယ့် Boss ကို ဘယ်လို Manage လုပ်မလဲ

“Manage My Boss” ဆိုတဲ့ ခေါင်းစဉ်ကြီးဖတ်လိုက်ရလို့ တမျိုးကြီးဖြစ်သွားမယ်ထင်ပါတယ်။ သို့ပေမယ့် ကျွန်တော် အခုပြောပြမယ့် “How to Manage your Boss” က Management အကြောင်း လေ့လာတဲ့အခါတွေမှာလည်း ပါဝင်လေ့ရှိသလို အပြင်လုပ်ငန်းခွင်မှာလည်း တကယ်အရေးပါတဲ့ ကိစ္စရပ်ပါပဲ။ ကိုယ်ကိုယ်တိုင်က Middle Management Level လို့ပြောကြတဲ့ Manager ဖြစ်နေမယ်၊ ကိုယ့်အောက်မှာ Team Members တွေရှိသလို၊ ကိုယ့်အပေါ်မှာလည်း ကိုယ် Report လုပ်ရတဲ့ Senior Manager သော်လည်းကောင်း၊ Head သော်လည်းကောင်း၊ C-Level သော်လည်းကောင်း ကိုယ့် Boss ရှိမယ်ပေ့ါ။ Management Term အရဆိုရင် ကိုယ့် Team ကို Manage လုပ်ရတာကို “Managing Down” or “Downward Management” လို့ ခေါ်ပြီး၊ ကိုယ့် Boss ကို Manage လုပ်တာကို “Managing Up” or “Upward Management”လို့ခေါ်ပါတယ်။ အဲ့တော့ အခုဆွေးနွေးမှာက Upward Management အကြောင်းပါ။ အိုကေ… ကိုယ့် Boss ကို ဘယ်လို Manage လုပ်တာလဲ??? ကိုယ်က Manage လုပ်ခံရမှာမဟုတ်ဘူးလား??? ကိုယ့်အတွက်ရော ဘယ်လို အကျိုးရှိမှာလဲ??? “Boss ကို Manage လုပ်တယ်ဆိုတာ ဘာလဲ” ကနေ စရအောင်ပါ။ Boss ကို Manage လုပ်တဲ့ အဓိက Goal က Boss ကို အပြည

အသုံးများတဲ့ Product Testing တွေ

Webinar တစ်ခုမှာ Product Testing တွေအကြောင်းထည့်ပြောတော့ နောက်ဆုံးအမေးအဖြေအချိန်မှာ အမေးခံရဖူးတာလေး မှတ်မှတ်ရရရှိလို့ပါ။ “A/B Testing ဆိုတာ Alpha Testing, Beta Testing ကို ပြောတာလား” ဆိုတဲ့ မေးခွန်းပါ။ သိတဲ့သူအတွက်တော့ ဘာမှမဆိုင်တဲ့ Testing တွေမှန်း တန်းသိနိုင်ပေမယ့် တစ်ဖက်မှာလည်း မေးလည်းမေးချင်စရာ အခေါ်အဝေါ်က ခပ်ဆင်ဆင်တူနေတာကိုးလို့ တွေးမိပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ မကြာမကြာလည်း ပြောဖြစ်ကြပြီး၊ အသုံးလည်းများ၊ အသုံးလည်းဝင်တဲ့ Alpha Testing, Beta Testing နဲ့ A/B Testing တို့အကြောင်းကို တီးမိခေါက်မိအောင် ရေးချင်ပါတယ်။ Feature Development တွေပြီးတဲ့အခါ Product Owner နဲ့ Development Team တွေ User Acceptance Testing (UAT) ကို အတူတကွ ပြုလုပ်ကြပါတယ်။ QA က အဓိက Test တာဖြစ်နိုင်ပေမယ့် အားလုံးက ပူးပေါင်းလုပ်ဆောင်ကြရတာပါ။ Product (သို့) Feature က UAT လည်းပြီးပြီ၊ Release လုပ်တော့မယ်လို့ စ Plan တဲ့အခါ Alpha Testing နဲ့ Beta Testing အခန်းကဏ္ဍဆီ ရောက်ပါတယ်။ Alpha Testing Alpha Testing ဆိုတာ လွယ်လွယ်ပြောရရင် ကိုယ့်လူနဲ့ကိုယ် အရင်စမ်းသပ်တဲ့ Testing အမျိုးအစားပါ။ မိမိရဲ့ Software

၅ မိနစ်စာ Product Roadmap

Product တစ်ခုစလုပ်ရင် အလိုအပ်ဆုံးက Product Roadmap လို့ပြောလို့ရမယ်။ Product Roadmap က မိမိ လုပ်မယ့် Product အကြောင်း Overview ပြောပြပေးနိုင်သလို၊ မိမိ Product Goal တွေကို ဘယ်လိုရောက်အောင် လျှောက်မလဲဆိုတာကို ချပြပေးလို့ပါပဲ။ Product Roadmap မရှိရင် ကိုယ်ထင်ရာ လုပ်မိနေနိုင်ပြီး မိမိ Goals တွေကို လက်လှမ်းမမှီနိုင်ဖြစ်သွားလိမ့်မယ်။ Product Roadmap ရှိတော့ ကိုယ့် Team Member တွေဖြစ်ဖြစ်၊ CEO ဒါမှမဟုတ် Investor တွေနဲ့ပဲပြောပြော အသုံးဝင်ပါလိမ့်မယ်။ ဒါဆို Product Roadmap ဘယ်လိုဆွဲရမလဲလို့မေးမယ် ။ အလုပ်အဖြစ်ဆုံး Product Roadmap Template ဆိုပြီးတော့မရှိပါဘူး။ မိမိ Roadmap ကို ကြည့်မယ့်လူပေါ်မူတည်ပြီး Roadmap ဒီဇိုင်းတွေကပြောင်းလဲရပါမယ်။ ဥပမာ… CEO က Timeline တွေနဲ့ ဘယ်နေ့ဘာ Feature ပြီးမှာလဲကို ကြည့်ချင်နေတဲ့အချိန် ကိုယ်က Feature List ပဲ သွားပြလို့မရပါဘူး။ Template မရှိပေမယ့် ဒီနေရာမှာ Share ပေးချင်တာက ကျွန်တော့် အတွက် အလုပ်ဖြစ်ခဲ့တဲ့ Roadmap Key Components တွေနဲ့ တခြား popular ဖြစ်တဲ့ Product Roadmap တွေကို ဝေမျှပေးသွားပါမယ်။ Product Roadmap မှာ အတွေ့အများဆုံးက Quarterly Roadmap (Q1,