Skip to main content

Product Manager အနေနဲ့ Feature အသစ်တွေကို ဘယ်လိုငြင်းမလဲ


Product Manager တစ်ယောက် နေ့စဥ်ကြုံတွေ့ရတဲ့ challenging task တွေအများကြီးပါ။ အဲ့ဒါတွေကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် “ငြင်းပယ်ခြင်း” (Saying No) က မရှိမဖြစ် soft skill တစ်ခုဆိုလည်း မမှားပါဘူး။ မိမိ Product အတွက် Product Manager ကောင်းတစ်ယောက်ဖြစ်ဖို့ ဘာတွေကိုငြင်းပယ်ရမှာလည်း၊ ဘယ်လိုငြင်းပယ်ရမှာလည်း၊ ဘာလို့ငြင်းပယ်ရမှာလည်း?
မိမိ Product နဲ့ ဆက်စပ်နေတဲ့ Stakeholders တွေ၊ Internal team တွေနဲ့ စေ့စပ်ညှိနှိုင်းရတဲ့ Product Manager တစ်ယောက်ဆီကို အဖက်ဖက်ကနေလာတဲ့ feature request တွေ၊ Product အတွက် brainstroaming လုပ်ထားကြတဲ့ idea တွေ အမြဲမပြတ် ရောက်လာတတ်ပါတယ်။ Idea တွေကလည်း ကောင်းနိုင်ပါတယ်... features တွေကလည်း လိုအပ်ကောင်း လိုအပ်နိုင်ပါတယ်... ဒါပေမယ့် ရှေ့ဆက် develop လုပ်ဖို့ prioritize လုပ်ပြီးသား Product Roadmap ရယ်၊ ဒီ Product အတွက် develop လုပ်မယ့် engineers resources တွေဟာ အကန့်အသတ်နဲ့ပါ.. ဒါ့အပြင် ရောက်လာသမျှ Product idea တွေတိုင်းကို develop လုပ်ဖို့က မဖြစ်နိုင်သလို Product အတွက်လည်း focus တွေများနေတာက effective မဖြစ်တဲ့အပြင် Feature Factory Product ဆီကို ဦးတည်သွားပါလိမ့်မယ်...

ဆိုတော့ develop လုပ်မယ်/မလုပ်ဘူး (Say Yes or No) နဲ့ ဘယ်တော့ develop လုပ်မယ် ဆိုတဲ့ Prioritization က Product Manager ရဲ့ အဓိက တာဝန်ပါပဲ။
ဆိုပါစို့... သင့်ရဲ့ stakeholder တစ်ယောက်က သင့်ကို customer retention တွေတက်အောင် ဘယ်လိုအရမ်းမိုက်တဲ့ feature တစ်ခု ထပ်ထည့်ကြမယ်လို့ အကြံပေးတယ်၊ အကြံပေးတဲ့သူက အရေးကြီးတဲ့ Chief Level တွေ၊ investor တွေ၊ stakeholder တွေထဲက ဖြစ်တယ်... ဒီ Product မှာ အချိန်တွေ အများကြီး invest လုပ်ထားတဲ့ Product Manager သင့်အတွက် ဒီ idea က ကြားလိုက်တာနဲ့ ကိုယ့် Product နဲ့ align မဖြစ်ဘူးဆိုတာ တန်းသိကောင်းသိနိုင်တယ်၊ သင်တို့ ဟိုးအရင်ထဲက ရထားပြီးသား idea ကိုမှ develop အတွက် ထည့်ရမယ့် resource နဲ့ ပြန်ရမယ့် ROI မကိုက်တာမို့ Product Roadmap ရဲ့ backlog အရှည်ကြီးထဲ အိပ်နေရတဲ့ feature လည်း ဖြစ်နိုင်တယ်။ သို့သောက် တန်းပြီး ဒီ feature ကို ထည့်ဖို့မဖြစ်နိုင်ကြောင်း တစ်ခွန်းတည်းနဲ့ ငြင်းပယ်လိုက်ဖို့ မလွယ်ပါဘူး၊ သင်လည်း ငြင်းဖို့ ဝန်လေးနိုင်ပါတယ်။ အဲ့လိုအခြေအနေမှာ ကျွန်တော်တို့ Product Manager တွေ ရှောင်တတ်တဲ့ အကွက်က “Backlog ထဲထည့်ထားပြီး develop လုပ်လိုက်ပါမယ်” ဆိုတာပါပဲ။
အဲ့ဖြေရှင်းနည်းက တစ်ကြိမ် နှစ်ကြိမ်တော့ တကယ် အသုံးဝင်ပါတယ်... သို့သော် လူတွေက သူတို့တောင်းဆိုထားတဲ့ idea တွေ၊ request ကို လွယ်လွယ်နဲ့ မမေ့တတ်ကြပါဘူး။ Stakeholder က တောင်းတဲ့ feature တိုင်းကို ကြားလိုက်တည်းက develop လုပ်ပေးဖို့ မဖြစ်နိုင်မှန်း သိရက်နဲ့ Backlog ထဲထည့်ထားမယ်ပြောလိုက်၊ request feature က ထွက်မလာလိုက်နဲ့ အကြိမ်ရေများလာရင် false hope ပေးမိတဲ့အတွက် Product Manager နဲ့ အခြား stakeholders တွေကြား တည်ဆောက်ထားတဲ့ TRUST အပေါ် အများကြီး ထိခိုက်လာပါလိမ့်မယ်။ အကောင်းဆုံး အကြံပေးချင်တာက develop လုပ်ဖို့ မဖြစ်နိုင်ဘူးဆိုရင် အစတည်းက ပွင့်ပွင့်လင်းလင်း ရှင်းပြပြီး ငြင်းပယ်ဖို့ပါပဲ။

Saying No…. “ငြင်းပယ်”ရတာ ခက်ခဲပါတယ်။ ငြင်းပယ်လိုက်ရင် stakeholders တွေနဲ့ Relationship ထိခိုက်နိုင်ပါတယ်။ Relationship လည်း မထိခိုက်အောင် False hope လည်း မပေးမိအောင် ဘယ်လိုငြင်းပယ်ကြမလဲ။ အောက်မှာ ဆက်ဆွေးနွေးမယ့် tips တွေက သင့်အတွက် အသုံးဝင်ပါလိမ့်မယ်။
1. အချိန်ပေးပြီး idea တွေ request တွေကို ဆွေးနွေးပါ၊ အသိအမှတ်ပြုဖို့ မမေ့ပါနဲ့
ကိုယ့် Company တွင်းက Internal stakeholders တွေ၊ ကိုယ့် Customers တွေရဲ့ feedback, request နဲ့ idea တွေကို အချိန်ပေးပြီး အာရုံစိုက်နားထောင်ပေးပါ။ လူတွေက သူတို့ အတွေးအမြင်တွေကို နားထောင်ပေးတာ သဘောကျကြပါတယ်။ Product နဲ့ ပတ်တက်တဲ့ သူတို့ idea တွေ၊ ထပ်ထည့်ဖို့တောင်းဆိုတဲ့ feature တွေကို တကယ်နားလည်တဲ့အထိ အာရုံစိုက်ဆွေးနွေးပေးပါ။ သူတို့ဘက်က လိုချင်တဲ့ feature ကို မိမိ နားလည်ကြောင်းလည်း ပြပေးပါ။ ထပ်ထည့်ဖို့ မလိုတဲ့ feature ဖြစ်ခဲ့ရင် မငြင်းပယ်ခင် သူတို့ဘက်က တောင်းဆိုလာတဲ့ feature တွေက “Product အတွက် အသုံးဝင်တဲ့ idea ကောင်းဖြစ်ကြောင်း၊ ကျေးဇူးတင်ကြောင်း” သင့်အနေနဲ့ အသိအမှတ်ပြုဖို့ မမေ့ပါနဲ့။ အသိအမှတ်ပြုခံရတာကို လူတိုင်း နှစ်ခြိုက်ကျပါတယ်။
2. ဘာလို့ ငြင်းပယ်ရကြောင်း သေချာနားလည်အောင် ရှင်းပြပါ
အရင်ဆုံး ဘယ် problem ကိုသူတို့ဖြေရှင်းဖို့ ကြိုးစားနေတာလဲဆိုတဲ့ root cause ကို သိဖို့ “ဘာလို့ ဒီ feature ကို ထပ်ထည့်ချင်တာလဲ” ဆိုတဲ့ မေးခွန်းများများမေးပါ။ 5 Whys technique ကို အသုံးချဖို့ တိုက်တွန်းလိုပါတယ်။ အကယ်၍ Feature အသစ်က develop လုပ်ဖို့ အဆင်မပြေဘူး / မလိုအပ်ဘူးဆိုရင် ဘာလို့ငြင်းပယ်ရတယ်ဆိုတဲ့ အကြောင်းပြချက်ကို မိမိတို့် product ရဲ့ လက်ရှိ metrics တွေ၊ data တွေ၊ စုစည်း ထားတဲ့ customer feedback တွေကို အသုံးပြုပြီး ချက်ကျလက်ကျ ရှင်းပြပေးပါ။ တခြား အရေးကြီး development တွေရှိလို့ ဒီ feature အသစ်ကို မထည့်ပေးနိုင်ဘူးဆိုတာမျိုးက stakeholders တိုင်း လိုလိုလားလားလက်ခံချင်လောက်တဲ့ အကြောင်းပြချက်ကောင်းမဟုတ်ပါဘူး။
3. Product အတွက် Roadmap မှာ ဘာတွေ Prioritize လုပ်ထားတယ်ဆိုတာ ပွင့်ပွင့်လင်းလင်း ပေးသိပါ
ကျွန်တော်တို့ Product Tech team တွေက များသောအားဖြင့် အခုလောလောဆယ် sprint တွေတင်မက ရှေ့ quarter တွေအတွက်ပါ roadmap ထဲက features တွေနဲ့ task အပြည့် sprint အပြည့်ပါ။ ဘယ် development တွေကို ဦးစားပေးပြီး plan ထားတယ်၊ နောက် sprint တွေမှာ ဘာ feature တွေ develop လုပ်ပြီး ဘယ်တော့ deilver လုပ်မယ်ဆိုတာ stakeholders တွေကိုပါ ပွင့်လင်းမြင်သာအောင် အသိပေးထားသင့်ပါတယ်။ Product development ကို agile နဲ့ run နေသရွေ့ Product Roadmap ရဲ့ prioritization က business နဲ့ product ရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။ ဆိုပေမယ့် ရှိပြီးသား plan နဲ့ backlog ကို ပေးသိထားခြင်းက မလိုအပ်တဲ့ request တွေကို လျော့ချနိုင်သလို request ကို ငြင်းပယ်ရာမှာလည်း တစ်နည်းတစ်ဖုံ အသုံးဝင်ပါတယ်။
4. Problem အတွက် ဖြေရှင်းလို့ရမယ့် အခြား Solution ရှာပေးပါ
Problem တွေအတွက် solution က တစ်ခုထဲရှိတာ မဟုတ်ပါဘူး... အခြား solution တွေ ရှာလို့ရပါလိမ့်မယ်... အမြဲတမ်း workaround တွေ ရှိတတ်ပါတယ်... Product နဲ့ပတ်သက်တဲ့ အချက်အလက်တွေ လိုအပ်တဲ့ အကူအညီတွေကို Stakeholders တွေဆီ အကောင်းဆုံး provide ပေးဖို့က Product Manager ရဲ့တာဝန်ဖြစ်ပါတယ်။ ဆိုတော့ တောင်းဆိုလာတဲ့ feature က Product မှာ ထပ်ထည့်ဖို့ အဆင်မပြေရင် ရှိပြီးသား ဘယ် features တွေကရော သူတို့ problem ကို တစ်နည်းတစ်ဖုံ ဖြေရှင်းနိုင်မလဲဆိုတဲ့ တခြား solution ကို စဥ်းစားပေးပြီး provide လုပ်ပေးဖို့လိုပါတယ်။ ဒီနည်းလမ်းက feature request တွေကို ငြင်းပယ်ရာမှာ ကျွန်တော့် အတွေ့အကြုံအရ အတော်အသုံးဝင်တဲ့ သုံးသင့်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒီနည်းကို သုံးနိုင်ဖို့အတွက် Product Manager က မိမိ Product မှာ ဘယ်လို features တွေရှိပြီး ဘာတွေသုံးနေလည်း၊ ဘာတွေသုံးမနေဖူးလည်း၊ ဘယ်လိုတွေအသုံးဝင်လဲ အစရှိတဲ့ product နဲ့ဆိုင်တဲ့ အချက်အလက်တွေကို အကျွမ်းကျင်ဆုံးဖြစ်နေအောင် လေ့လာထားဖို့ အကြံပေးလိုပါတယ်။
5. အခုချက်ခြင်း develop မလုပ်နိုင်ပေမယ့် အမြဲတမ်းအတွက် ငြင်းပယ်တာ မဟုတ်ကြောင်းပြောပြပါ
ခုလက်ရှိမှာ develop လုပ်ရမယ့် ပိုအရေးကြီးတဲ့ ဘယ် feature တွေ၊ ဘာ improvement တွေရှိနေလည်းဆိုတာ Product Manager က အသိဆုံးပါ။ Idea တွေ ဘယ်လောက်ကောင်းကောင်း “Must have” လား၊ “Should have” လား၊ “Nice to have” လားဆိုတာ prioritize လုပ်ဖို့လိုပါတယ်။ request လုပ်ခံရတဲ့ feature က ခုချက်ခြင်း develop လုပ်ဖို့ မဖြစ်နိုင်ဘူးဆိုပေမယ့် Product Vision နဲ့လည်း align ဖြစ်ပြီး၊ မိမိ product ရဲ့ problem ကို solve လုပ်နိုင်တယ်၊ နောက် sprint တွေမှာ ထည့်ဖို့လည်း ဖြစ်နိုင်တယ်ဆိုရင် အဲ့ဒီအခြေအနေကို အပေါ်က နံပါတ် ၃ အချက်နဲ့အတူတွဲပြီး သေချာနားလည်အောင် ရှင်းပြစေလိုပါတယ်။ backlog ထဲမှာ ထည့်ထားပြီး ဘယ် feature development ပြီးရင် ဘယ်တော့မှာ develop လုပ်နိုင်တယ်ဆိုတာ stakeholders တွေကို သေချာရှင်းပြဖို့လိုပါတယ်။ မသေချာပဲနဲ့ နောက်ပိုင်း develop လုပ်ပေးမယ်လို့ အလွယ်ပြောတာမျိုး မဖြစ်ဖို့တော့ သတိထားသင့်ပါတယ်။
Bonus Tip:
ငြင်းပယ်တဲ့အခါ တတ်နိုင်သမျှ “ကျွန်တော့အမြင်ကတော့” ဆိုတဲ့ individual ဆန်တဲ့ အသုံးအနှုန်းကို ရှောင်ပါ။ “ကျွန်တော်တို့”၊ “ငါတို့” ဆိုတဲ့ product team တစ်ခုလုံးကို ကိုယ်စားပြုတဲ့ အသုံးအနှုန်းမျိုးက သင့်တို့ conversation ကို comfortable ပိုဖြစ်စေပါတယ်။ “ကျွန်တော်တို့ Product သွားနေတဲ့ လမ်းကြောင်းက”၊ “ကျွန်တော်တို့ Customers တွေလိုနေတာက”၊ “ကျွန်တော်တို့ data တွေက ပြနေတာက” စသည်ဖြင့် ငါတို့အားလုံးက ဒီ product အောင်မြင်ဖို့ ဦးတည်နေတဲ့ တစ်လှေတည်းစီးသူတွေဆိုတဲ့ ခံစားချက်ကို ပေးနိုင်တာက bonding ကို ပိုခိုင်မာစေပြီး မဖြစ်မနေ ငြင်းပယ်ရတဲ့ အခါတွေမှာလည်း တစ်ဖက်လူရဲ့ နားလည်မှုကို ပိုရစေပါတယ်။

ဒီ Tips တွေကတော့ ကျွန်တော်တို့ Product Manager တွေ နေ့စဥ်ကြုံတွေ့နေရတဲ့ feature request တွေကို ငြင်းပယ်တဲ့အခါ အသုံးဝင်တဲ့ နည်းလမ်းတွေဖြစ်ပါတယ်။ Stakeholders တွေနဲ့ relationship လည်း မပျက်အောင် ငြင်းပယ်တတ်ဖို့ ဒီနည်းလမ်းလေးတွေနဲ့ Try ကြည့်ကြည့်ပါ... တခြား နည်းလမ်းတွေနဲ့ Try ဖူးရင်လည်း အောက်က Comment လေးမှာ Share ပေးပါဦး။
Product သမားအချင်းချင်း idea တွေ၊ knowledge နဲ့ experience တွေ share ဖို့ နွေးနွေးထွေးထွေးဖိတ်ခေါ်ပါတယ်။ နောက်ထပ် Post တွေမှာ product management နဲ့ ပတ်သက်တဲ့ ဘယ်လို topic တွေဖတ်ချင်လဲဆိုတာ ဒီ Google Form ကနေတဆင့် အကြံပေးနိုင်ပါတယ်။ ProductBaze အကြောင်း (၁) မိနစ်စာ မိတ်ဆက် post လေးကို ဒီ link မှာ ဖတ်လို့ရပါတယ်။ ProductBaze ကို ဆက်သွယ်ချင်ရင် productbaze@gmail.com သို့ ပေးပို့ ဆက်သွယ်နိုင်ပါတယ်။

Comments

Popular Posts

SMART Goal ဘယ်လိုတည်ဆောက်မလဲ

Personal အတွက်ဖြစ်စေ၊ လုပ်ငန်းခွင်မှာဖြစ်စေ.. ရည်မှန်းချက်ကြီးမားတာ ကောင်းပေမယ့် ကိုယ်စိတ်ကူး ပေါ်ရာ ကိုယ်ဖြစ်ချင်ရာ ရည်မှန်းချက်တွေ ရမ်းသမ်းချမှတ်တာက လက်တွေ့မကျတဲ့၊ ချသာ ချမှတ်ထားပြီး အသုံးမဝင် Effective မဖြစ်တဲ့ ရည်မှန်းချက်တွေ ဖြစ်နေနိုင်ပါတယ်။ မဖြစ်နိုင်တဲ့ Goal နောက်ကိုလိုက်ရင်း ရင်းနှီးမြှုပ်နှံရတဲ့ အချိန်တွေ၊ ငွေကြေးတွေ၊ Resource တွေလည်း ဆုံးရှုံးမှုတွေဖြစ်စေနိုင်ပါတယ်။ “SMART Goal ဖြစ်ဖို့တော့ လိုမယ်နော်” ဆိုတဲ့ စကားမျိုး ကြားဖူးကြပါလိမ့်မယ်။ SMART Goal ဆိုတဲ့ concept ကို စီးပွားရေးလောက၊ Marketing အပြင် နယ်ပယ်အသီးသီးမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုကြပါတယ်။ SMART Goal ဆိုတာ တိုတိုပြောရရင် တိကျရှင်းလင်းပြီး လက်တွေ့ကျတဲ့ Goal တွေချမှတ်ခြင်းလို့ ပြောနိုင်ပါတယ်။ မိမိ Business အတွက်၊ Product အတွက်၊ Team အတွက်၊ Personal အတွက် Goal တွေ ချမှတ်တဲ့အခါ လက်တွေ့ဖြစ်နိုင်ချေရှိတဲ့ ရည်မှန်းချက်ကို သေချာသတ်မှတ်ပေးနိုင်တဲ့ SMART Objective နည်းလမ်းကို သုံးကြည့်သင့်ပါတယ်။ SMART Goal ဆိုတာက ကိုယ့်ချမှတ်ရေးဆွဲမယ့် Goal တွေက S (Specific) - ဘာကိုရရှိအောင်လုပ်မယ်ဆိုတာ တိတိကျကျဖြစ်ရမယ် M (

Cross-Functional Team အကြောင်း တစေ့တစောင်း

Cross-functional Team ဆိုတာ အပြောလည်းများသလို အသုံးလည်းများပါတယ်။ Product Team တွေမှာလည်း Cross-functional Team ပုံစံကို တော်တော်များများ အသုံးပြုကြပါတယ်။ ProductBaze ဆောင်းပါးအချို့မှာလည်း ထည့်ရေးဖူးပြီး၊ Product Squad ဆောင်းပါးမှာ Squad တည်ဆောက်ပုံက Cross-functional Team ပုံစံကို အခြေခံတဲ့အကြောင်းရေးရင်းနဲ့ Cross-functional Team အကြောင်းလေးကိုပါ မိတ်ဆက်ပေးဖို့ ဖြစ်လာပါတယ်။ ပုံမှန် Organization တွေမှာ Department တွေ, Team တွေက လုပ်ငန်းသဘောသဘာဝ တူညီရာ (Tech, Marketing, Sales, Operation…) စသဖြင့် အသီးသီး ဖွဲ့စည်းထားကြပြီး ဖွဲ့စည်းပုံကလည်း အထက်ကနေ အောက် Hierarchy အတိုင်းဖြစ်ကြပါတယ်။ Decision တစ်ခုလိုအပ်ရင်လည်း Hierarchy အတိုင်း အပေါ်ကို ပြန်တက်ပြီး Request လုပ်ကြရသလို၊​ Company တစ်ခုထဲက Team အသီးသီးက အခြား Department တွေ ဘာလုပ်နေလဲဆိုတာ သိဖို့ ထင်သလောက် မလွယ်ကူပါဘူး။ Silos Team (တသီးတသန့် အလုပ်လုပ်တဲ့ Team) တွေ ဖြစ်လာပြီး Direction တွေ ညှိရခက်တတ်ပါတယ်။ Cross-functional Team ဆိုတာက Organization ထဲမှာ ကျွမ်းကျင်မှုမတူ (သို့မဟုတ်) ဌာနမတူတဲ့ လူတွေကို Team အနေနဲ့ဖွဲ့ပေးပြီး Project တစ်

ကိုယ့် Boss ကို ဘယ်လို Manage လုပ်မလဲ

“Manage My Boss” ဆိုတဲ့ ခေါင်းစဉ်ကြီးဖတ်လိုက်ရလို့ တမျိုးကြီးဖြစ်သွားမယ်ထင်ပါတယ်။ သို့ပေမယ့် ကျွန်တော် အခုပြောပြမယ့် “How to Manage your Boss” က Management အကြောင်း လေ့လာတဲ့အခါတွေမှာလည်း ပါဝင်လေ့ရှိသလို အပြင်လုပ်ငန်းခွင်မှာလည်း တကယ်အရေးပါတဲ့ ကိစ္စရပ်ပါပဲ။ ကိုယ်ကိုယ်တိုင်က Middle Management Level လို့ပြောကြတဲ့ Manager ဖြစ်နေမယ်၊ ကိုယ့်အောက်မှာ Team Members တွေရှိသလို၊ ကိုယ့်အပေါ်မှာလည်း ကိုယ် Report လုပ်ရတဲ့ Senior Manager သော်လည်းကောင်း၊ Head သော်လည်းကောင်း၊ C-Level သော်လည်းကောင်း ကိုယ့် Boss ရှိမယ်ပေ့ါ။ Management Term အရဆိုရင် ကိုယ့် Team ကို Manage လုပ်ရတာကို “Managing Down” or “Downward Management” လို့ ခေါ်ပြီး၊ ကိုယ့် Boss ကို Manage လုပ်တာကို “Managing Up” or “Upward Management”လို့ခေါ်ပါတယ်။ အဲ့တော့ အခုဆွေးနွေးမှာက Upward Management အကြောင်းပါ။ အိုကေ… ကိုယ့် Boss ကို ဘယ်လို Manage လုပ်တာလဲ??? ကိုယ်က Manage လုပ်ခံရမှာမဟုတ်ဘူးလား??? ကိုယ့်အတွက်ရော ဘယ်လို အကျိုးရှိမှာလဲ??? “Boss ကို Manage လုပ်တယ်ဆိုတာ ဘာလဲ” ကနေ စရအောင်ပါ။ Boss ကို Manage လုပ်တဲ့ အဓိက Goal က Boss ကို အပြည

အသုံးများတဲ့ Product Testing တွေ

Webinar တစ်ခုမှာ Product Testing တွေအကြောင်းထည့်ပြောတော့ နောက်ဆုံးအမေးအဖြေအချိန်မှာ အမေးခံရဖူးတာလေး မှတ်မှတ်ရရရှိလို့ပါ။ “A/B Testing ဆိုတာ Alpha Testing, Beta Testing ကို ပြောတာလား” ဆိုတဲ့ မေးခွန်းပါ။ သိတဲ့သူအတွက်တော့ ဘာမှမဆိုင်တဲ့ Testing တွေမှန်း တန်းသိနိုင်ပေမယ့် တစ်ဖက်မှာလည်း မေးလည်းမေးချင်စရာ အခေါ်အဝေါ်က ခပ်ဆင်ဆင်တူနေတာကိုးလို့ တွေးမိပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ မကြာမကြာလည်း ပြောဖြစ်ကြပြီး၊ အသုံးလည်းများ၊ အသုံးလည်းဝင်တဲ့ Alpha Testing, Beta Testing နဲ့ A/B Testing တို့အကြောင်းကို တီးမိခေါက်မိအောင် ရေးချင်ပါတယ်။ Feature Development တွေပြီးတဲ့အခါ Product Owner နဲ့ Development Team တွေ User Acceptance Testing (UAT) ကို အတူတကွ ပြုလုပ်ကြပါတယ်။ QA က အဓိက Test တာဖြစ်နိုင်ပေမယ့် အားလုံးက ပူးပေါင်းလုပ်ဆောင်ကြရတာပါ။ Product (သို့) Feature က UAT လည်းပြီးပြီ၊ Release လုပ်တော့မယ်လို့ စ Plan တဲ့အခါ Alpha Testing နဲ့ Beta Testing အခန်းကဏ္ဍဆီ ရောက်ပါတယ်။ Alpha Testing Alpha Testing ဆိုတာ လွယ်လွယ်ပြောရရင် ကိုယ့်လူနဲ့ကိုယ် အရင်စမ်းသပ်တဲ့ Testing အမျိုးအစားပါ။ မိမိရဲ့ Software

၅ မိနစ်စာ Product Roadmap

Product တစ်ခုစလုပ်ရင် အလိုအပ်ဆုံးက Product Roadmap လို့ပြောလို့ရမယ်။ Product Roadmap က မိမိ လုပ်မယ့် Product အကြောင်း Overview ပြောပြပေးနိုင်သလို၊ မိမိ Product Goal တွေကို ဘယ်လိုရောက်အောင် လျှောက်မလဲဆိုတာကို ချပြပေးလို့ပါပဲ။ Product Roadmap မရှိရင် ကိုယ်ထင်ရာ လုပ်မိနေနိုင်ပြီး မိမိ Goals တွေကို လက်လှမ်းမမှီနိုင်ဖြစ်သွားလိမ့်မယ်။ Product Roadmap ရှိတော့ ကိုယ့် Team Member တွေဖြစ်ဖြစ်၊ CEO ဒါမှမဟုတ် Investor တွေနဲ့ပဲပြောပြော အသုံးဝင်ပါလိမ့်မယ်။ ဒါဆို Product Roadmap ဘယ်လိုဆွဲရမလဲလို့မေးမယ် ။ အလုပ်အဖြစ်ဆုံး Product Roadmap Template ဆိုပြီးတော့မရှိပါဘူး။ မိမိ Roadmap ကို ကြည့်မယ့်လူပေါ်မူတည်ပြီး Roadmap ဒီဇိုင်းတွေကပြောင်းလဲရပါမယ်။ ဥပမာ… CEO က Timeline တွေနဲ့ ဘယ်နေ့ဘာ Feature ပြီးမှာလဲကို ကြည့်ချင်နေတဲ့အချိန် ကိုယ်က Feature List ပဲ သွားပြလို့မရပါဘူး။ Template မရှိပေမယ့် ဒီနေရာမှာ Share ပေးချင်တာက ကျွန်တော့် အတွက် အလုပ်ဖြစ်ခဲ့တဲ့ Roadmap Key Components တွေနဲ့ တခြား popular ဖြစ်တဲ့ Product Roadmap တွေကို ဝေမျှပေးသွားပါမယ်။ Product Roadmap မှာ အတွေ့အများဆုံးက Quarterly Roadmap (Q1,