Skip to main content

Product Manager အမျိုးအစားများ

Product Manager (PM) လို့ပြောရင် အဓိပ္ပါယ်ဖွင့်ဆိုချက်များစွာရှိတာကို တွေ့ရပါလိမ့်မယ်။
အရိုးရှင်းဆုံးဖွင့်ဆိုရရင်တော့ Product Manager ဆိုတာ ကုမ္ပဏီတစ်ခုမှာ
၁။ Product ရဲ့ features တွေကို prioritize လုပ်ပေးရတဲ့သူ
၂။ Market ထဲမှာ ဆင်တူ (သို့) ရှိပြီးသား Product နဲ့ features တွေကို research လုပ်ပေးရတဲ့သူ
၃။ Stakeholders (ကုမ္ပဏီတွင်းနှင့် ပြင်ပ) တွေကြား communication လုပ်ပေးရတဲ့သူ
၄။ Stakeholders တွေကို Product နဲ့ဆိုင်တဲ့ အချက်အလက်တွေ ရှင်းလင်းတင်ပြပေးရတဲ့သူ ဖြစ်တယ်။
အဲဒီတာဝန်တွေအပြင် product ရဲ့ အောင်မြင်မှုအတွက် အလုံးစုံတာဝန်ယူရတဲ့သူတွေဆိုလည်း မမှားပါဘူး။

source: aha.io

Product Manager အမျိုးအစားတွေလို့ပြောရင် သူတို့နေ့စဥ် ထိတွေ့ဆက်ဆံရတဲ့ Stakeholder တွေနဲ့ ပတ်ဝန်းကျင်ပေါ်မူတည်ပြီး အမျိုးအစားခွဲခြားရင်သဘောပေါက်လွယ်ပါလိမ့်ယ်။
အကျဥ်းချုံးပြီး ၃ မျိုးခွဲနိုင်တယ်။
၁။ ကုမ္ပဏီတွင်း product များကိုင်တွယ်ရတဲ့ PM (Internal PM)
၂၊၊ Software as a service(SaaS) Product များကို ကိုင်တွယ်ရတဲ့ PM (B2B PM)
၃။ Consumer product များကိုင်တွယ်ရတဲ့ PM (B2C PM) တို့ဖြစ်တယ်။

၁။ Internal Product Manager
Internal PM ဆိုတာ ကုမ္ပဏီတွင်း နေ့စဥ်ကြုံတွေ့နေရတဲ့ ပြဿနာတွေဖြေရှင်းဖို့နဲ့ နေ့စဥ်လုပ်ဆောင်ရတဲ့လုပ်ငန်းတွေ တွင်ကျယ်ဖို့ platform တွေ tools တွေ develop လုပ်ပေးတဲ့ team ကိုဦး​​​​ဆောင်ရသူဆိုလည်း မမှားပါဘူး။ PM ရဲ့ တာဝန်အတိုင်း နေ့စဥ် communicate လုပ်ရတဲ့ Stakeholders တွေကတော့ ကုမ္ပဏီတွင်းဝန်ထမ်းတွေနဲ့ အထက်လူကြီးတွေဖြစ်တယ်။
ဥပမာအနေနဲ့ ကုမ္ပဏီရဲ့ operations ဝန်ထမ်းတွေ အသုံးပြုတဲ့ Admin Portal ကို develop လုပ်ပေးရတာမျိုးဖြစ်တယ်။
Internal User တွေကိုပဲ focus လုပ်ရတာဖြစ်တော့ ပြင်ပ consumers တွေအတွက် features develop လုပ်တာထပ် risk ယူရတာ ပိုနည်းတယ်။ Development team management ပိုင်းကို ပိုအာရုံစိုက်ရတဲ့အတွက် technology နဲ့ပတ်သက်တဲ့ အတွေ့အကြုံပိုရနိုင်တယ်။ Product management နယ်ပယ်ထဲ စဝင်တဲ့သူတွေအနေနဲ့ရော Project management ဘက်ကပြောင်းလာတဲ့သူတွေအတွက် အသင့်တော်ဆုံးလို့ ပြောနိုင်တယ်။

၂။ Business-to-Business Product Manager
Business-to-Business PM တွေက တခြားကုမ္ပဏီတွေရဲ့ business product တွေကို develop and deliver လုပ်ပေးရသူတွေဖြစ်တယ်။ Software as a service ရောင်းချနေတဲ့ကုမ္ပဏီ​တွေမှာ လုပ်ကိုင်နေတဲ့သူမျိုးတွေဖြစ်တယ်။ ဥပမာ Amazon Web Services လိုကုမ္ပဏီက Product Manager တွေဆိုရင် ကိုယ့်ကုမ္ပဏီက Service တွေကို အသုံးပြုနေတဲ့ တခြားကုမ္ပဏီတွေအတွက် Product Development လုပ်ပေးရတာမျိုးဖြစ်တယ်။
တခြားကုမ္ပဏီတွေရဲ့ လိုအပ်ချက်တွေကို အမြဲမပြတ်လေ့လာပြီး အသုံးတည့်မယ့် Product တွေ၊ Solutions တွေ၊ Features တွေကို develop and deliver လုပ်ပေးရတယ်။ ကိုယ့် Client ကုမ္ပဏီတွေရဲ့ လိုအပ်ချက်တွေပေါ်မူတည်ပြီး deliver လုပ်ရတာဖြစ်လို့ urgent tasks တွေများတာ၊ deadline ကျပ်တွေနဲ့ ကြုံတွေ့ရတာမျိုးတွေလည်း ရှိနိုင်ပါတယ်။ အတွေ့အကြုံရှိပြီးသား product managers တွေနဲ့ Industry အမျိုးမျိုးကို explore လုပ်ချင်သူတွေအတွက် B2B Product Management က အံအဝင်ဆုံးဖြစ်ပါလိမ့်မယ်။

၃။ Business-to-Consumer Product Manager
Business-to-Consumer PM အမျိုးအစားကတော့ Public မှာရှိတဲ့ ပြင်ပ Customer တွေရဲ့ အခက်အခဲတွေကို ဦးစားပေးဖြေရှင်းပေးရတဲ့သူတွေဖြစ်တယ်။ ဥပမာပြောရရင် Facebook လိုကုမ္ပဏီရဲ့ Product Manager တွေဖြစ်တယ်။ နေ့စဥ် consumer တွေရဲ့ သုံးစွဲမှုကိုအခြေခံပြီး ပိုကောင်းတဲ့ service တွေ user experience တွေရဖို့ develop and deliver လုပ်ပေးရသူတွေဖြစ်တယ်။
စိတ်ဝင်စားဖို့ကောင်းတဲ့အချက်က ကိုယ့် Product ကို သုံးစွဲတဲ့ user က ထောင်၊ သောင်း၊ သန်းနဲ့ချီတဲ့ user တွေဖြစ်နိုင်ပြီး၊ အဲဒီ user တွေနဲ့ အနီးကပ် လေ့လာစမ်းစစ် communication လုပ်၊ feedback တွေရယူပြီး ပိုမိုထိရောက်တဲ့ feature တွေ၊ service တွေကို develop လုပ်နိုင်တာဖြစ်တယ်။ အမျိုးအစား အုပ်စုမတူတဲ့ user အများကြီးကို target ထားရတဲ့အချိန်မှာ မသေချာမှုတွေ၊ risk တွေနဲ့ ကြုံတွေ့ရနိုင်ပြီး challenge အများဆုံး Product Management အမျိုးအစားလို့လဲ သတ်မှတ်လို့ရပါတယ်။

ဒါကတော့ Product Manager အမျိုးအစားတွေကို အဓိကထိတွေ့ဆက်ဆံရတဲ့ Stakeholders တွေပေါ်မူတည်ပြီး ပြောပြထားတာဖြစ်ပါတယ်။ တခြားမတူတဲ့ချဥ်းကပ်ပုံတွေနဲ့လဲ Product Manager အမျိုးအစားတွေကို သတ်မှတ်လို့ရကောင်းရပါလိမ့်မယ်။ ထပ်ဖြည့်လိုတာ၊ စိတ်ထဲတွေးမိတာရှိရင်လည်း အောက်က Comment ထဲမှာ ‌‌‌‌‌ဝေမျှပေးစေချင်ပါတယ်။
Product သမားအချင်းချင်း idea တွေ၊ knowledge နဲ့ experience တွေ share ဖို့ နွေးနွေးထွေးထွေးဖိတ်ခေါ်ပါတယ်။ နောက်ထပ် Post တွေမလာခင် product management နဲ့ ပတ်သက်တဲ့ ဘယ်လို topic တွေဖတ်ချင်လဲဆိုတာ ဒီ Google Form ကနေတဆင့် အကြံပေးနိုင်ပါတယ်။
ProductBaze အကြောင်း (၁) မိနစ်စာ မိတ်ဆက် post လေးကို ဒီ link မှာ ဖတ်လို့ရပါတယ်။ ProductBaze ကို ဆက်သွယ်ချင်ရင် productbaze@gmail.com သို့ ပေးပို့ ဆက်သွယ်နိုင်ပါတယ်။

Follow us on Facebook and Linkedin for latest updates.

Comments

Popular Posts

SMART Goal ဘယ်လိုတည်ဆောက်မလဲ

Personal အတွက်ဖြစ်စေ၊ လုပ်ငန်းခွင်မှာဖြစ်စေ.. ရည်မှန်းချက်ကြီးမားတာ ကောင်းပေမယ့် ကိုယ်စိတ်ကူး ပေါ်ရာ ကိုယ်ဖြစ်ချင်ရာ ရည်မှန်းချက်တွေ ရမ်းသမ်းချမှတ်တာက လက်တွေ့မကျတဲ့၊ ချသာ ချမှတ်ထားပြီး အသုံးမဝင် Effective မဖြစ်တဲ့ ရည်မှန်းချက်တွေ ဖြစ်နေနိုင်ပါတယ်။ မဖြစ်နိုင်တဲ့ Goal နောက်ကိုလိုက်ရင်း ရင်းနှီးမြှုပ်နှံရတဲ့ အချိန်တွေ၊ ငွေကြေးတွေ၊ Resource တွေလည်း ဆုံးရှုံးမှုတွေဖြစ်စေနိုင်ပါတယ်။ “SMART Goal ဖြစ်ဖို့တော့ လိုမယ်နော်” ဆိုတဲ့ စကားမျိုး ကြားဖူးကြပါလိမ့်မယ်။ SMART Goal ဆိုတဲ့ concept ကို စီးပွားရေးလောက၊ Marketing အပြင် နယ်ပယ်အသီးသီးမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုကြပါတယ်။ SMART Goal ဆိုတာ တိုတိုပြောရရင် တိကျရှင်းလင်းပြီး လက်တွေ့ကျတဲ့ Goal တွေချမှတ်ခြင်းလို့ ပြောနိုင်ပါတယ်။ မိမိ Business အတွက်၊ Product အတွက်၊ Team အတွက်၊ Personal အတွက် Goal တွေ ချမှတ်တဲ့အခါ လက်တွေ့ဖြစ်နိုင်ချေရှိတဲ့ ရည်မှန်းချက်ကို သေချာသတ်မှတ်ပေးနိုင်တဲ့ SMART Objective နည်းလမ်းကို သုံးကြည့်သင့်ပါတယ်။ SMART Goal ဆိုတာက ကိုယ့်ချမှတ်ရေးဆွဲမယ့် Goal တွေက S (Specific) - ဘာကိုရရှိအောင်လုပ်မယ်ဆိုတာ တိတိကျကျဖြစ်ရမယ် M (

Cross-Functional Team အကြောင်း တစေ့တစောင်း

Cross-functional Team ဆိုတာ အပြောလည်းများသလို အသုံးလည်းများပါတယ်။ Product Team တွေမှာလည်း Cross-functional Team ပုံစံကို တော်တော်များများ အသုံးပြုကြပါတယ်။ ProductBaze ဆောင်းပါးအချို့မှာလည်း ထည့်ရေးဖူးပြီး၊ Product Squad ဆောင်းပါးမှာ Squad တည်ဆောက်ပုံက Cross-functional Team ပုံစံကို အခြေခံတဲ့အကြောင်းရေးရင်းနဲ့ Cross-functional Team အကြောင်းလေးကိုပါ မိတ်ဆက်ပေးဖို့ ဖြစ်လာပါတယ်။ ပုံမှန် Organization တွေမှာ Department တွေ, Team တွေက လုပ်ငန်းသဘောသဘာဝ တူညီရာ (Tech, Marketing, Sales, Operation…) စသဖြင့် အသီးသီး ဖွဲ့စည်းထားကြပြီး ဖွဲ့စည်းပုံကလည်း အထက်ကနေ အောက် Hierarchy အတိုင်းဖြစ်ကြပါတယ်။ Decision တစ်ခုလိုအပ်ရင်လည်း Hierarchy အတိုင်း အပေါ်ကို ပြန်တက်ပြီး Request လုပ်ကြရသလို၊​ Company တစ်ခုထဲက Team အသီးသီးက အခြား Department တွေ ဘာလုပ်နေလဲဆိုတာ သိဖို့ ထင်သလောက် မလွယ်ကူပါဘူး။ Silos Team (တသီးတသန့် အလုပ်လုပ်တဲ့ Team) တွေ ဖြစ်လာပြီး Direction တွေ ညှိရခက်တတ်ပါတယ်။ Cross-functional Team ဆိုတာက Organization ထဲမှာ ကျွမ်းကျင်မှုမတူ (သို့မဟုတ်) ဌာနမတူတဲ့ လူတွေကို Team အနေနဲ့ဖွဲ့ပေးပြီး Project တစ်

ကိုယ့် Boss ကို ဘယ်လို Manage လုပ်မလဲ

“Manage My Boss” ဆိုတဲ့ ခေါင်းစဉ်ကြီးဖတ်လိုက်ရလို့ တမျိုးကြီးဖြစ်သွားမယ်ထင်ပါတယ်။ သို့ပေမယ့် ကျွန်တော် အခုပြောပြမယ့် “How to Manage your Boss” က Management အကြောင်း လေ့လာတဲ့အခါတွေမှာလည်း ပါဝင်လေ့ရှိသလို အပြင်လုပ်ငန်းခွင်မှာလည်း တကယ်အရေးပါတဲ့ ကိစ္စရပ်ပါပဲ။ ကိုယ်ကိုယ်တိုင်က Middle Management Level လို့ပြောကြတဲ့ Manager ဖြစ်နေမယ်၊ ကိုယ့်အောက်မှာ Team Members တွေရှိသလို၊ ကိုယ့်အပေါ်မှာလည်း ကိုယ် Report လုပ်ရတဲ့ Senior Manager သော်လည်းကောင်း၊ Head သော်လည်းကောင်း၊ C-Level သော်လည်းကောင်း ကိုယ့် Boss ရှိမယ်ပေ့ါ။ Management Term အရဆိုရင် ကိုယ့် Team ကို Manage လုပ်ရတာကို “Managing Down” or “Downward Management” လို့ ခေါ်ပြီး၊ ကိုယ့် Boss ကို Manage လုပ်တာကို “Managing Up” or “Upward Management”လို့ခေါ်ပါတယ်။ အဲ့တော့ အခုဆွေးနွေးမှာက Upward Management အကြောင်းပါ။ အိုကေ… ကိုယ့် Boss ကို ဘယ်လို Manage လုပ်တာလဲ??? ကိုယ်က Manage လုပ်ခံရမှာမဟုတ်ဘူးလား??? ကိုယ့်အတွက်ရော ဘယ်လို အကျိုးရှိမှာလဲ??? “Boss ကို Manage လုပ်တယ်ဆိုတာ ဘာလဲ” ကနေ စရအောင်ပါ။ Boss ကို Manage လုပ်တဲ့ အဓိက Goal က Boss ကို အပြည

အသုံးများတဲ့ Product Testing တွေ

Webinar တစ်ခုမှာ Product Testing တွေအကြောင်းထည့်ပြောတော့ နောက်ဆုံးအမေးအဖြေအချိန်မှာ အမေးခံရဖူးတာလေး မှတ်မှတ်ရရရှိလို့ပါ။ “A/B Testing ဆိုတာ Alpha Testing, Beta Testing ကို ပြောတာလား” ဆိုတဲ့ မေးခွန်းပါ။ သိတဲ့သူအတွက်တော့ ဘာမှမဆိုင်တဲ့ Testing တွေမှန်း တန်းသိနိုင်ပေမယ့် တစ်ဖက်မှာလည်း မေးလည်းမေးချင်စရာ အခေါ်အဝေါ်က ခပ်ဆင်ဆင်တူနေတာကိုးလို့ တွေးမိပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ မကြာမကြာလည်း ပြောဖြစ်ကြပြီး၊ အသုံးလည်းများ၊ အသုံးလည်းဝင်တဲ့ Alpha Testing, Beta Testing နဲ့ A/B Testing တို့အကြောင်းကို တီးမိခေါက်မိအောင် ရေးချင်ပါတယ်။ Feature Development တွေပြီးတဲ့အခါ Product Owner နဲ့ Development Team တွေ User Acceptance Testing (UAT) ကို အတူတကွ ပြုလုပ်ကြပါတယ်။ QA က အဓိက Test တာဖြစ်နိုင်ပေမယ့် အားလုံးက ပူးပေါင်းလုပ်ဆောင်ကြရတာပါ။ Product (သို့) Feature က UAT လည်းပြီးပြီ၊ Release လုပ်တော့မယ်လို့ စ Plan တဲ့အခါ Alpha Testing နဲ့ Beta Testing အခန်းကဏ္ဍဆီ ရောက်ပါတယ်။ Alpha Testing Alpha Testing ဆိုတာ လွယ်လွယ်ပြောရရင် ကိုယ့်လူနဲ့ကိုယ် အရင်စမ်းသပ်တဲ့ Testing အမျိုးအစားပါ။ မိမိရဲ့ Software

၅ မိနစ်စာ Product Roadmap

Product တစ်ခုစလုပ်ရင် အလိုအပ်ဆုံးက Product Roadmap လို့ပြောလို့ရမယ်။ Product Roadmap က မိမိ လုပ်မယ့် Product အကြောင်း Overview ပြောပြပေးနိုင်သလို၊ မိမိ Product Goal တွေကို ဘယ်လိုရောက်အောင် လျှောက်မလဲဆိုတာကို ချပြပေးလို့ပါပဲ။ Product Roadmap မရှိရင် ကိုယ်ထင်ရာ လုပ်မိနေနိုင်ပြီး မိမိ Goals တွေကို လက်လှမ်းမမှီနိုင်ဖြစ်သွားလိမ့်မယ်။ Product Roadmap ရှိတော့ ကိုယ့် Team Member တွေဖြစ်ဖြစ်၊ CEO ဒါမှမဟုတ် Investor တွေနဲ့ပဲပြောပြော အသုံးဝင်ပါလိမ့်မယ်။ ဒါဆို Product Roadmap ဘယ်လိုဆွဲရမလဲလို့မေးမယ် ။ အလုပ်အဖြစ်ဆုံး Product Roadmap Template ဆိုပြီးတော့မရှိပါဘူး။ မိမိ Roadmap ကို ကြည့်မယ့်လူပေါ်မူတည်ပြီး Roadmap ဒီဇိုင်းတွေကပြောင်းလဲရပါမယ်။ ဥပမာ… CEO က Timeline တွေနဲ့ ဘယ်နေ့ဘာ Feature ပြီးမှာလဲကို ကြည့်ချင်နေတဲ့အချိန် ကိုယ်က Feature List ပဲ သွားပြလို့မရပါဘူး။ Template မရှိပေမယ့် ဒီနေရာမှာ Share ပေးချင်တာက ကျွန်တော့် အတွက် အလုပ်ဖြစ်ခဲ့တဲ့ Roadmap Key Components တွေနဲ့ တခြား popular ဖြစ်တဲ့ Product Roadmap တွေကို ဝေမျှပေးသွားပါမယ်။ Product Roadmap မှာ အတွေ့အများဆုံးက Quarterly Roadmap (Q1,