Skip to main content

Feature Factory Product တွေ ဘာလို့မအောင်မြင်တာလဲ?

Product တစ်ခုကို Product Manager ကိုယ်တိုင် lead လုပ်, Product Team နဲ့ အသေအချာ အာရုံစိုက်ပြီး customers တွေအတွက် လိုအပ်မယ်ထင်တဲ့ features အသစ်တွေ develop လုပ်လာပေမယ့် ရေရှည်မှာ Feature Factory Product ဖြစ်မှန်းမသိ ဖြစ်လာတတ်ပါတယ်။ Feature Factory Product ဆိုတာ ဘယ်လိုမျိုးလဲ၊ Product Manager တစ်ယောက်အနေနဲ့ ကိုယ့် product က Feature Factory Product ဖြစ်နေရင် ဘယ်လိုသတိထားမိနိုင်မလဲနဲ့ ဘာလို့ အဲ့လို product မျိုးက ရေရှည်မှာ မအောင်မြင်နိုင်တာလဲဆိုတာ ဆွေးနွေးချင်ပါတယ်။

Feature Factory Product ဆိုတာ ဘာလဲ?

Feature Factory Product ဆိုတဲ့ အသုံးအနှုန်းက Product Management နဲ့ပတ်သက်တဲ့ article တွေ podcast တွေမှာတော့ မကြာမကြာကြားရတတ်ပါတယ်။ အဓိပ္ပါယ်က “Features တွေ တစ်ခုပြီးတစ်ခု ထုတ်လုပ်​နေတဲ့ စက်ရုံနဲ့တူတဲ့ Product” ကို ဆိုလိုတာပါ။ အသေးစိတ်ထပ်ရှင်းရရင် product တစ်ခုကို features တွေ ထည့်ဖို့ပဲ အာရုံစိုက်နေပြီး တကယ်တမ်း အဲ့ဒီ features တွေက ကိုယ့် end consumer တွေ လိုချင်ရဲ့လား၊ value-added ဖြစ်သွားရဲ့လား၊ business ရှုထောင့်ကနေရော အကျိုးအမြတ်ရှိသွားရဲ့လား စတာတွေကို အာရုံမစိုက်မိတဲ့ product ကိုရည်ညွှန်းပါတယ်။

Feature Factory Product ဖြစ်နေလားဆိုတာ ဘယ်လိုသတိထားမိနိုင်မလဲ?
Image source: John Culter, 12 Signs You’re Working in a Feature Factory

စက်ရုံမှာ အရေအတွက် ဘယ်နှစ်ခုထုတ်လဲဆိုတာကို အဓိကထားတိုင်းတာသလိုမျိုး ကိုယ့် company က product တစ်ခုမှာ quarterly (သို့) yearly plan ထားတဲ့အတိုင်း features ဘယ်နှစ်ခု deliver လုပ်လိုက်နိုင်တယ်ဆိုတာကို ဂုဏ်ယူတယ် အောင်ပွဲခံတယ်၊ ထပ်ထည့်လိုက်တဲ့ feature က ရည်ရွယ်ချက်အတိုင်း အကျိုးရှိသွားလာ၊ customer တွေရဲ့  problem ကို solve ဖြစ်သွားလားအထိ ဆက်ပြီးမတိုင်းတာဘူးဆိုရင်တော့ feature factory product လို့ဆိုနိုင်ပါတယ်။
တစ်နည်းအားဖြင့် deliver လုပ်လိုက်တဲ့ feature တွေရဲ့ ရလာမယ့် ရလဒ် (Outcome) ကို မကြည့်ပဲ အရေအတွက် (Output) ကိုပဲကြည့်နေမိခြင်း ဖြစ်ပါတယ်။ Product team အနေနဲ့လည်း နေ့စဥ် roadmap ထဲမှာရှိနေတာကိုပဲ တစ်ခုပြီးတစ်ခု develop လုပ်ဖို့ အာရုံစိုက်နေရပြီး customer တွေ ဘာလိုချင်လည်း၊ သူတို့ရဲ့ အခက်အခဲတွေကဘာတွေလည်းနဲ့ တကယ်သုံးမယ့် customer ဘက်မှာ ဘာအကျိုးရှိသွားမလဲဆိုတဲ့ Impact ကို သတိမထားမိတော့တဲ့အခြေအနေမျိုးပါ။
Product သမားတစ်ယောက်အနေနဲ့ အထက်လူကြီးဆီက
  • “မင်းတို့ team ဒီလောက်ကောင်းတဲ့ feature ကြီး develop လိုက်နိုင်ပြီ.. အရမ်းတော်တယ်ကွာ” လို့ အသိအမှတ်ပြုတာမျိုး ကြားလေ့ရှိပြီး
  • “မင်းတို့ deliver လုပ်လိုက်တဲ့ feature ကြောင့် customer တွေ ဘယ်လောက်အဆင်ပြေသွားတယ်၊ daily active users တွေ ဘယ်လောက်များလာတယ်၊ ဘယ်လောက် transactions တွေ တက်လာတယ်.. ဘယ်လောက်ရာခိုင်နှုန်းထိအောင်မြင်တယ်” ဆိုတာမျိုး ကြားလေ့မရှိရင်တော့
Outcome ထပ် Output ကို ပိုအလေးထားတယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ
သိလိုက်ပါ... သင်လည်း feature factory ထဲ ရောက်နေပါပြီ

ရေရှည်မှာ ဘာလို့ feature factory product က မအောင်မြင်နိုင်တာလဲ?

ရှင်းပါတယ်။ Product တစ်ခုအောင်မြင်မှုက ဘယ်လောက်ရေပန်းစားတဲ့ features တွေပါလဲ၊ technical အရ ဘယ်လောက်ခက်ခဲတဲ့ features တွေပါလဲနဲ့မဆိုင်ပဲ၊ ဒီ product က customer အနေနဲ့ ဘာတွေအသုံးဝင်ပြီး သူတို့ရဲ့ဘယ်လိုပြဿနာတွေကို ဖြေရှင်းပေးနိုင်လဲဆိုတာပေါ် မူတည်တာပါ။ ဒါ့ကြောင့် ကိုယ့် end consumer တွေ လိုချင်ရဲ့လား၊ value-added ဖြစ်သွားရဲ့လား၊ business ရှုထောင့်ကနေရော အကျိုးအမြတ်ရှိသွားရဲ့လားဆိုတဲ့ တိုင်းတာမှုတွေမရှိပဲ market ထဲမှာ ရေပန်းစားတဲ့ features အသစ်အသစ်တွေ ထပ်ထည့်ပေးနေရင် product က ရေရှည်မှာ ရှုပ်ပွ၊ identity ပျောက်ပြီး၊ ဒီ product ကို ဘာလို့ဆက်သုံးမှာလဲဆိုတဲ့ မေးခွန်းဆီ ဦးတည်သွားပါလိမ့်မယ်။ ရွေးစရာများလှတဲ့ ဒီနေ့ခေတ်မှာ ရှုပ်ရှက်ခက်နေပြီး ဘာ value ပေးချင်မှန်းမသိတဲ့ product တစ်ခုက market ထဲမှာ နေရာယူဖို့ မလွယ်လှပါဘူး။
Deliver လုပ်ပြီးတဲ့ features တွေကို analysis မလုပ်ဖူး၊ အောင်မြင်လား တိုင်းတာတဲ့ metrics တွေမရှိဖူး၊ ထင်သလောက် အသုံးမဝင်ခဲ့ရင် improve ဘယ်လိုလုပ်မှာလဲ၊ ပြန်ဖြုတ်မှာလား စတဲ့ Plan B မရှိဘူးဆိုရင် developers တွေရဲ့ အချိန်တွေအများကြီးရင်းနှီးပြီး develop လုပ်လာတဲ့ features အသစ်တွေက product မှာ value-added ဖြစ်ဖို့ထပ် အနှုတ်လက္ခဏာဆီပဲ ဦးတည်သွားပါလိမ့်မယ်။

ကောင်းပြီ... Feature Factory Product က ရေရှည်မှာ မအောင်မြင်နိုင်ဘူးဆိုရင် အဲ့လို product မဖြစ်အောင်က ဘယ်လိုလုပ်ရမလဲ? အဓိကကတော့ product မှာ feature အသစ်ထည့်ဖို့ပဲ အာရုံထားတဲ့ mindset ကို ပြောင်းဖို့ပါ။ Feature တစ်ခုထည့်ဖို့ ဆုံးဖြတ်တဲ့နေရာမှာ ဘာလို့လဲ (Why?) တွေ မေးဖို့၊ သေချာ plan ချဖို့၊ deliver လုပ်ပြီးရင်လည်း ဘယ်လိုရလဒ်ရှိလည်း စောင့်ကြည့်ပြီး ပိုကောင်းအောင် ပြင်ဆင်ဖို့တွေ လိုပါလိမ့်မယ်။

Feature Factory Product မဖြစ်အောင် ဘယ်လိုလုပ်သင့်တဲ့ဆိုတဲ့ အသေးစိတ် step by step ကိုတော့ နောက် article တစ်ခုမှာ ဆက်လက်ဆွေးနွေးသွားပါမယ်။ Feature Factory Product နဲ့ ပတ်သက်တဲ့ ကိုယ့်အတွေ့အကြုံတွေ၊ တွေးမိတာတွေကို အောက်က Comment ထဲမှာ ‌‌‌‌‌ဝေမျှပေးစေချင်ပါတယ်။ Product သမားအချင်းချင်း idea တွေ၊ knowledge နဲ့ experience တွေ share ဖို့ နွေးနွေးထွေးထွေးဖိတ်ခေါ်ပါတယ်။ နောက်ထပ် Post တွေမှာ product management နဲ့ ပတ်သက်တဲ့ ဘယ်လို topic တွေဖတ်ချင်လဲဆိုတာ ဒီ Google Form ကနေတဆင့် အကြံပေးနိုင်ပါတယ်။
ProductBaze အကြောင်း (၁) မိနစ်စာ မိတ်ဆက် post လေးကို ဒီ link မှာ ဖတ်လို့ရပါတယ်။ ProductBaze ကို ဆက်သွယ်ချင်ရင် productbaze@gmail.com သို့ ပေးပို့ ဆက်သွယ်နိုင်ပါတယ်။

Comments

Popular Posts

SMART Goal ဘယ်လိုတည်ဆောက်မလဲ

Personal အတွက်ဖြစ်စေ၊ လုပ်ငန်းခွင်မှာဖြစ်စေ.. ရည်မှန်းချက်ကြီးမားတာ ကောင်းပေမယ့် ကိုယ်စိတ်ကူး ပေါ်ရာ ကိုယ်ဖြစ်ချင်ရာ ရည်မှန်းချက်တွေ ရမ်းသမ်းချမှတ်တာက လက်တွေ့မကျတဲ့၊ ချသာ ချမှတ်ထားပြီး အသုံးမဝင် Effective မဖြစ်တဲ့ ရည်မှန်းချက်တွေ ဖြစ်နေနိုင်ပါတယ်။ မဖြစ်နိုင်တဲ့ Goal နောက်ကိုလိုက်ရင်း ရင်းနှီးမြှုပ်နှံရတဲ့ အချိန်တွေ၊ ငွေကြေးတွေ၊ Resource တွေလည်း ဆုံးရှုံးမှုတွေဖြစ်စေနိုင်ပါတယ်။ “SMART Goal ဖြစ်ဖို့တော့ လိုမယ်နော်” ဆိုတဲ့ စကားမျိုး ကြားဖူးကြပါလိမ့်မယ်။ SMART Goal ဆိုတဲ့ concept ကို စီးပွားရေးလောက၊ Marketing အပြင် နယ်ပယ်အသီးသီးမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုကြပါတယ်။ SMART Goal ဆိုတာ တိုတိုပြောရရင် တိကျရှင်းလင်းပြီး လက်တွေ့ကျတဲ့ Goal တွေချမှတ်ခြင်းလို့ ပြောနိုင်ပါတယ်။ မိမိ Business အတွက်၊ Product အတွက်၊ Team အတွက်၊ Personal အတွက် Goal တွေ ချမှတ်တဲ့အခါ လက်တွေ့ဖြစ်နိုင်ချေရှိတဲ့ ရည်မှန်းချက်ကို သေချာသတ်မှတ်ပေးနိုင်တဲ့ SMART Objective နည်းလမ်းကို သုံးကြည့်သင့်ပါတယ်။ SMART Goal ဆိုတာက ကိုယ့်ချမှတ်ရေးဆွဲမယ့် Goal တွေက S (Specific) - ဘာကိုရရှိအောင်လုပ်မယ်ဆိုတာ တိတိကျကျဖြစ်ရမယ် M (

Cross-Functional Team အကြောင်း တစေ့တစောင်း

Cross-functional Team ဆိုတာ အပြောလည်းများသလို အသုံးလည်းများပါတယ်။ Product Team တွေမှာလည်း Cross-functional Team ပုံစံကို တော်တော်များများ အသုံးပြုကြပါတယ်။ ProductBaze ဆောင်းပါးအချို့မှာလည်း ထည့်ရေးဖူးပြီး၊ Product Squad ဆောင်းပါးမှာ Squad တည်ဆောက်ပုံက Cross-functional Team ပုံစံကို အခြေခံတဲ့အကြောင်းရေးရင်းနဲ့ Cross-functional Team အကြောင်းလေးကိုပါ မိတ်ဆက်ပေးဖို့ ဖြစ်လာပါတယ်။ ပုံမှန် Organization တွေမှာ Department တွေ, Team တွေက လုပ်ငန်းသဘောသဘာဝ တူညီရာ (Tech, Marketing, Sales, Operation…) စသဖြင့် အသီးသီး ဖွဲ့စည်းထားကြပြီး ဖွဲ့စည်းပုံကလည်း အထက်ကနေ အောက် Hierarchy အတိုင်းဖြစ်ကြပါတယ်။ Decision တစ်ခုလိုအပ်ရင်လည်း Hierarchy အတိုင်း အပေါ်ကို ပြန်တက်ပြီး Request လုပ်ကြရသလို၊​ Company တစ်ခုထဲက Team အသီးသီးက အခြား Department တွေ ဘာလုပ်နေလဲဆိုတာ သိဖို့ ထင်သလောက် မလွယ်ကူပါဘူး။ Silos Team (တသီးတသန့် အလုပ်လုပ်တဲ့ Team) တွေ ဖြစ်လာပြီး Direction တွေ ညှိရခက်တတ်ပါတယ်။ Cross-functional Team ဆိုတာက Organization ထဲမှာ ကျွမ်းကျင်မှုမတူ (သို့မဟုတ်) ဌာနမတူတဲ့ လူတွေကို Team အနေနဲ့ဖွဲ့ပေးပြီး Project တစ်

ကိုယ့် Boss ကို ဘယ်လို Manage လုပ်မလဲ

“Manage My Boss” ဆိုတဲ့ ခေါင်းစဉ်ကြီးဖတ်လိုက်ရလို့ တမျိုးကြီးဖြစ်သွားမယ်ထင်ပါတယ်။ သို့ပေမယ့် ကျွန်တော် အခုပြောပြမယ့် “How to Manage your Boss” က Management အကြောင်း လေ့လာတဲ့အခါတွေမှာလည်း ပါဝင်လေ့ရှိသလို အပြင်လုပ်ငန်းခွင်မှာလည်း တကယ်အရေးပါတဲ့ ကိစ္စရပ်ပါပဲ။ ကိုယ်ကိုယ်တိုင်က Middle Management Level လို့ပြောကြတဲ့ Manager ဖြစ်နေမယ်၊ ကိုယ့်အောက်မှာ Team Members တွေရှိသလို၊ ကိုယ့်အပေါ်မှာလည်း ကိုယ် Report လုပ်ရတဲ့ Senior Manager သော်လည်းကောင်း၊ Head သော်လည်းကောင်း၊ C-Level သော်လည်းကောင်း ကိုယ့် Boss ရှိမယ်ပေ့ါ။ Management Term အရဆိုရင် ကိုယ့် Team ကို Manage လုပ်ရတာကို “Managing Down” or “Downward Management” လို့ ခေါ်ပြီး၊ ကိုယ့် Boss ကို Manage လုပ်တာကို “Managing Up” or “Upward Management”လို့ခေါ်ပါတယ်။ အဲ့တော့ အခုဆွေးနွေးမှာက Upward Management အကြောင်းပါ။ အိုကေ… ကိုယ့် Boss ကို ဘယ်လို Manage လုပ်တာလဲ??? ကိုယ်က Manage လုပ်ခံရမှာမဟုတ်ဘူးလား??? ကိုယ့်အတွက်ရော ဘယ်လို အကျိုးရှိမှာလဲ??? “Boss ကို Manage လုပ်တယ်ဆိုတာ ဘာလဲ” ကနေ စရအောင်ပါ။ Boss ကို Manage လုပ်တဲ့ အဓိက Goal က Boss ကို အပြည

အသုံးများတဲ့ Product Testing တွေ

Webinar တစ်ခုမှာ Product Testing တွေအကြောင်းထည့်ပြောတော့ နောက်ဆုံးအမေးအဖြေအချိန်မှာ အမေးခံရဖူးတာလေး မှတ်မှတ်ရရရှိလို့ပါ။ “A/B Testing ဆိုတာ Alpha Testing, Beta Testing ကို ပြောတာလား” ဆိုတဲ့ မေးခွန်းပါ။ သိတဲ့သူအတွက်တော့ ဘာမှမဆိုင်တဲ့ Testing တွေမှန်း တန်းသိနိုင်ပေမယ့် တစ်ဖက်မှာလည်း မေးလည်းမေးချင်စရာ အခေါ်အဝေါ်က ခပ်ဆင်ဆင်တူနေတာကိုးလို့ တွေးမိပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ မကြာမကြာလည်း ပြောဖြစ်ကြပြီး၊ အသုံးလည်းများ၊ အသုံးလည်းဝင်တဲ့ Alpha Testing, Beta Testing နဲ့ A/B Testing တို့အကြောင်းကို တီးမိခေါက်မိအောင် ရေးချင်ပါတယ်။ Feature Development တွေပြီးတဲ့အခါ Product Owner နဲ့ Development Team တွေ User Acceptance Testing (UAT) ကို အတူတကွ ပြုလုပ်ကြပါတယ်။ QA က အဓိက Test တာဖြစ်နိုင်ပေမယ့် အားလုံးက ပူးပေါင်းလုပ်ဆောင်ကြရတာပါ။ Product (သို့) Feature က UAT လည်းပြီးပြီ၊ Release လုပ်တော့မယ်လို့ စ Plan တဲ့အခါ Alpha Testing နဲ့ Beta Testing အခန်းကဏ္ဍဆီ ရောက်ပါတယ်။ Alpha Testing Alpha Testing ဆိုတာ လွယ်လွယ်ပြောရရင် ကိုယ့်လူနဲ့ကိုယ် အရင်စမ်းသပ်တဲ့ Testing အမျိုးအစားပါ။ မိမိရဲ့ Software

၅ မိနစ်စာ Product Roadmap

Product တစ်ခုစလုပ်ရင် အလိုအပ်ဆုံးက Product Roadmap လို့ပြောလို့ရမယ်။ Product Roadmap က မိမိ လုပ်မယ့် Product အကြောင်း Overview ပြောပြပေးနိုင်သလို၊ မိမိ Product Goal တွေကို ဘယ်လိုရောက်အောင် လျှောက်မလဲဆိုတာကို ချပြပေးလို့ပါပဲ။ Product Roadmap မရှိရင် ကိုယ်ထင်ရာ လုပ်မိနေနိုင်ပြီး မိမိ Goals တွေကို လက်လှမ်းမမှီနိုင်ဖြစ်သွားလိမ့်မယ်။ Product Roadmap ရှိတော့ ကိုယ့် Team Member တွေဖြစ်ဖြစ်၊ CEO ဒါမှမဟုတ် Investor တွေနဲ့ပဲပြောပြော အသုံးဝင်ပါလိမ့်မယ်။ ဒါဆို Product Roadmap ဘယ်လိုဆွဲရမလဲလို့မေးမယ် ။ အလုပ်အဖြစ်ဆုံး Product Roadmap Template ဆိုပြီးတော့မရှိပါဘူး။ မိမိ Roadmap ကို ကြည့်မယ့်လူပေါ်မူတည်ပြီး Roadmap ဒီဇိုင်းတွေကပြောင်းလဲရပါမယ်။ ဥပမာ… CEO က Timeline တွေနဲ့ ဘယ်နေ့ဘာ Feature ပြီးမှာလဲကို ကြည့်ချင်နေတဲ့အချိန် ကိုယ်က Feature List ပဲ သွားပြလို့မရပါဘူး။ Template မရှိပေမယ့် ဒီနေရာမှာ Share ပေးချင်တာက ကျွန်တော့် အတွက် အလုပ်ဖြစ်ခဲ့တဲ့ Roadmap Key Components တွေနဲ့ တခြား popular ဖြစ်တဲ့ Product Roadmap တွေကို ဝေမျှပေးသွားပါမယ်။ Product Roadmap မှာ အတွေ့အများဆုံးက Quarterly Roadmap (Q1,