Skip to main content

Agile Transformation မှာ ကြုံတွေ့ရတဲ့ အခက်အခဲများ



Waterfall ကတော့ အားလုံးသိကြတဲ့အတိုင်း Product တစ်ခုတည်ဆောက်ရာမှာ တဆင့်ပြီးမှ တဆင့်သွားတဲ့ အစဥ်လိုက်သွားတဲ့ပုံစံနဲ့ အလုပ်လုပ်ပါတယ်။ အရင်ဆုံး Plan ဆွဲ၊ Design အတည်ပြု၊ Documents တို့ကို ပြီးအောင်လုပ်ပြီးမှ စတင် Develop လုပ်ဖို့ Development Team လက်ထဲကို ထည့်ပေးလိုက်ပါတယ်။ Development အဆုံးသတ်မှာ Testing လုပ်ကြပါတယ်။ ဒါက အရင်ထဲက Software Industry မှာ လုပ်ဆောင်ခဲ့ကြတဲ့ ပုံစံတွေပါ။

Timeline ကိုပါသေချာဆွဲပြီး တဆင့်ပြီးမှ တဆင့်သွားတဲ့နည်းလမ်းက အပြောင်းအလဲ တစုံတရာ လုပ်ဖို့လိုတဲ့အခါ ကိုင်တွယ်ရခက်ပြီး Cost လည်း များတာကြောင့် နောက်ပိုင်းမှာ ပိုမိုကောင်းမွန်တဲ့ Agile နည်းဆီကို ရွှေ့ပြောင်းလာကြပါတယ်။



Agile နည်းရယ်၊ Agile မှာသုံးတဲ့ Scrum Framework အသေးစိတ်ကိုတော့ ဒီဆောင်းပါးတွေမှာ ဖတ်နိုင်ပါတယ်။
Agile နဲ့ Scrum ကို အသုံးများလာတဲ့နောက် Software Industry နဲ့ Product Company တွေကလည်း Agile Transformation တွေ ပြုလုပ်လာကြပါတယ်။ “Agile Transformation”.... နားထောင်လို့တော့ ကောင်းပါတယ်။ သို့သော် အရိုးစွဲလာတဲ့ Waterfall နည်းကနေ Agile ကို ပြောင်းရတာက ထင်သလောက်တော့ မလွယ်ကူပါဘူး။ အပြောင်းအလဲကာလမှာ Challenges တွေ အများကြီး ကြုံတွေ့ရသလို၊ နည်းလမ်းကျကျ မပြောင်းဖြစ်ခဲ့ရင် Agile သုံးနေပြီထင်ပေမယ့် အထဲမှာ Waterfall နဲ့သွားနေတဲ့ အပိုင်းတွေက ရောယှက်နေပြီး ပိုရှုပ်ထွေးတဲ့ ပုံစံမျိုးတွေဆီ ဦးတည်တတ်ပါတယ်။

Agile ကို စတင်ကျင့်သုံးတဲ့အခါ ကြုံတွေ့ရတတ်တဲ့ Challenges တွေကို ကြုံဖူးသလောက်နဲ့ လေ့လာမိသလောက် ဝေမျှချင်ပါတယ်။

(၁) Product Team တစ်ခုလုံးက Agile Transformation ရည်ရွယ်ချက်နဲ့ ပန်းတိုင်ကို သိဖို့လိုပါတယ်။ Agile ဘာလဲ၊ ဘာလို့ပြောင်းတာလဲ၊ ဘာတွေပိုအကျိုးရှိမလဲဆိုတာကို နားလည်ဖို့လိုပါတယ်။ Top Down နည်းနဲ့ Management က Agile ပြောင်းဖို့ တိုက်တွန်းလို့ ပြောင်းဖြစ်ခဲ့ပေမယ့်၊ လက်တွေ့ Run မယ့် လူတွေက အပြည့်အဝပါမလာရင်၊ Agile Mindset ကို မသွင်းနိုင်ကြရင် Fully Agile ပြောင်းဖို့ မလွယ်ပါဘူး။ ရလဒ်က Team မှာ အချို့တဝက်က Agile ကို သွားနေပေမယ့် အချို့က Waterfall နဲ့ တင်းခံနေတာမျိုးတွေ ကြုံရတတ်ပါတယ်။

(၂) Top Management Support လိုပါတယ်။ Agile ပြောင်းလိုက်တဲ့အခါ အရင်နဲ့ လုပ်ပုံလုပ်နည်းတွေ မတူတော့ပါဘူး။ တစ်နှစ်စာ Plan အသေးစိတ်ကြိုဆွဲခိုင်းတာမျိုး၊ Timeline အသေးစိတ်တောင်းတာမျိုး၊ ဘယ်တော့ဘာပြီးမှာလဲ တစ်နှစ်စာ Gant Chart လိုချင်တာမျိုးတွေ မရတော့ပါဘူး။ ဒါက Botton Up နဲ့ Agile ပြောင်းဖို့ ကြိုးစားတဲ့အခါ အများဆုံးကြုံရတဲ့ အခက်အခဲဖြစ်ပါတယ်။ Top Down နည်းနဲ့ Agile Transformation လုပ်ရင်တော့ Top Management Support ရလို့ အဆင်ပြေတတ်ပေမယ့် – ခဏပဲ Support လုပ်ပြီး သူတို့ကိုယ်တိုင်က Agile နည်းကို မထူးဘူးလို့ ထင်လာတာမျိုး၊ Timeline နဲ့ Push လုပ်ရတာကို ပိုကြိုက်တာမျိုးတွေနဲ့ ဆက် Support မလုပ်တော့ရင်လည်း လမ်းတဝက်မှာ ဒုက္ခရောက်တတ်ပါတယ်။

(၃) Organization တစ်ခုလုံးကလည်း Agile Transformation ကို နားလည်၊ လက်ခံဖို့၊ ပူးပေါင်းပါဝင်ဖို့ လိုပါတယ်။ Agile Transformation ဆိုတာ Tech Team / Product Team တစ်ခုကပဲ လုပ်ထုံးလုပ်နည်းတွေ ပြောင်းလဲလိုက်ရုံမဟုတ်လို့ပါ။ Organization ကပါ Agile သွားတဲ့ပုံစံကို နားမလည်ရင်၊ Agile Mindset ကို လက်မခံနိုင်ရင် Product Team မှာ Pressure တွေ၊ Blockers တွေ များလာပါလိမ့်မယ်။

(၄) Agile Transformation အတွက် အချိန်ရော၊ Coaching နဲ့ Training ရောကို Invest မလုပ်လိုကြတာလည်း တွေ့ရတတ်ပါတယ်။ အရင်ကရှိပြီးသား Project Manager ကို Scrum Master ပြောင်းခိုင်း၊ Agile နဲ့ Run ဖူးတဲ့ Product Owner ခန့်ပြီး Agile နည်းဆီ မြန်မြန်ဆန်ဆန်ပြောင်းဖို့ ကြိုးစားတာမျိုးပါ။ Organization မှာ လူတစ်ယောက်လောက်ကပဲ Agile သိရုံနဲ့ Agile ဖြစ်ဖို့ မလွယ်ပါဘူး။ အချက် (၁) (၂) (၃) မှာ ပြောခဲ့သလို Product Team ရော၊ Top Management ရော၊ အခြား Department တွေပါ Agile ကိုတကယ်လက်ခံပြောင်းလဲဖို့က အသီးသီးဆီမှာ ရှိသင့်တဲ့ Knowledge Level ထိရှိအောင် Educate လုပ်ဖို့ကို ထည့်သွင်းစဥ်းစားသင့်ပါတယ်။ ဝန်ထမ်းတွေကို Training Program ပေးတာ၊ ဝန်ထမ်းအသစ်ထပ် Invest လုပ်တာ၊ Coach ငှားတာတွေက ရွေးချယ်နိုင်တဲ့ နည်းလမ်းတွေပါ။

(၅) Agile ရဲ့ ကောင်းကျိုးတွေကိုပဲ လေ့လာပြီး အလုံးစုံတစ်ခါတည်း ပြောင်းဖို့၊ အမြန်ဆုံးပြောင်းဖို့ကို ကြိုးစားတတ်ကြပါတယ်။ တတ်နိုင်သလောက် Team အသေးလေးဖွဲ့ပြီး Pilot အဆင့်နဲ့ စတင်၊ Experiment လုပ်ရင်းနဲ့မှ Team အသေးရဲ့ပြောင်းလဲတိုးတက်မှုကို မြင်သာအောင်လက်တွေ့ပြပြီး၊ Lesson Learn လုပ်ရင်းမှ၊ တဖြည်းဖြည်း အားလုံးကို Agile Transformation ဖြစ်ဖို့ ကြိုးစားတာက Risk လည်းပိုနည်းပြီး ပိုလည်း ထိရောက်နိုင်ပါတယ်။
----

လောလောဆယ် ကျွန်တော် တွေ့ကြုံဖူးသလောက်ရေးထားတာပါ။ မိမိ Organization မှာ Agile Transformation လုပ်ခဲ့တဲ့ အတွေ့အကြုံရှိရင်လည်း ဘာတွေက Success ဖြစ်ပြီး၊ ဘာတွေ Fail ဖြစ်ခဲ့လဲဆိုတာ lesson learn လုပ်နိုင်အောင် ဝေမျှပေးဖို့ တောင်းဆိုပါတယ်။

နောက်ထပ် ဖတ်ချင်တဲ့ Topic တွေရှိရင်လည်း ဒီ Google Form ကနေတဆင့် အကြံပေးနိုင်ပါတယ်။ ProductBaze မှ Product သမားအချင်းချင်း idea တွေ၊ knowledge နဲ့ experience တွေ share ဖို့ နွေးနွေးထွေးထွေးဖိတ်ခေါ်ပါတယ်။ ProductBaze အကြောင်း (၁) မိနစ်စာ မိတ်ဆက် post ကို ဒီ Link မှာ ဖတ်လို့ရပါတယ်။ ProductBaze ကို ဆက်သွယ်ချင်ရင် productbaze@gmail.com သို့ ပေးပို့ ဆက်သွယ်နိုင်ပါတယ်။

Follow us on Facebook and Linkedin for the latest updates.

Comments

Blogger said…
အရမ်းကောင်းတဲ့ Article လေးမို့စာရေးသူကိုကျေးဇူးတင်ပါတယ် ရှင်။

Popular Posts

အသုံးများတဲ့ Product Testing တွေ

Webinar တစ်ခုမှာ Product Testing တွေအကြောင်းထည့်ပြောတော့ နောက်ဆုံးအမေးအဖြေအချိန်မှာ အမေးခံရဖူးတာလေး မှတ်မှတ်ရရရှိလို့ပါ။ “A/B Testing ဆိုတာ Alpha Testing, Beta Testing ကို ပြောတာလား” ဆိုတဲ့ မေးခွန်းပါ။ သိတဲ့သူအတွက်တော့ ဘာမှမဆိုင်တဲ့ Testing တွေမှန်း တန်းသိနိုင်ပေမယ့် တစ်ဖက်မှာလည်း မေးလည်းမေးချင်စရာ အခေါ်အဝေါ်က ခပ်ဆင်ဆင်တူနေတာကိုးလို့ တွေးမိပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ မကြာမကြာလည်း ပြောဖြစ်ကြပြီး၊ အသုံးလည်းများ၊ အသုံးလည်းဝင်တဲ့ Alpha Testing, Beta Testing နဲ့ A/B Testing တို့အကြောင်းကို တီးမိခေါက်မိအောင် ရေးချင်ပါတယ်။ Feature Development တွေပြီးတဲ့အခါ Product Owner နဲ့ Development Team တွေ User Acceptance Testing (UAT) ကို အတူတကွ ပြုလုပ်ကြပါတယ်။ QA က အဓိက Test တာဖြစ်နိုင်ပေမယ့် အားလုံးက ပူးပေါင်းလုပ်ဆောင်ကြရတာပါ။ Product (သို့) Feature က UAT လည်းပြီးပြီ၊ Release လုပ်တော့မယ်လို့ စ Plan တဲ့အခါ Alpha Testing နဲ့ Beta Testing အခန်းကဏ္ဍဆီ ရောက်ပါတယ်။ Alpha Testing Alpha Testing ဆိုတာ လွယ်လွယ်ပြောရရင် ကိုယ့်လူနဲ့ကိုယ် အရင်စမ်းသပ်တဲ့ Testing အမျိုးအစားပါ။ မိမိရဲ့ Software

SMART Goal ဘယ်လိုတည်ဆောက်မလဲ

Personal အတွက်ဖြစ်စေ၊ လုပ်ငန်းခွင်မှာဖြစ်စေ.. ရည်မှန်းချက်ကြီးမားတာ ကောင်းပေမယ့် ကိုယ်စိတ်ကူး ပေါ်ရာ ကိုယ်ဖြစ်ချင်ရာ ရည်မှန်းချက်တွေ ရမ်းသမ်းချမှတ်တာက လက်တွေ့မကျတဲ့၊ ချသာ ချမှတ်ထားပြီး အသုံးမဝင် Effective မဖြစ်တဲ့ ရည်မှန်းချက်တွေ ဖြစ်နေနိုင်ပါတယ်။ မဖြစ်နိုင်တဲ့ Goal နောက်ကိုလိုက်ရင်း ရင်းနှီးမြှုပ်နှံရတဲ့ အချိန်တွေ၊ ငွေကြေးတွေ၊ Resource တွေလည်း ဆုံးရှုံးမှုတွေဖြစ်စေနိုင်ပါတယ်။ “SMART Goal ဖြစ်ဖို့တော့ လိုမယ်နော်” ဆိုတဲ့ စကားမျိုး ကြားဖူးကြပါလိမ့်မယ်။ SMART Goal ဆိုတဲ့ concept ကို စီးပွားရေးလောက၊ Marketing အပြင် နယ်ပယ်အသီးသီးမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုကြပါတယ်။ SMART Goal ဆိုတာ တိုတိုပြောရရင် တိကျရှင်းလင်းပြီး လက်တွေ့ကျတဲ့ Goal တွေချမှတ်ခြင်းလို့ ပြောနိုင်ပါတယ်။ မိမိ Business အတွက်၊ Product အတွက်၊ Team အတွက်၊ Personal အတွက် Goal တွေ ချမှတ်တဲ့အခါ လက်တွေ့ဖြစ်နိုင်ချေရှိတဲ့ ရည်မှန်းချက်ကို သေချာသတ်မှတ်ပေးနိုင်တဲ့ SMART Objective နည်းလမ်းကို သုံးကြည့်သင့်ပါတယ်။ SMART Goal ဆိုတာက ကိုယ့်ချမှတ်ရေးဆွဲမယ့် Goal တွေက S (Specific) - ဘာကိုရရှိအောင်လုပ်မယ်ဆိုတာ တိတိကျကျဖြစ်ရမယ် M (

Cross-Functional Team အကြောင်း တစေ့တစောင်း

Cross-functional Team ဆိုတာ အပြောလည်းများသလို အသုံးလည်းများပါတယ်။ Product Team တွေမှာလည်း Cross-functional Team ပုံစံကို တော်တော်များများ အသုံးပြုကြပါတယ်။ ProductBaze ဆောင်းပါးအချို့မှာလည်း ထည့်ရေးဖူးပြီး၊ Product Squad ဆောင်းပါးမှာ Squad တည်ဆောက်ပုံက Cross-functional Team ပုံစံကို အခြေခံတဲ့အကြောင်းရေးရင်းနဲ့ Cross-functional Team အကြောင်းလေးကိုပါ မိတ်ဆက်ပေးဖို့ ဖြစ်လာပါတယ်။ ပုံမှန် Organization တွေမှာ Department တွေ, Team တွေက လုပ်ငန်းသဘောသဘာဝ တူညီရာ (Tech, Marketing, Sales, Operation…) စသဖြင့် အသီးသီး ဖွဲ့စည်းထားကြပြီး ဖွဲ့စည်းပုံကလည်း အထက်ကနေ အောက် Hierarchy အတိုင်းဖြစ်ကြပါတယ်။ Decision တစ်ခုလိုအပ်ရင်လည်း Hierarchy အတိုင်း အပေါ်ကို ပြန်တက်ပြီး Request လုပ်ကြရသလို၊​ Company တစ်ခုထဲက Team အသီးသီးက အခြား Department တွေ ဘာလုပ်နေလဲဆိုတာ သိဖို့ ထင်သလောက် မလွယ်ကူပါဘူး။ Silos Team (တသီးတသန့် အလုပ်လုပ်တဲ့ Team) တွေ ဖြစ်လာပြီး Direction တွေ ညှိရခက်တတ်ပါတယ်။ Cross-functional Team ဆိုတာက Organization ထဲမှာ ကျွမ်းကျင်မှုမတူ (သို့မဟုတ်) ဌာနမတူတဲ့ လူတွေကို Team အနေနဲ့ဖွဲ့ပေးပြီး Project တစ်

ကိုယ့် Boss ကို ဘယ်လို Manage လုပ်မလဲ

“Manage My Boss” ဆိုတဲ့ ခေါင်းစဉ်ကြီးဖတ်လိုက်ရလို့ တမျိုးကြီးဖြစ်သွားမယ်ထင်ပါတယ်။ သို့ပေမယ့် ကျွန်တော် အခုပြောပြမယ့် “How to Manage your Boss” က Management အကြောင်း လေ့လာတဲ့အခါတွေမှာလည်း ပါဝင်လေ့ရှိသလို အပြင်လုပ်ငန်းခွင်မှာလည်း တကယ်အရေးပါတဲ့ ကိစ္စရပ်ပါပဲ။ ကိုယ်ကိုယ်တိုင်က Middle Management Level လို့ပြောကြတဲ့ Manager ဖြစ်နေမယ်၊ ကိုယ့်အောက်မှာ Team Members တွေရှိသလို၊ ကိုယ့်အပေါ်မှာလည်း ကိုယ် Report လုပ်ရတဲ့ Senior Manager သော်လည်းကောင်း၊ Head သော်လည်းကောင်း၊ C-Level သော်လည်းကောင်း ကိုယ့် Boss ရှိမယ်ပေ့ါ။ Management Term အရဆိုရင် ကိုယ့် Team ကို Manage လုပ်ရတာကို “Managing Down” or “Downward Management” လို့ ခေါ်ပြီး၊ ကိုယ့် Boss ကို Manage လုပ်တာကို “Managing Up” or “Upward Management”လို့ခေါ်ပါတယ်။ အဲ့တော့ အခုဆွေးနွေးမှာက Upward Management အကြောင်းပါ။ အိုကေ… ကိုယ့် Boss ကို ဘယ်လို Manage လုပ်တာလဲ??? ကိုယ်က Manage လုပ်ခံရမှာမဟုတ်ဘူးလား??? ကိုယ့်အတွက်ရော ဘယ်လို အကျိုးရှိမှာလဲ??? “Boss ကို Manage လုပ်တယ်ဆိုတာ ဘာလဲ” ကနေ စရအောင်ပါ။ Boss ကို Manage လုပ်တဲ့ အဓိက Goal က Boss ကို အပြည

Product Death Cycle ထဲမဝင်မိအောင်

User-centric Product ဖြစ်ဖို့ ကိုယ့် User တွေရဲ့ Feedback တွေကို အမြဲနားထောင်ပြီး လိုအပ်ချက်တွေ ဖြည့်ဆည်းဖို့၊ Product ကို Improve လုပ်သွားဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် ကိုယ့် Existing User တွေက အတောမသတ်နိုင်တဲ့ Feature Request တွေ၊ Changes တွေကို တောင်းဆိုနေ၊ Feedback တွေ ပေးနေခဲ့ရင်ရော? ဒါနဲ့ပတ်သက်ပြီး Product သမားတိုင်း သတိထားမိသင့်တဲ့ စိတ်ဝင်စားစရာ Product Death Circle ဆိုတဲ့ Concept အကြောင်းကို ဝေမျှချင်ပါတယ်။ Feature Factory Product နဲ့လည်း ဆက်စပ်နေတာမို့ စိတ်ဝင်စားရင် ProductBaze က ရေးသားခဲ့တဲ့ Feature Factory Product ဆောင်းပါးကို ဖတ်ကြည့်ဖို့ တိုက်တွန်းပါတယ်။ “Product Death Cycle” ဆိုတဲ့ အခေါ်အဝေါ်ကို Silicon Valley မှာရှိတဲ့ နာမည်ကြီး Author နဲ့ Founder ဖြစ်သူ David Bland က Twitter မှာ ဒီပုံလေးတင်ပြီး ဝေမျှခဲ့ရာကနေ စတင်ပါတယ်။ Product မှာ New User တွေ ရဖို့ခက်ခဲနေတယ်၊ ဘယ်သူမှ သိပ်လာမသုံးကြဘူး။ ဒီအခါ ရှိပြီးသား User တွေကို ဘာအဆင်မပြေလို့လဲ၊ ဘာ Feature တွေ လိုအပ်နေလဲ စသဖြင့် Feedback တွေ တောင်းကြလေ့ရှိပါတယ်။ User တွေကပေးတဲ့ Feedback ပေါ်မူတည်ပြီး Product ကို ပြင်ဆင်ကြ