Skip to main content

Burnout ဘဝကရုန်းထွက်ကြမယ် (FXXK IT)



Burnout ကနေ ဘယ်လိုရုန်းထွက်ကြမလဲ?

ဘာကြောင့် Burnout ဖြစ်ကြတာလဲကတော့ အရင်အပတ်မှာ ဆွေးနွေးပြီးပြီဆိုတော့ ဖြေဆေးဖြစ်တဲ့ ဘယ်လိုရုန်းထွက်ကြမလဲ ကို ဆက်ဆွေးနွေးသွားရအောင်...

ကြိုပြောပြထားချင်တာကတော့ ကျွန်တော်က သေချာပေါက် ပျောက်အောင်ကုပေးနိုင်မယ့် Psychiatrists လဲမဟုတ်သလို၊ ခင်ဗျားလိုက်လုပ်အောင်လဲ စကားလုံးလှလှပြောပေးမယ့် Motivational Speaker လဲမဟုတ်ပါဘူး။ ကျွန်တော်တကယ် ကြုံတွေ့ဖူးပြီး ကိုယ့်ကိုကိုယ် အကောင်းဆုံး လမ်းကြောင်းပေါ်ပြန်ရောက်အောင် ဘယ်လိုဖြတ်သန်းခဲ့လဲဆိုတာကိုဘဲ ဝေမျှပေးချင်တာပါ။


ကဲ... စကြရအောင်

ပထမဆုံး Burnout ဖြစ်ပြီဆိုရင်… ကျွန်တော်တို့ အရင်ဆုံးကြုံရတာက ကိုယ့်ဘာသာကိုယ် ဘာဖြစ်နေမှန်းမသိတာပဲ…

ဒါပေမယ့်...အဓိက သတိထားမိမှာက…
  1. Productivity မဖြစ်တော့ဘူးလို့ထင်မယ်
  2. ဘာပဲလုပ်လုပ် ကိုယ့်ဘာသာကိုယ် အလကားမဲ့ ပင်ပင်ပန်းပန်းလုပ်နေရတယ်ထင်မယ်
  3. Motivation မရှိ၊ လုပ်နေတာတွေအကုန်လုံး ဘဝင်မကျသလို ဖြစ်မယ်
  4. အရာရာတိုင်းမှာ အကြောင်းမဲ့ စိုးရိမ်စိတ်တွေရှိနေမယ်
“လူတွေထဲက လူမဖြစ်တော့ဘူး” လို့ ထင်နေမိမယ်။ ဒါတွေဖြစ်လာရင်ဘယ်လို လုပ်ကြမလဲ?

၁။ ကိုယ့်အကြောင်းကိုယ်သိ
ကျွန်တော်တို့ လူရယ်လို့ဖြစ်လာရင် ငယ်ငယ်လေးထဲက မိဘ အသိုင်းအဝိုင်းတွေက သူတို့သတ်မှတ်ထားတဲ့ ဘောင်ထဲမှာပဲ နေခိုင်းကြတယ်။ ဆယ်တန်းပြီးရင် ဆရာဝန်ဖြစ်အောင်လုပ်၊ ကြီးလာရင် အလုပ်ကောင်းကောင်းမှာ ဝင်လုပ်၊ အိမ်ထောင်ပြု ကလေးမွေး ဒီ Life Cycle ထဲမှာပဲ Safe Side ဖြစ်အောင်နေဖို့ သွန်သင်ခံခဲ့ရတယ်။ ဒါ့အပြင် မကောင်းတာက ကိုယ့်ဘေးနားကလူတွေနဲ့ပါ အပြိုင်အဆိုင်နေခိုင်းတယ်။ ကျောင်းစာတုန်းကလည်း အတန်းထဲက ဘယ်သူက ဘယ်လောက်အမှတ်ရတယ်၊ မင်းက ောက်သုံးမကျဘူး။ လုပ်ငန်းခွင်ထဲရောက်တော့ ဘယ်သူက မင်းထက် ပိုလခရတယ်၊ မင်းက ဒီရာထူးနိမ့်ကမတက်ဘူး။ အိမ်ထောင်ကျတော့လည်း သူများလင်မယားတွေ ကံကောင်းကြတယ်၊ ငါတို့ကျတော့ ကံဆိုးလိုက်တာ။ ဒါတွေပဲ ပတ်ချာလိုက်နေပြီးတော့ မုဒိတာမပွားနိုင် ဖြစ်လာတော့တာပါပဲ။

“You are what you think you are” … အရင်ဆုံးကိုယ့်အကြောင်းကိုယ်သိတာအကောင်းဆုံးပါ။ မွေးကတည်းက အရာရာမတူတာကို သတိဝင်ပါ။ ကိုယ့်ဘာသာကိုယ် ဘာလုပ်ချင်လဲ သိဖို့က သူများ ဘာလုပ်နေလဲ သိတာထက် အများကြီး တန်ဖိုးရှိပါတယ်။ အဲ့တော့ ပထမဆုံးလုပ်ရမှာက ဘေးလူတွေအမြင်ကို ဖယ်ထုတ်ပြီး ကိုယ့်အကောင်းကိုယ် ပြန်စဉ်းစားကြည့်ဖို့ပါ။

ကျွန်တော်တုန်းက… “ငါ့ရဲ့ Life Goal ကဘာလဲ၊ ငါဘာကြောင့် အခုနေရာရောက်နေတာလဲ၊ ငါလုပ်ချင်နေတာက ဘာလဲ” ဆိုတာကို အရင်ပြန်စဉ်းစားပါတယ်။

၂။ အမှန်အကယ် လက်ခံ
ကိုယ့်အကြောင်းကိုယ်သိပြီးသွားရင် နောက်တစ်ဆင့်အနေနဲ့က Burnout ဖြစ်နေတာကို လက်ခံလိုက်တာပါ။ “ငါတော့ ဒါတွေ လုပ်လို့… ဒါတွေဖြစ်နေပြီ” ဆိုတာကို ကိုယ့်စိတ်ထဲက လက်ခံဖို့ပါပဲ။ ခင်ဗျားအဲ့တာကိုမှ လက်မခံနိုင်ပဲ အပေါ်ယံပဲ ပေါ့ပေါ့ပါးပါးနေနေမယ်၊ Burnout မဖြစ်အောင်နေနည်းတွေလိုက်ဖတ်၊ Motivation Speech တွေက ကုစားသွားလိမ့်မယ်လို့ ယုံကြည်နေရင်တော့ သေချာတယ် နောက်တစ်ခေါက် ထပ်ဖြစ်နိုင်ချေ အရမ်းများပါလိမ့်မယ်။ အဲ့တော့ ကိုယ့်လက်ရှိအခြေအနေကို လက်ခံဖို့က အဓိက အရေးကြီးတဲ့ အချက်ပါပဲ။

၃။ ခဏတဖြုတ် အနားယူ
Burnout ဖြစ်တဲ့အခါမှာ ကျွန်တော့်အယူအဆအမှားတစ်ခုက ရုပ်ရှင်ထဲမှာ ပြောတတ်ကြသလို “အလုပ်နဲ့ကုစားသွားမယ်” တို့ ဘာတို့ ပေါ့။ ငါ အာရုံတစ်ခုခု ကိုလွှဲလိုက်ရင် အဆင်ပြေသွားမှာပါဆိုပြီး ယူဆခဲ့တယ်။ အဲ့ဒါ လုံးဝအဆင်မပြေပါဘူး။ ဒီတစ်ခုမှာတင် စိတ်ရော ကိုယ်ပါ ပင်ပန်းနေတာကို နောက်တစ်ခုနဲ့ အစားထိုးလည်း ယာယီပဲ အဆင်ပြေပါလိမ့်မယ်။ အဲ့ဒါကြောင့် Burnout ဖြစ်လာရင် အနားယူဖို့ စဉ်းစားကြည့်ပါ။ အနားယူပါဆိုရင် အိပ်ယာထဲ ခွေနေဖို့ပဲ မဆိုလိုဘဲ စိတ်အပန်းဖြေနည်း၊ ခန္ဓာကိုယ်အပန်းဖြေနည်း နှစ်ခုစလုံးကို try သင့်ပါတယ်။ ရုံးမသွားပဲ ဖုန်းပိတ်နေကြည့်၊ အပြင်လျှောက်သွား၊ တစ်ယောက်တည်း အချိန်ဖြုန်း၊ တရားထိုင် / Yoga ဆော့... အများကြီး try ကြည့်လို့ရပါတယ်။ ဒါပေမယ့် ကိုယ်လုပ်ချင်တာ ဖြစ်ဖို့က အရေးကြီးပါတယ်။ ကျွန်တော်စိတ်ဖြေနည်းတွေထဲက တစ်ခုကတော့ လိုသည်ရှိ၊ မလိုသည်ရှိ တစ်ခုခု ကောက်ဝယ်ပလိုက်တာပါပဲ။

၄။ တစ်ခုခုလေ့လာ
တစ်နေရာမှာ Burnout ဖြစ်နေရင်တော့ နောက်ထက် စိတ်ဝင်စားတာတွေ လိုက်ရှာ လေ့လာကြည့်ပါ။ ဒီ 9-5 အလုပ်ထဲမှာပဲ အချိန်ကုန်နေတော့ ကိုယ့်ရဲ့ Hobby တွေ၊ Adventure တွေ အတွက် အချိန်မပေးနိုင်ဖြစ်တတ်ပါတယ်။ အဲ့ဒါကြောင့် Learn Something New လုပ်ကြည့်ပါ။ Guitar တီးသင်မလား၊ ရေကူးနည်းသင်မလား၊ ဒါမှမဟုတ် Management အကြောင်းလေ့လာမလား၊ အများကြီးထဲက ကိုယ်စိတ်ဝင်စားတဲ့ Topic တစ်ခုခုကို သင်ယူလေ့လာဖို့ အချိန်ပေးကြည့်ပါ။ ကျွန်တော့်ရယ်စရာ အဖြစ်အပျက်တစ်ခုကို ရှယ်ပေးချင်တယ်ဗျ။ သူများတွေဆို Career ကောင်းအောင်၊ လခကောင်းအောင်၊ ဘွဲ့ယူကြတယ်။ ကျွန်တော် MBA ဘာကြောင့်ယူခဲ့လဲဆိုရင် ကျွန်တော့် အရင်အလုပ်က Manager က MBA ဘွဲ့ရ... သူရဲ့ Leadership ကိုမကြိုက်လို့၊ သူ့ကိုပြန်ပြောနိုင်အောင် ဘွဲ့ယူဖို့ စခဲ့တာပဲ... ကျွန်တော့်ရဲ့ Source of Interest ဖြစ်ခဲ့တာပေါ့... အဲ့တော့ ကိုယ့် Passion ဖြစ်လာနိုင်တဲ့ Skills or Topic တစ်ခုခုကို လေ့လာကြည့်ဖို့ အားပေးပါတယ်။

၅။ Boss နဲ့ One-to-One
ရန်ဖြစ်ခိုင်းတာမဟုတ်ဘူးနော်...ခင်ဗျားက တစ်ယောက်ယောက်ကို ရင်ဖွင့်ရတာကို ပိုအားရတယ်ဆိုရင် ခင်ဗျား Line Manager နဲ့ Consultation Session တစ်ခုလောက်လုပ်ကြည့်ဗျ။ တချို့ Line Manager တွေကတော့ Monthly One-to-One Meeting လုပ်လေ့ရှိတယ်။ မလုပ်ဖြစ်ဘူးဆိုရင်တော့ သူ့ကို Request လုပ်ကြည့်ပေါ့။ ဘာကြောင့် Line Manager နဲ့ လုပ်ခိုင်းတာလဲ... သူငယ်ချင်း ဒါမှမဟုတ် ကိုယ့်ဘေးနားကလူတွေနဲ့ကော??? ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျား Line Manager က ခင်ဗျား အလုပ်ကို လုပ်လာရတဲ့လူ၊ ခင်ဗျားနေရာကနေ အခုနေရာ ရောက်လာသူပါ။ ခင်ဗျား ကြုံနေတဲ့ Burnout တွေကို သူလည်းဖြတ်သန်းခဲ့ရမှာပဲ။ အဲ့တော့ အထိရောက်ဆုံး ရင်ဖွင့်ချင်ရင်တော့ သူ့ကို အကူအညီတောင်းကြည့်... အစောကြီးကတည်းက ကျွန်တော် ရင်ဖွင့်ပါရစေလို့ ကြို request လုပ်ထား။ Feedback ပေးမယ့်လူကို ငြင်းရင်တော့ အဲ့လူ Manager ကောင်းတစ်ယောက်မဟုတ်လို့ပါပဲ။

၆။ အခြေခံက ပြန်စ
နောက်ဆုံးတစ်ခုကတော့ ဖြစ်နေတဲ့ အဆင်မပြေမှုတွေကို ၁ က ပြန်စကြည့်ဖို့ပါ။ Reset ခလုတ်လေးကို နှိပ်ကြည့်ဖို့ပေါ့။ ခင်ဗျားမှာ Problem တွေရှိတယ်၊ တစ်ခုချင်းစီ ဘယ်လိုဖြေရှင်းမလဲ Plan လုပ်။ Milestone တွေ Goal တွေထား။ တစ်ခု ရှင်းပြီးတိုင်း လည်း ကိုယ့်ဘာသာကိုယ် ဂုဏ်ယူ၊ Celebrate လုပ်။ ခဏ ခဏ အနားယူဖို့ မမေ့နဲ့ (ခင်ဗျားဟာ Elon Musk မဟုတ်ရင်ပေါ့)။ Milestone တွေက ကြီးဖို့မလိုပါဘူး... တစ်နိုင်တစ်ပိုင် ပမာဏလေးတွေဆိုတော့ တစ်ခုပြီးတိုင်း တစ်ခု Celebrate ရင်း Motivation ပိုရစေပါတယ်။ Slow and Steady Wins the Race လို့ စကားတောင်ရှိသေးတာပဲ။

ကျွန်တော်တော့ အများကြီးဆွေးနွေးပြီးပြီ။ နောက်ဆုံးတစ်ခု ပြောချင်တာကတော့ ကျွန်တော်အကြိုက်ဆုံး စကားလေး… “Work to Live, Don’t Live to Work” တဲ့။ အားလုံးစိတ်ရောကိုယ်ရော အရမ်းပင်ပန်းစေတဲ့ Burnout တွေမဖြတ်သန်းရဘဲ ပျော်ရွှင်တဲ့ အချိန်တွေ ပိုင်ဆိုင်ပါစေဗျာ။

https://www.youtube.com/watch?v=zHMfmcIWXT8&t=434s

နောက်ထပ် ဖတ်ချင်တဲ့ Topic တွေရှိရင်လည်း ဒီ Google Form ကနေတဆင့် အကြံပေးနိုင်ပါတယ်။ ProductBaze မှ Product သမားအချင်းချင်း idea တွေ၊ knowledge နဲ့ experience တွေ share ဖို့ နွေးနွေးထွေးထွေးဖိတ်ခေါ်ပါတယ်။ ProductBaze အကြောင်း (၁) မိနစ်စာ မိတ်ဆက် post ကို ဒီ Link မှာ ဖတ်လို့ရပါတယ်။ ProductBaze ကို ဆက်သွယ်ချင်ရင် productbaze@gmail.com သို့ ပေးပို့ ဆက်သွယ်နိုင်ပါတယ်။

Follow us on Facebook and Linkedin for the latest updates.

Comments

Thet Tun said…
Thanks for the tips. It really helps.
Anonymous said…
Thank you, bro!
Thank you, bro. Glad it helps. :)
Linn Wai Phyo said…
Thanks for sharing. That is really helpful.

Popular Posts

အသုံးများတဲ့ Product Testing တွေ

Webinar တစ်ခုမှာ Product Testing တွေအကြောင်းထည့်ပြောတော့ နောက်ဆုံးအမေးအဖြေအချိန်မှာ အမေးခံရဖူးတာလေး မှတ်မှတ်ရရရှိလို့ပါ။ “A/B Testing ဆိုတာ Alpha Testing, Beta Testing ကို ပြောတာလား” ဆိုတဲ့ မေးခွန်းပါ။ သိတဲ့သူအတွက်တော့ ဘာမှမဆိုင်တဲ့ Testing တွေမှန်း တန်းသိနိုင်ပေမယ့် တစ်ဖက်မှာလည်း မေးလည်းမေးချင်စရာ အခေါ်အဝေါ်က ခပ်ဆင်ဆင်တူနေတာကိုးလို့ တွေးမိပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ မကြာမကြာလည်း ပြောဖြစ်ကြပြီး၊ အသုံးလည်းများ၊ အသုံးလည်းဝင်တဲ့ Alpha Testing, Beta Testing နဲ့ A/B Testing တို့အကြောင်းကို တီးမိခေါက်မိအောင် ရေးချင်ပါတယ်။ Feature Development တွေပြီးတဲ့အခါ Product Owner နဲ့ Development Team တွေ User Acceptance Testing (UAT) ကို အတူတကွ ပြုလုပ်ကြပါတယ်။ QA က အဓိက Test တာဖြစ်နိုင်ပေမယ့် အားလုံးက ပူးပေါင်းလုပ်ဆောင်ကြရတာပါ။ Product (သို့) Feature က UAT လည်းပြီးပြီ၊ Release လုပ်တော့မယ်လို့ စ Plan တဲ့အခါ Alpha Testing နဲ့ Beta Testing အခန်းကဏ္ဍဆီ ရောက်ပါတယ်။ Alpha Testing Alpha Testing ဆိုတာ လွယ်လွယ်ပြောရရင် ကိုယ့်လူနဲ့ကိုယ် အရင်စမ်းသပ်တဲ့ Testing အမျိုးအစားပါ။ မိမိရဲ့ Software

SMART Goal ဘယ်လိုတည်ဆောက်မလဲ

Personal အတွက်ဖြစ်စေ၊ လုပ်ငန်းခွင်မှာဖြစ်စေ.. ရည်မှန်းချက်ကြီးမားတာ ကောင်းပေမယ့် ကိုယ်စိတ်ကူး ပေါ်ရာ ကိုယ်ဖြစ်ချင်ရာ ရည်မှန်းချက်တွေ ရမ်းသမ်းချမှတ်တာက လက်တွေ့မကျတဲ့၊ ချသာ ချမှတ်ထားပြီး အသုံးမဝင် Effective မဖြစ်တဲ့ ရည်မှန်းချက်တွေ ဖြစ်နေနိုင်ပါတယ်။ မဖြစ်နိုင်တဲ့ Goal နောက်ကိုလိုက်ရင်း ရင်းနှီးမြှုပ်နှံရတဲ့ အချိန်တွေ၊ ငွေကြေးတွေ၊ Resource တွေလည်း ဆုံးရှုံးမှုတွေဖြစ်စေနိုင်ပါတယ်။ “SMART Goal ဖြစ်ဖို့တော့ လိုမယ်နော်” ဆိုတဲ့ စကားမျိုး ကြားဖူးကြပါလိမ့်မယ်။ SMART Goal ဆိုတဲ့ concept ကို စီးပွားရေးလောက၊ Marketing အပြင် နယ်ပယ်အသီးသီးမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုကြပါတယ်။ SMART Goal ဆိုတာ တိုတိုပြောရရင် တိကျရှင်းလင်းပြီး လက်တွေ့ကျတဲ့ Goal တွေချမှတ်ခြင်းလို့ ပြောနိုင်ပါတယ်။ မိမိ Business အတွက်၊ Product အတွက်၊ Team အတွက်၊ Personal အတွက် Goal တွေ ချမှတ်တဲ့အခါ လက်တွေ့ဖြစ်နိုင်ချေရှိတဲ့ ရည်မှန်းချက်ကို သေချာသတ်မှတ်ပေးနိုင်တဲ့ SMART Objective နည်းလမ်းကို သုံးကြည့်သင့်ပါတယ်။ SMART Goal ဆိုတာက ကိုယ့်ချမှတ်ရေးဆွဲမယ့် Goal တွေက S (Specific) - ဘာကိုရရှိအောင်လုပ်မယ်ဆိုတာ တိတိကျကျဖြစ်ရမယ် M (

Cross-Functional Team အကြောင်း တစေ့တစောင်း

Cross-functional Team ဆိုတာ အပြောလည်းများသလို အသုံးလည်းများပါတယ်။ Product Team တွေမှာလည်း Cross-functional Team ပုံစံကို တော်တော်များများ အသုံးပြုကြပါတယ်။ ProductBaze ဆောင်းပါးအချို့မှာလည်း ထည့်ရေးဖူးပြီး၊ Product Squad ဆောင်းပါးမှာ Squad တည်ဆောက်ပုံက Cross-functional Team ပုံစံကို အခြေခံတဲ့အကြောင်းရေးရင်းနဲ့ Cross-functional Team အကြောင်းလေးကိုပါ မိတ်ဆက်ပေးဖို့ ဖြစ်လာပါတယ်။ ပုံမှန် Organization တွေမှာ Department တွေ, Team တွေက လုပ်ငန်းသဘောသဘာဝ တူညီရာ (Tech, Marketing, Sales, Operation…) စသဖြင့် အသီးသီး ဖွဲ့စည်းထားကြပြီး ဖွဲ့စည်းပုံကလည်း အထက်ကနေ အောက် Hierarchy အတိုင်းဖြစ်ကြပါတယ်။ Decision တစ်ခုလိုအပ်ရင်လည်း Hierarchy အတိုင်း အပေါ်ကို ပြန်တက်ပြီး Request လုပ်ကြရသလို၊​ Company တစ်ခုထဲက Team အသီးသီးက အခြား Department တွေ ဘာလုပ်နေလဲဆိုတာ သိဖို့ ထင်သလောက် မလွယ်ကူပါဘူး။ Silos Team (တသီးတသန့် အလုပ်လုပ်တဲ့ Team) တွေ ဖြစ်လာပြီး Direction တွေ ညှိရခက်တတ်ပါတယ်။ Cross-functional Team ဆိုတာက Organization ထဲမှာ ကျွမ်းကျင်မှုမတူ (သို့မဟုတ်) ဌာနမတူတဲ့ လူတွေကို Team အနေနဲ့ဖွဲ့ပေးပြီး Project တစ်

ကိုယ့် Boss ကို ဘယ်လို Manage လုပ်မလဲ

“Manage My Boss” ဆိုတဲ့ ခေါင်းစဉ်ကြီးဖတ်လိုက်ရလို့ တမျိုးကြီးဖြစ်သွားမယ်ထင်ပါတယ်။ သို့ပေမယ့် ကျွန်တော် အခုပြောပြမယ့် “How to Manage your Boss” က Management အကြောင်း လေ့လာတဲ့အခါတွေမှာလည်း ပါဝင်လေ့ရှိသလို အပြင်လုပ်ငန်းခွင်မှာလည်း တကယ်အရေးပါတဲ့ ကိစ္စရပ်ပါပဲ။ ကိုယ်ကိုယ်တိုင်က Middle Management Level လို့ပြောကြတဲ့ Manager ဖြစ်နေမယ်၊ ကိုယ့်အောက်မှာ Team Members တွေရှိသလို၊ ကိုယ့်အပေါ်မှာလည်း ကိုယ် Report လုပ်ရတဲ့ Senior Manager သော်လည်းကောင်း၊ Head သော်လည်းကောင်း၊ C-Level သော်လည်းကောင်း ကိုယ့် Boss ရှိမယ်ပေ့ါ။ Management Term အရဆိုရင် ကိုယ့် Team ကို Manage လုပ်ရတာကို “Managing Down” or “Downward Management” လို့ ခေါ်ပြီး၊ ကိုယ့် Boss ကို Manage လုပ်တာကို “Managing Up” or “Upward Management”လို့ခေါ်ပါတယ်။ အဲ့တော့ အခုဆွေးနွေးမှာက Upward Management အကြောင်းပါ။ အိုကေ… ကိုယ့် Boss ကို ဘယ်လို Manage လုပ်တာလဲ??? ကိုယ်က Manage လုပ်ခံရမှာမဟုတ်ဘူးလား??? ကိုယ့်အတွက်ရော ဘယ်လို အကျိုးရှိမှာလဲ??? “Boss ကို Manage လုပ်တယ်ဆိုတာ ဘာလဲ” ကနေ စရအောင်ပါ။ Boss ကို Manage လုပ်တဲ့ အဓိက Goal က Boss ကို အပြည

Product Death Cycle ထဲမဝင်မိအောင်

User-centric Product ဖြစ်ဖို့ ကိုယ့် User တွေရဲ့ Feedback တွေကို အမြဲနားထောင်ပြီး လိုအပ်ချက်တွေ ဖြည့်ဆည်းဖို့၊ Product ကို Improve လုပ်သွားဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် ကိုယ့် Existing User တွေက အတောမသတ်နိုင်တဲ့ Feature Request တွေ၊ Changes တွေကို တောင်းဆိုနေ၊ Feedback တွေ ပေးနေခဲ့ရင်ရော? ဒါနဲ့ပတ်သက်ပြီး Product သမားတိုင်း သတိထားမိသင့်တဲ့ စိတ်ဝင်စားစရာ Product Death Circle ဆိုတဲ့ Concept အကြောင်းကို ဝေမျှချင်ပါတယ်။ Feature Factory Product နဲ့လည်း ဆက်စပ်နေတာမို့ စိတ်ဝင်စားရင် ProductBaze က ရေးသားခဲ့တဲ့ Feature Factory Product ဆောင်းပါးကို ဖတ်ကြည့်ဖို့ တိုက်တွန်းပါတယ်။ “Product Death Cycle” ဆိုတဲ့ အခေါ်အဝေါ်ကို Silicon Valley မှာရှိတဲ့ နာမည်ကြီး Author နဲ့ Founder ဖြစ်သူ David Bland က Twitter မှာ ဒီပုံလေးတင်ပြီး ဝေမျှခဲ့ရာကနေ စတင်ပါတယ်။ Product မှာ New User တွေ ရဖို့ခက်ခဲနေတယ်၊ ဘယ်သူမှ သိပ်လာမသုံးကြဘူး။ ဒီအခါ ရှိပြီးသား User တွေကို ဘာအဆင်မပြေလို့လဲ၊ ဘာ Feature တွေ လိုအပ်နေလဲ စသဖြင့် Feedback တွေ တောင်းကြလေ့ရှိပါတယ်။ User တွေကပေးတဲ့ Feedback ပေါ်မူတည်ပြီး Product ကို ပြင်ဆင်ကြ